Author's Profile Photo

LY Cho

25/11/2024

ကြောက်စိတ်ကို ဘယ်လိုဖျောက်မလဲ

1 min read
Life Style
Personal Development
ကြောက်စိတ်ကို ဘယ်လိုဖျောက်မလဲ's photo

စာစုလေးတစ်ခု ဖတ်ဖူးတယ်။

"ပျင်းတာရယ်၊ကြောက်တာရယ် ဖယ်လိုက်ရင် တော်တော်များများက လွယ်ကူသွားလိမ့်မယ်တဲ့"

လူဆိုတာ ကြောက်စိတ်ဝင်လာရင် ခေါင်းထဲမှာ ပူထူနေပြီး အမှား၊အမှန်ကို ဝေဖန်ခွဲခြားမမြင်တော့ဘူး။ အမှားအယွင်းတွေ လုပ်မိတတ်တယ်။ သွေးရူးသွေးတမ်းနဲ့ မလုပ်သင့်တာတွေ လုပ်မိကြတယ်။

ကျွန်မတို့လူတွေမှာ ဘာကြောင့် ကြောက်စိတ်ဝင်တာလဲ....?

ရင်ဆိုင်ရမယ့်အရာ‌ကိုမသိလို့ ကြုံတွေ့ရမယ့်အခြေအနေကို ရင်းနှီးမှု မရှိသေးလို့ ကြောက်ကြတာပါ။

ဉပမာပြောရရင် မသွားဖူးတဲ့ လမ်းခရီးတစ်ခုကို သွားရမယ်။ လမ်းမှာ ဘာဖြစ်မလဲဆိုတာ မသိလို့ ကြောက်တာပါ။ သွားနေကျ လမ်းခရီးကိုကျတော့ မကြောက်တော့ဘူး။ဘာလို့လဲဆိုရင် အဲ့ဒီလမ်းခရီးကို ကျွမ်းကျင်သွားလို့ပေါ့။

ထိုနည်းတူပါပဲ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်သူ၊ အလုပ်အသစ်ဝင်မယ့်သူတစ်ယောက်ဟာ နိုင်ငံခြားက အလုပ်ခွင်သစ်မှာ ဘာပြဿနာနဲ့ရင်ဆိုင်ရမလဲဆိုပြီး တွေးကြောက်နေတယ်။

အခြေအနေတစ်ခုကို ကြောက်ရင် ကြောက်စိတ်ဖျောက်ဖို့ အဲ့ဒီ ကိုယ်ကြောက်တဲ့ အခြေအနေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပေးရမယ်။

ဉပမာပြောရရင် ကျောင်းသားတစ်ယောက်က စာမေးပွဲကိုကြောက်တယ်။ စာမေးပွဲဖြေခါနီးဆို ခြေဖျား၊လက်ဖျား အေးစက်လာကြတယ်။ သူ စာမရလို့လား။ မဟုတ်ဘူးနော်။ သူဟာ စာတွေကို ပိုင်အောင် ကျက်ထားပေမယ့် ကြောက်တာဟာ ဘာကြောင့်လဲ။

စာမေးပွဲမှာ အမှားအယွင်း အချွတ်အချော်ဖြစ်ပြီး မဖြေနိုင်မှာကို ကြောက်နေတာ။ အဲ့ဒါဆိုရင် ကိုယ်က စာမေးပွဲနဲ့ ရင်းနှီးကျွမ်းဝင်နေဖို့ လိုအပ်ပါတယ်။

အရင်က ကျွန်မဟာ Public မှာ စကားပြောရတာမျိုး၊ လူကြားထဲ စကားပြောရတာမျိုးဆို အရမ်းကြောက်ခဲ့တာပါ။ လူတောမတိုးတဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်မ ကျောင်း တက်ရင်း group project တွေ လုပ်ရတယ်၊ လူရှေ့မှာ presentation တွေ လုပ်ရတယ်။ အဲ့လို လုပ်ပါများ၊ ရင်းနှီးပါများတော့ လူတွေနဲ့စကားပြောရမှာ မကြောက်တော့ဘူး။

ကျွန်မတို့တွေ ကိုယ်ကြောက်တဲ့အရာနဲ့ ဘယ်လို ကျွမ်းဝင်အောင် လုပ်မလဲ....?

စာမေးပွဲကို ကြောက်တဲ့ ကျောင်းသားဟာ စာမေးပွဲနီးတာနဲ့ မေးခွန်းဟောင်းတွေကို တကယ်စာမေးပွဲဖြေသလို အချိန်သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်းပြီးအောင် ဖြေနိုင်အောင် လေ့ကျင့်ဖို့ပါ။

တစ်ကြိမ်၊ ဆယ်ကြိမ်၊ အကြိမ်တစ်ရာ ....အဲ့ဒီလို အကြိမ်ပေါင်းများစွာ လေ့ကျင့်မယ်ဆိုရင် တကယ့် စာမေးပွဲလည်း ဖြေရော ကြောက်စိတ်ဆိုတာ မရှိတော့ပါဘူး။ စိုးရိန်ပူပန်မှု မများတော့ဘူး။ စိတ်မလှုပ်ရှားတော့ဘူး။ ခေါင်းအေးအေးနဲ့ စာမေးပွဲကို ဖြေဆိုနိုင်မှာပါ။


အဆုံးသတ်ရရင် ကြောက်စိတ်ကို အကြိမ်ကြိမ်လေ့ကျင့်ခြင်းနဲ့ ဖျောက်လို့ရပါတယ်။

✍️နွေလရောင်မေ(25.11.24)/Monday

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး