M Min Nyo
နှစ်ပေါင်း (130) ကျော်အတွင်းမှာ၊ ပထမဆုံးအကြိမ်အဖြစ် ဖူဂျီတောင်မှာ နှင်းပွင့်တွေမကြွေတော့ကြောင်း သတင်းကြားလိုက်ရတယ်။ ဒါနဲ့ ဒီသတင်းဆောင်းပါးကို ရေးဖြစ်ခဲ့တာပေါ့။
This year, Japan’s iconic Mount Fuji stands surprisingly snow-less, marking the first time in 130 years of records that its slopes have been bare.
ဒီနှစ်(2024)မှာတော့ ဂျပန်နိုင်ငံရဲ့ အထင်ကရ ဖူဂျီတောင်ဟာ ဆီးနှင်းတွေကင်းစင်နေတာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ကြရတယ်။ နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်စောင်းတစ်လျှောက် ဆီးနှင်းဗလာဖြစ်နေတာကို တွေရပါတယ်။
Typically, Mount Fuji is known for its majestic snow-covered slopes throughout most of the year. Every fall, the volcano’s snowcap makes its appearance — usually during the first week of October.
ပုံမှန်ဆိုရင် ဖူဂျီတောင်ဆိုတာ တစ်နှစ်ပတ်လုံး နှင်းဖုံးနေတတ်တဲ့ တောင်စောင်းတွေကြောင့် လူသိများထင်ရှားတာ ဖြစ်ပါတယ်။ အောက်တိုဘာလရဲ့ပထမအပတ်အတွင်း၊ ဆောင်းဦးရာသီတိုင်းမှာ မီးတောင်ရဲ့ဆီးနှင်းဖုံးနေမှုဟာ အသိသာအထင်ရှားဆုံးဖြစ်ပါတယ်။
Last year, snow was first spotted on the peak as early as October 5, but this year has been different.
မနှစ်က၊ အောက်တိုဘာ ၅ ရက်အစောပိုင်းမှာ၊ တောင်ထိပ်ပေါ် ဆီးနှင်းကျတာကို တွေ့ခဲ့ကြရပေမယ့်၊ ဒီနှစ်မှာတော့ လုံးဝကွယ်ပျောက်နေခဲ့ပါပြီ။
?️ Missing snow on Mount Fuji ?️
(နှင်းမကျတော့တဲ့ ဖူဂျီတောင်)
Mount Fuji’s top seems to have skipped its annual white makeover. According to Yutaka Katsuta, a forecaster at Kofu Local Meteorological Office, warm weather has prevented snowfall on Japan’s highest mountain.
ဖူဂျီတောင်ထိပ်ဟာ သူ့ရဲ့ နှစ်စဉ်ဖြူလွှလွှပုံစံရဲ့ ကျော်သွားခြင်းကို ခံရပုံပါပဲ။ "Kofu" ဒေသရဲ့ မိုးလေဝသခန့်မှန်းသူ "Yutaka Katsuta" ရဲ့အဆိုအရ၊ ရာသီဥတုပူနွေးခြင်းက ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ဖူဂျီကို နှင်းကျခြင်းကနေ တားဆီးသွားတယ်လို့ ဆိုပါတယ်။
This makes it the latest date the mountain has remained bare since comparative data was first recorded in 1894. It beats the previous record from 1955 and 2016, when snowfall was first observed on October 26.
နှိုင်းယှဉ်မှုအချက်အလက်တွေအရ၊ ၁၈၉၄ ခုနှစ်မှာ ပထမဆုံးမှတ်တမ်းတင်ခဲ့ပြီးကတည်းက၊ တောင်ပေါ်မှာနှင်းမကျခြင်းကို အခုပြန်တွေ့ရတာဖြစ်ပါတယ်။ ပထမဆုံးနှင်းကျတဲ့စံချိန်ကတော့၊ အောက်တိုဘာ ၂၆-ရက်ဖြစ်ပြီး၊ ၁၉၅၅ နဲ့ ၂၀၁၆ ခုနှစ်တို့ထက် ကျော်လွန်ခဲ့တာကို တွေ့ရပါတယ်။
?️ Why is this happening? ?️
(ဘာကြောင့် ဒိလိုတွေဖြစ်နေရသလဲ)
According to Katsuta, temperatures were high this summer, and these high temperatures continued into September – deterring the cold air which brings snow.
