Author's Profile Photo

pyanshae

25/10/2024

DONKEY

2 mins read
Travel
Entertainment
Creative
DONKEY's photo

ခရီးသွား အေဂျင်စီတစ်ခု၌ဖြစ်သည်။ ရုံးဝန်ထမ်းတစ်ယောက်နှင့် အသက်၆၀ကျော် မိန်းမကြီးတို့ ခရီးစဉ် အကြောင်းစကားပြောနေကြလေသည်။

ဝန်ထမ်း-ခရီးနဲ့ပတ်သတ်တာတွေစပြီး ပြောပြပေးမယ်နော် အန်တီ...အန်တီသွားချင်တဲ့ တောတွင်းလှည့်လည်ရေးခရီးက ဟေးလင်းနိုင်ငံရဲ့ ဂန်မာရီမြို့အတွင်းမှာရှိပါတယ် အဲဒီကိုရောက်ဖို့ဆိုရင် တိုက်ရိုက်လမ်းကြောင်းတော့မရှိသေးပါဘူး။

အန်တီမာရီ-ဟုတ်ကဲ့ပါ... ကျွန်မအရမ်းစိတ်လှုပ်ရှားနေတယ်...ဒါက ကျွန်မအတွက် ဟေးလင်းနိုင်ငံရဲ့ပထမဆုံးခရီးပဲ။

ဝန်ထမ်း-အန်တီအနေနဲ့အခု အန်တီနေနေတဲ့ ဂိုလိုမြို့ကနေပြီး ဆင်သားမြို့ကို လေယာဉ်နဲ့ပထမဆုံးသွားရမှာပါ... လေယာဉ်ကို ပြတင်းပေါက်ဘက်ယူမလား အတွင်းဘက်ကိုပဲယူမလား။

အန်တီမာရီ-ပြတင်းပေါက်ဘက်ကိုပဲယူမယ်... ကျွန်မအရာအားလုံးကိုမြင်ချင်တယ်

တာဝန်ခံ-အို‌ခေ...ပြတင်းပေါက်ဘက်...ဟုတ်ပြီအန်တီ... ဆင်သားမြို့ကို ရောက်ရင် အန်တီ့အနေနဲ့ တက္ကစီကိုခေါ်နိုင်ပါတယ် ဒါမှမဟုတ်ရင်လဲ ဇိမ်ခံကားဖြစ်ဖြစ်ခေါ်လို့ရပါတယ်

အန်တီမာရီ-အင်း...ကျွန်မ ဇိမ်ခံကားပဲယူလိုက်မယ်

တာဝန်ခံ-အဲဒီနောက်မှာတော့ လေယာဉ်ဖြစ်ဖြစ် ရထားဖြစ်ဖြစ်စီးပြီး ဝေလင်းမြို့ကိုထပ်ပြီး သွားရပါမယ်

အန်တီမာရီ-ရထားက ဇိမ်ခံရထားမျိုးလား?

တာဝန်ခံ-ဟုတ်ပါတယ်

အန်တီမာရီ-ကျွန်မရထားကိုပဲစီးလိုက်မယ် ကျွန်မတစ်မြို့လုံးကိုမြင်ချင်တာမို့...

တာဝန်ခံ-ကောင်းပါတယ်အန်တီ...အဲဒါပြီးရင်တော့ ဝေလင်းမြို့ကိုရောက်ပါမယ်... အဲနောက်မှာတော့ အသေးစားလေယာဉ်တစီးနဲ့ ဘတ်စ်ကား အဲထဲကတစ်ခုခုကိုရွေးပြီး ရန်နာမြို့ကိုဆက်လက်ပြီးသွားရပါအုန်းမယ်...

အန်တီမာရီ-အသေးစားလေယာဉ်ဆိုတာကဘယ်လောက်များသေးတာလဲ?

ဝန်ထမ်း-အတော်ကလေးသေးပါတယ်

အန်တီမာရီ-ဒါဆိုရင်တော့တော်ပါပြီ ကျွန်မမှာအသက်ရှုကြပ်မရတဲ့ရောဂါရှိလို့ ဘတ်စ်ကားပဲစီးလိုက်တော့မယ် ဒါနဲ့ ဘတ်စ်ကရော အဆင့်မြင့်ဇိမ်ခံဘတ်စ်ကားမျိုးလား?

