Anna_Nyein
ဒီဆောင်းပါးလေးကတော့ English Speaking လေ့ကျင့်ရမှာကြောက်နေတဲ့သူလေးတွေအတွက်ရည်ရွယ်ပါတယ်ရှင်။
English စာလေ့လာတဲ့သူအများစုက English လိုပြောရမှာကိုကြောက်ကြပါတယ်။ အကြောင်းအရင်းကိုမေးလိုက်ရင်လည်း "မှားသွားမှာစိုးလို့"၊ "သူများလှောင်မှာစိုးလို့" စတဲ့ တစ်ဖက်လူဘယ်လိုမြင်သွားမလဲဆိုတာကို အရမ်းအာရုံစိုက်တတ်ကြပါတယ်။ ဒီလိုနဲ့ပဲ မပြောရဲ၊ မပြောရဲတော့ မပြောဖြစ်၊ အဲ့ကနေမှ မပြောတတ်တော့တာတွေဖြစ်ကုန်တာပေါ့ရှင်။
English လိုပြောရမှာ ကြောက်တဲ့သူတွေတိုင်းမှာ
• အတွေးလွန်တာ • ယုံကြည်မှုမရှိတာနဲ့ • အမှားလုပ်မိမှာစိုးတာ
ဆိုတဲ့ပြဿနာတွေရှိပါတယ်။
ဒီ (၃) ခုဟာ ကိုယ့်ရဲ့တိုးတက်မှုကို ပိတ်ပင်နေတဲ့အရာတွေလည်းဖြစ်ပါတယ်။
ဆိုတော့ ဒီအကြောက်တရားကိုဘယ်လိုကျော်လွှားကြမလဲ?
ဥပမာလေးတစ်ခုနဲ့စချင်ပါတယ်။
စာဖတ်သူလေးတွေ ဘာသာစကားတစ်ခုလေ့လာတဲ့အခါ 4 skills ဆိုတာရှိတယ်, ဟုတ်?
အဲ့ဒီမှာ စာဖတ်သူလေးက Reading တစ်ခုကိုပဲ အသားပေးပြီးလုပ်မယ်။ ကျန်တဲ့ Listening, Speaking, Writing တွေကို မလုပ်ပဲထားထားမယ်။ ဘာဖြစ်သွားမယ်ထင်လဲ?
လေ့ကျင့်ပေးတဲ့ Reading skill မှာပဲ level ထိုးတက်သွားမှာပေါ့ရှင်။
ဒီလိုပါပဲ speaking ပြောရမှာကြောက်လို့ဆိုပြီး speaking မလေ့ကျင့်ပဲချန်ထားခဲ့မယ်ဆို speaking skill ဟာနောက်ကျကျန်ခဲ့မှာပါ။ ဒီတော့ 4 skills စလုံးကို balance ညီအောင်ထားပြီး မျှမျှတတလေ့ကျင့်ပေးသင့်ပါတယ်။
Speaking လေ့ကျင့်နိုင်ဖို့အတွက်ဆို ကိုယ့်ဘက်က မှားမှာကြောက်တဲ့စိတ်၊ မပြောရဲတဲ့စိတ်တွေကို အရင်ဆုံးဖယ်ရှားနိုင်ဖို့လိုပါတယ်ရှင်။ မှားမှာကိုတော့မကြောက်ပါနဲ့နော်။ Learner တွေမှမဟုတ်ပါဘူး Native Speaker တွေတောင်အမှားလေးတွေလုပ်တတ်ကြပါတယ်။
အမှားကိုအမှားလို့မမြင်ပဲ သင်ယူရမယ့်အရာတွေလို့မြင်လိုက်ပါ။ အမှားတွေကိုထပ်ခါထပ်ခါမလုပ်မိအောင်သတိပြုရင်း သင်ယူသွားပါ။
ပထမဦးဆုံးစလေ့ကျင့်ဖို့ဆို
တစ်ဖက်လူဘယ်လိုမြင်မြင် ကိုယ် English လိုပြောနိုင်ဖို့အရေးကြီးပါတယ်။ ကိုယ်မှားသွားတယ်ထားဦး English လိုပြောလိုက်နိုင်တာကိုက ကိုယ့်အတွက်အောင်မြင်မှုသေးသေးလေးဖြစ်သွားပါပြီ။
ဆိုတော့
လေ့ကျင့်တယ်ဆိုတာ သေးသေးလေးကနေစပြီး ဒီလိုမျိုးတစ်ဆင့်ပြီးတစ်ဆင့်သွားရတာဖြစ်ပါတယ်ရှင်။
အန်နာ့အနေနဲ့ကတော့ Speaking လေ့ကျင့်တဲ့အခါ Learner အချင်းချင်းလေ့ကျင့်တာထက်စာရင် ဖြစ်နိုင်ရင် Native Speaker တွေနဲ့လေ့ကျင့်ကြည့်ဖို့တိုက်တွန်းပါတယ်။ Native Speaker တွေက အမှားတွေကိုပိုပြီးထောက်ပြနိုင်စွမ်းရှိတဲ့အတွက်ကြောင့်ပါ။
Learners အချင်းချင်း practice လုပ်ချင်တယ်ဆိုရင်တော့ telegram မှာ Tea Talk နဲ့ Hypen တို့လို speaking club တွေရှိပါတယ်ရှင်။
(အခြား speaking club တွေလည်းများစွာရှိပါသေးတယ်) join ကြည့်ပါ၊ ဝင်ပြောကြည့်ပါ။ ကိုယ့်ထက်ဆိုးတဲ့လူတွေလည်းရှိတဲ့အတွက် အားမငယ်ပါနဲ့။
အဆုံးသတ်အနေနဲ့ပြောချင်တာလေးကတော့
အတွေးလွန်ပြီးကြောက်မနေပဲ စလုပ်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်။
တစ်ခါလုပ်နိုင်သွားပြီဆိုရင် နောက်ထပ်လုပ်ကြည့်ဖို့က အရင်ကလောက်မခက်ခဲတော့တာကို စာဖတ်သူလေးတို့ မြင်တွေ့ရမှာပါ။ ဒီလိုပဲ ပြောရင်းပြောရင်းနဲ့ ပြောရဲသွားမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုတွေတိုးလာမှာဖြစ်ပါတယ်။
ဒီတော့ ကြောက်မနေပါနဲ့။ ပြောကြည့်ပါ၊ စလေ့ကျင့်ကြည့်ကြည့်ပါနော်။ မဟုတ်ရင် မပြောရဲဖြစ်နေတာနဲ့ နောက်ကျကျန်နေခဲ့ပါလိမ့်မယ်ရှင်။
ကိုယ်လုပ်နိုင်တယ်ဆိုတာကို အမြဲယုံကြည်ထားဖို့မှာချင်ပါတယ်...။
ဆောင်းပါးလေးကတော့ ဒီလောက်ပါပဲရှင် အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ?
အကြံပေးစရာများရှိပါက..?
Join my Tg Channel >> https://t.me/Sharing_Journey_by_Anna
- Anna_Nyein
241122 (8:03 PM)
Keep Reading