လုလင်ငယ်
ကျွန်တော်က ကလေး သာသာဗျ
တိမ်ကလေး တွေ ကို
လက်နဲ့ ဖမ်းစုပ်ပြီး
ကစားနေတာ။
ဧရာ၀တီမြစ်ကလဲ
လှလွန်းလိုက်တာ။
တစ်ချိန်
ကျွန်တော်က သူ့ကို
ထားခဲ့မယ် ဆိုတာ
မသိရှာဘူး။
အလှတရား ကို
ထိန်းသိမ်းပါ မြစ်ဧရာရေ။
တိမ်လေးနဲ့ ကစားပြီးရင်
မြစ်ရေ ထဲ လက်ကလေး စိမ်မယ်။
လေကြားထဲ တိုးတိုးပြောပြမယ်
မင်း ကို ငါ အရမ်း ချစ်တယ်။
17 . 10 . 2024
Keep Reading