ဝန်ထမ်း-အဲလိုဖြစ်မယ်လို့ထင်ပါတယ်... ဂန်မာရီမြို့ကိုရောက်ရင်တော့ လှေနဲ့ဟိုတယ်ကိုသွားရမှာပါ

အန်တီမာရီ-လှေ ဟုတ်လား?

ဝန်ထမ်း-ဟုတ်ကဲ့ ဟိုတယ်က ကျွန်းပေါ်မှာဆောက်ထားတာမို့ လတ်တလောမှာ ကားမရနိုင်သေးတာကြောင့်ပါ

အန်တီမာရီ-အင်းရပါတယ် လှေပဲစီးလိုက်တာပေါ့

ဝန်ထမ်း-ကျွန်းပေါ်ကိုရောက်တာနဲ့ ခရီးဆောင်အိတ်တွေသယ်ဖို့ မြည်းနဲ့လူတစ်ယောက် လာပါလိမ့်မယ်

အန်တီမာရီ-မြည်း ဟုတ်လား အဒါကလဲ ဇိမ်ခံမြည်းပဲလား?

ဝန်ထမ်း-အယ်...ကျွန်မအထင်တော့ ရိုးရိုးမြည်းပဲဖြစ်ပါလိမ့်မယ် တကယ်လို့မြည်းကအဆင်မပြေဘူးဆိုရင် လေယာဉ်နဲ့သွားပါလား လေယာဉ်ကတော့ဟိုတယ်ကိုတိုက်ရိုက်ရောက်မှာပါ

အန်တီမာရီ-ရပါတယ် ကျွန်မအထင် မြည်းပဲပိုကောင်းလိမ့်မယ် မြည်းတွေမှာတော့ စက်ပိုင်းဆိုင်ရာပြဿနာမရှိလောက်ဘူးမလား

ဝန်ထမ်း-အန်...ဟုတ်ပါတယ်ဟုတ်ပါတယ်

ထိုစဉ် ရုံးအတွင်းပိုင်းမှ tour guide တစ်ယောက်ထွက်လာလေသည်။ ထိုလူက မျက်နှာပိန်ရှည်ရှည် ခန္ဓာကိုယ်ပိန်ပိန်နှင့်။

Tour guide-ဟယ်လို အန်တီမာရီ ...

အန်တီမာရီ- အိုးး ဒေးပါလား

Tour guide-ဒီတစ်ခေါက်ရော ဘယ်ကိုခရီးထွက်အုန်းမလို့လဲဗျ?

ဝန်ထမ်း- အန်တီမာရီက ဂန်မာရီမြို့မှာရှိတဲ့ တောတွင်းလေ့လာရေးခရီးကိုသွားကြည့်မလို့တဲ့

Tour guide-ဪ ကောင်းပါတယ်ဗျာ...ဘာနဲ့သွားမှာလဲ လေယာဉ်နဲ့ပဲလား ဒါမှမဟုတ် ရထား၊ဘတ်စ်ကား၊လှေနဲ့ မြည်းစီးပြီးသွားမှာလား?

အန်တီမာရီ-ဟားဟား ကျွန်မ မြည်းစီးပြီးသွားမှာ

Tour guide-နေပါအုန်း ဂန်မာရီမြို့ဆိုတော့ ဟေးလင်းထဲက မြို့မလား

ဝန်ထမ်း-ဟုတ်တယ်

Tour guide-အဲကိုဆို ကျွန်တော် အရင်လလောက်က သူငယ်ချင်းတွေနဲ့အတူတစ်ခေါက် သွားဖူးတယ်

အန်တီမာရီ-ဟုတ်လား မင်းရောက်ဖူးတာလား? ခရီးကဘယ်လိုလဲ အရမ်းစိတ်လှုပ်ရှားရလား?

Tour guide-စိတ်လှုပ်ရှားရတာကတော့ပြောမနေပါနဲ့တော့ အရမ်းပဲ... အဲဒီကိုသွားတဲ့လမ်းမှာ ပထမဆုံးစီးတဲ့လေယာဉ်က စက်ချို့ယွင်းမှုဖြစ်တယ်

အန်တီမာရီ-အို...ဒါတော်တော်ကြောက်စရာကောင်းတာပဲ

Tour guide-ဒီလိုနဲ့ ကျွန်တော်တို့ ဝေလင်းမြို့ကိုသွားတဲ့ရထားလဲမမှီတော့ဘူး အဲဒါနဲ့ ဘတ်စ်ကားစီးလိုက်ကြရတယ် ကံမကောင်းချင်တော့ local ဘတ်စ်ကြီးကိုမှားပြီးစီးမိကြတယ်