"Katsuta" ရဲ့အဆိုအရတော့၊ အခုနှစ်နွေရာသီမှာ အပူချိန်မြင့်မားလာခြင်းက၊ စက်တင်ဘာလအထိ ဆက်ဖြစ်နေနိုင်ပြီး၊ ဆီးနှင်းတွေကို သယ်ဆောင်လာတတ်တဲ့ လေအေးလမ်းကြောင်းတွေကို ဟန့်တားထားတယ်လို့ ဆိုပါတယ်။
Katsuta noted that climate change could be affecting the timing of the snowcap’s formation.
အခုလို ရာသီဥတုပြောင်းလဲခြင်းဟာ ပုံမှန်ဆီးနှင်းကျမှုဖြစ်စဥ်ကို ထိခိုက်စေနိုင်တယ်လို့ "Katsuta" က မှတ်ချက်ပေးထားပါတယ်။
In fact, the summer of 2024 was the joint hottest on record for Japan, matching the extreme temperatures seen in 2023.
တကယ်တော့၊ 2024-ခုနှစ်ရဲ့နွေရာသီဟာ ဂျပန်နိုင်ငံအတွက် စံချိန်တင်အပူဆုံးဖြစ်ပြီး၊ 2023-ခုနှစ်မှာ မြင်တွေ့ခဲ့ရတဲ့ အပူချိန်ပြင်းထန်မှုနဲ့ အတူတူပဲ ဖြစ်ပါတယ်။
?️ Mount Fuji: A hiking hub ?️
(ဖူဂျီတောင် : တောင်တက်သမားတို့ရဲ့ အချက်အချာမြေ)
Not just a spectacle of nature, Mount Fuji is also a hub for hiking enthusiasts, with over 220,000 visitors pushing themselves up its steep, rocky slopes every year during the hiking season.
တောင်တက်ဝါသနာပါသူတွေအတွက်တော့ ဖူဂျီတောင်ဟာ၊ သဘာဝရှုခင်းတွေခံစားနိုင်ရုံသာမက၊ အချက်အချာကျတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ တောင်တက်ရာသီမှာ နှစ်စဉ်နှစ်တိုင်းလိုလို၊ မတ်စောက်တဲ့ကျောက်ဆောင် တောင်စောင်းတွေကို တက်ရောက်သူစုစုပေါင်း 220,000 ကျော်ရှိပါတယ်။
The hikers often climb through the night, driven by the prize of a sunrise view from the 3,776-meter (12,388-foot) summit.
တောင်တက်သူတွေဟာ ညဘက်တွေမှာ တက်ရောက်ကြပြီး၊ မီတာ-3,776 (12,388 ပေ) ရှိတဲ့ တောင်ထိပ်က နေထွက်ချိန်မြင်ကွင်းကို ခံစားကြည့်ရှုလေ့ ရှိကြပါတယ်။
However, this year saw fewer climbers. The Japanese authorities, in tackling over-tourism, introduced an entry fee and a daily cap on the number of hikers.
ဒီနှစ်မှာတော့ တောင်တက်သူတွေ လျော့နည်းသွားခဲ့တယ်။ ဂျပန်အာဏာပိုင်တွေရဲ့ နိုင်ငံခြားသားဧည့်သည်တွေ ခရီးသွားလာမှုအပေါ်မှာ၊ ဝင်ကြေး၊ တောင်တက်သူဦးရေနဲ့ ဝန်စည်သယ်ယူမှုတွေမှာ၊ အလွန်အကျွံ ကိုင်တွယ်ဖြေရှင်းခြင်းကလည်း၊ တောင်တက်သူဦးရေကို လျော့နည်းသွားစေတာ ဖြစ်ပါတယ်။
Aside from being a physical challenge and a natural snow landmark, Mount Fuji is also an aesthetic muse. It has inspired countless artworks, including the legendary Hokusai’s “Great Wave.” Its last eruption was about 300 years ago.
ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သလို၊ သဘာဝ နှင်းထုရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဖူဂျီတောင်ဟာ အလှအပနဲ့ရေးဖွဲ့ထားတဲ့ ဖတ်ချင်စရာ ရသမြောက်ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဖူဂျီတောင်ဟာ၊ ဒဏ္ဍာရီလာ "Hokusai" ရဲ့ "Great Wave" လိုမျိုး၊ မရေမတွက်နိုင်တဲ့ အနုပညာလက်ရာတွေကို ယူဆောင်ပေးထားနိုင်ခဲ့တယ်။ ဖူဂျီတောင်ရဲ့ နောက်ဆုံးပေါက်ကွဲလောင်ကျွမ်းခဲ့မှုဟာ နှစ်ပေါင်း(300)ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
?️ Mount Fuji’s bare slopes ?️
(နှင်းမရှိတော့တဲ့ ဖူဂျီတောင်စောင်းတွေ)
The unusual absence of snow on Mount Fuji raises significant environmental concerns. The lack of early snowfall is not only an anomaly for Japan’s most revered peak but serves as a palpable indicator of broader climate changes affecting our planet.
