Sharing By Yin
“ရွှေပိတောက်ရယ် မခြောက် တစ်ယောက်သောသူကို စောင့်
စောင့်ရကြာတော့ ပျောက်
ဘယ်အရပ်ကိုပျောက်
အတွေးတွေထဲ လမ်းပျောက်”
ပိတောက်တွေ ပွင့်သစ်ကြူမယ့် နွေဦးဂိမာန်ဟာ ထပ်မံရောက်ရှိလာပါတော့မယ်။ ဘယ်တော့များမှ ဒီနွေ ဒီလေ ဒီမြေ မှာ ငါတို့အတူ စိုက်ထူခဲ့တဲ့ နှလုံးသားမျိုးစေ့ဟာ ပွင့်အံလာမှာပါလဲ။ မလာတော့သူအဖို့ စောင့်ဆိုင်းနေရခြင်းက တရွေ့ရွေ့တိုက်စားသွားတဲ့ ပင်လယ်ပမာ။ တစ်ခုသတိရတာရှိခဲ့ပါသေးတယ် အစ်မ Olive ပြောဖူးတဲ့ move on နည်းတဲ့ “ငါတို့ဟာ တစ်သက်လုံးဝေးသွားကြပြီ ဘယ်တော့မှ ပြန်မဆုံကြတော့ဘူး” ဆိုတာကိုသာ လက်ခံလိုက်။
မင်းကိုယ့်ဆီမလာတောင် ကိုယ်ဟာ မင်းပုံရိပ်ကို အမြဲ သတိရနေမှာပါ။
မင်းကိုယ့်ဆီမလာတောင် ကိုယ်ရဲ့ ဆုတောင်းမေတ္တာတွေထဲမှာလည်း
မင်းအမြဲပါနေမှာပါ ထာဝရပေါ့ အချစ်ရယ်။
“ဒီလိုနဲ့ နွေဦးထပ်မံရောက်ရှိကာ ပိတောက်သစ် ပွင့်သော်လည်း”
#ယဉ်
https://t.me/Elegant_Literature
Keep Reading