အန်တီမာရီ-ဟော်... ကျွန်မကတော့ local ဘတ်စ်တွေကိုမကြိုက်ဘူး

Tour guide-အဲလိုနဲ့မပြီးသေးပါဘူးဗျာ လမ်းမှာဘတ်စ်ကားက အက်စီးဒန့်တစ်ခုဖြစ်ပါလေရော အဲဒါနဲ့ ကျွန်တော်လဲ ကားတစ်စီးငှားလိုက်တာ အဲကားကပါ ထပျက်တယ်

ဝန်ထမ်းကောင်မလေးမှာ tour guide ဒေးရဲ့စကားများကြောင့် အန်တီမာရီကိုအားနာနေသော်လည်း ဒေးမှာတော့စကားပြောပင်မပျက်။

အန်တီမာရီ-အို... ဖြစ်မှဖြစ်ရလေ

Tour guide-ဒါနဲ့ကျွန်တော်တို့ ဂန်မာရီမြို့ကိုလဲ နှစ်ရက်နောက်ကျပြီးမှရောက်သွားတယ် ဒီလိုနဲ့လှေစီးပြီးဟိုတယ်ကိုသွားရတော့လဲ လှိုင်းကမူးလိုက်တာများ ပြောမနေပါနဲ့တော့ဗျာ ကျွန်တော့်မှာတလမ်းလုံး ပင်လယ်ရဲ့အနံ့ကိုရှူဖို့နေနေသာသာ ကိုယ့်အန်ဖတ်နံ့ ကိုယ်ရှူနေရတာနဲ့တင်တိုင်ပတ်နေတယ်

အန်တီမာရီ-အို...ငါ့နှယ့် ဒါနဲ့ မင်း မြည်းစီးတာမှာတော့ ပြဿနာမရှိခဲ့ဖူးဘူး

Tour guide-ဟာ ဘယ်နှယ့်ပြောကောင်းမလဲအန်တီမာရီရယ်

အန်တီမာရီ- ဘာများဖြစ်သေးလို့လဲ

Tour guide-ကျွန်တော်မြည်းပေါ်ကနေ ပြုတ်ကျတာပေါ့

ဒီအချိန်မှာတော့ မျက်နှာပျက်သွားတဲ့ အန်တီမာရီကိုကြည့်ပြီး ဝန်ထမ်းကောင်မလေး ခေါင်းကုပ်ရပြီလေ။ clinetတစ်ယောက်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။

အန်တီမာရီ-ဟန် ဘယ်လို

Tour guide-ဟုတ်တယ် ဟိုတယ်ကိုသွားတဲ့လမ်းမှာ ကျွန်တော်မြည်းပေါ်ကနေ ပြုတ်ကျတာ ဒါမဲ့ အန်တီမာရီ ဝေလင်းမြို့ကိုသေချာပေါက် ကြိုက်သွားပါလိမ့်မယ် အတော်ကလေးစိတ်လှုပ်ရှားရတဲ့ခရီးစဉ်မို့လို့ပါ

ဒီအချိန်မှာတော့ဝန်ထမ်းကောင်မလေး စကားဝိုင်းထဲကိုဝင်လိုက်တယ်။ ဒါမဲ့မမှီတော့ပေ။

ဝန်ထမ်း-ဒီတော့ အန်တီမာရီ ဘာများမေးခွန်းမေးစရာရှိသေးလဲမသိဘူး

အန်တီမာရီ-ရှိပါတယ် တစ်ခုတည်းပါပဲ ဒီခရီးစဉ်ရဲ့လက်မှတ်ကို ကန်ဆယ်လိုက်လို့ရမလား

ပြီးပါပြီ
ပြန်ရှေ့

Keep Reading

AYFN EduTrip scholarshipကလေးသာသာခရီးသွားပြည်သူများအတွက် အထူးသတိပြုရန်ဥပဒေအထက်မှာမည်သူမျှမရှိsweet memories of honey lifeDONKEYWaitingဝေယျောစနကျောက်စိမ်းစေတီတော်ကြီးသို့ ဘုရားဖူးတစ်ခေါက်မန္တလေးလမ်း?YBSကားပေါ်က ဒုစရိုက်မှုတွေကြောင့် လုံခြုံမှုအာမခံချက်မရှိတော့တဲ့ ဘဝများ