ဖူဂျီတောင်ပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဆီးနှင်းပျောက်ဆုံးမှုဟာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကို သိသိသာသာ မြင့်တက်လာစေပါတယ်။ အစောပိုင်း ဆီးနှင်းကျမှု နှောင့်နှေးခြင်းဟာ၊ ဂျပန်နိုင်ငံရဲ့ အလေးထားရာ တောင်ထွတ်အတွက်၊ ကွဲလွဲတဲ့ထင်မြင်ချက်တွေ ဖြစ်စေရုံသာမက၊ ကျန်တော်တို့ရဲ့ကမ္ဘာမြေအပေါ်မှာလည်း၊ ပြောင်းလဲတဲ့ရာသီဥတုတွေ သက်ရောက်လာနိုင်တယ်ဆိုတာကို သက်သေပြနေတာဖြစ်ပါတယ်။
Such shifts in seasonal patterns can have lasting impacts on local ecosystems, affecting flora and fauna adapted to colder temperatures.
အခုလိုရာသီအပြောင်းအလဲဖြစ်စဥ်တွေဟာ၊ ဒေသတွင်း ဂေဟစနစ်တွေအပေါ်မှာ အများဆုံးအကျိုးသက်ရောက်နိုင်ပြီး၊ ပိုအေးတဲ့အပူချိန်မှာသာ လိုက်လျောညီထွေအသက်ရှင်နိုင်တဲ့၊ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေကို ထိခိုက်စေနိုင်ပါတယ်။
Moreover, the melting snow traditionally contributes to freshwater sources for surrounding areas. This delay in snow accumulation could result in water scarcity issues during the subsequent seasons.
ဒါ့အပြင်၊ ဆီးနှင်းအရည်ပျော်ခြင်းဖြစ်စဥ်ဟာ ပတ်ဝန်းကျင်ဒေသတွေအတွက် ရေချိုအရင်းအမြစ်တွေကို ပံ့ပိုးပေးလေ့ရှိပါတယ်။ ဆီးနှင်းတွေ အရည်မပျော်ပဲစုပုံနေခြင်းနဲ့ အရည်ပျော်မှုနှောင့်နှေးခြင်းတို့ဟာ၊ နောက်လာမယ့်ရာသီတွေအတွက်ပါ ရေရှားပါးမှုပြဿနာကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
?️ Cultural significance of the mountain ?️
(ဖူဂျီတောင်ရဲ့ ယဥ်ကျေးမှုဆိုင်ရာအရေးပါခြင်း)
Mount Fuji and its snow holds profound cultural significance, weaving deep into the fabric of Japanese identity. It serves as a symbol of natural beauty and spiritual connection that pervades literature, folklore, and art.
ဖူဂျီတောင်နဲ့ ဆီးနှင်းတွေရဲ့ ယှဥ်တွဲနေမှုဟာ၊ ဂျပန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ စာပေ၊ ရိုးရာပုံပြင်နဲ့ အနုပညာအမွေတွေ ပျံ့နှံ့စီးဆင်းနေတဲ့ သဘာဝတရားရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။
The mountain’s snow-covered visage is more than just a picturesque scene; it resonates with historical narratives and personal pilgrimages. As Japan faces this climatic shift, it presents an opportunity for reflection and adaptation.
နှင်းဖုံးနေတတ်တဲ့ ဖူဂျီတောင်ရဲ့မြင်ကွင်းဟာ၊ သာယာလှပတဲ့မြင်ကွင်းတစ်ခုဆိုတာထက် အများကြီး ပိုအဓိပ္ပာယ်ရှိပါတယ်။ သမိုင်းဇာတ်ကြောင်းတွေ၊ ကိုယ်ရေးကိုယ်တာခရီးစဉ်တွေနဲ့ တောင်နံရံတွေက ပဲ့တင်ထပ်နေပါတယ်။ ဂျပန်နိုင်ငံဟာ အခုလိုရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်လာရတဲ့အတွက်၊ အဲ့ဒီဖြစ်စဥ်ဆီကနေ၊ အယူအဆသစ်တွေနဲ့ လိုက်လျောညီထွေနေတတ်မှုကို အခွင့်အလမ်းတစ်ခုသဖွယ် ရင်ဆိုင်ကျော်လွှားကြရမှာ ဖြစ်ပါတယ်။
Scientists and policymakers alike must collaborate on strategies to mitigate these changes, ensuring this iconic mountain continues to inspire future generations while safeguarding its ecological health and cultural heritage.
သိပ္ပံပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေဟာ၊ အခုလိုပြောင်းလဲမှုတွေကို လျော့နည်းသွားစေဖို့၊ မဟာဗျူဟာချမှတ်ပြီး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ အထင်ကရဖြစ်နေတဲ့ ဖူဂျီတောင်ဟာ သူ့ရဲ့ဂေဟစနစ်တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ပေးထားမှသာ၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် သမိုင်းဝင်ပြယုဂ် ဖြစ်နေမှာပါ။
?️ Mount Fuji’s delay in snow ?️
(နှင်းကျချိန်နှောင့်နှေးသွားတဲ့ ဖူဂျီတောင်)
Scientists are researching why Mount Fuji is experiencing delays in snowfall. They are looking at local and global climate conditions, temperature changes, and historical climate data to understand how climate change affects the mountain.
သိပ္ပံပညာရှင်တွေကတော့ ဖူဂျီတောင်ရဲ့ ဆီးနှင်းကျဆင်းမှု နှောင့်နှေးရတဲ့အကြောင်းရင်းကို သုတေသနပြုနေကြပြီဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းက၊ တောင်တန်းတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာကို နားလည်ဖို့၊ ဒေသတွင်းမှာရော၊ ကမ္ဘာလုံးဆိုင်ရာမှာပါ၊ ရာသီဥတုအခြေအနေနဲ့ အပူချိန်ပြောင်းလဲမှုဖြစ်စဥ်တွေကို သုတေသနပြုနေကြပြီ ဖြစ်ပါတယ်။
Improved weather technology helps them predict future snow patterns. The research could help the local community adapt to changes on Mount Fuji, while enhancing our understanding of mountain climates globally.
ရာသီဥတုခန့်မှန်းခြင်းနည်းပညာ တိုးတက်လာခြင်းက၊ အနာဂတ်အတွက် ဆီးနှင်းကျဆင်းနိုင်မှုအခြေနေတွေကို ခန့်မှန်းတွက်ချက်ရာမှာ အကူအညီဖြစ်စေပါတယ်။ သုတေသနပြုလုပ်ခြင်းကနေ၊ ဒေသတွင်းလူမှုအသိုက်အဝန်းနဲ့ ဖူဂျီတောင်ရဲ့အပြောင်းအလဲကို၊ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ပြီး၊ တောင်ပေါ်ရာသီဥတုအခြေနေတွေကို ကျွန်တော်တို့သိမြင်နားလည်လာနိုင်အောင် ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်။
?️ Implications of the missing snow ?️
(နှင်းပျောက်ခြင်း ဂယက်)
The lack of snow on Mount Fuji highlights the need for climate awareness. Environmental groups and governments are using this to educate people about the effects of climate change.
ဖူဂျီတောင်ရဲ့ ဆီးနှင်းလျော့ပါးသွားခြင်းဟာ၊ ရာသီဥတုဆိုင်ရာအသိပညာပေးဖို့ လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ အစိုးရနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေဟာ၊ ရာသီဥတုပြောင်းလဲမှုရဲ့ဆိုးကျိုးတွေအကြောင်း၊ လူတွေကို ပညာပေးနိုင်ဖို့ အခုဖြစ်စဥ်ကို အသုံးချသွားရမှာ ဖြစ်ပါတယ်။
The goal is to raise awareness about sustainability and reducing carbon footprints. These efforts encourage a shared responsibility to protect the natural beauty of places like Mount Fuji for future generations.
(သုတေသနပြုခြင်းရဲ့)ရည်ရွယ်ချက်ကတော့၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ကာဗွန်လျှော့ချခြင်းဆိုင်ရာအသိပညာကို မြှင့်တင်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်။ အခုလို ကြိုးပမ်းအားထုတ်မှုတွေကနေ၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဖူဂျီတောင်လိုမျိုးနေရာဒေသတွေရဲ့ သဘာဝအလှကို ကာကွယ်သွားနိုင်ဖို့ အထောက်အကူရစေမှာပဲ ဖြစ်ပါတယ်။
"စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာရနိုင်ကြပါစေ"
Translate : M Min Nyo
Reference : BySanjana Gajbhiye
: Earth.com staff writer
Earth.com :
https://www.earth.com/news/mount-fujis-snow-is-missing-for-first-time-in-130-years/
#Fuji
#English
#Translate
#KnowledgeSharing
Keep Reading