မြသွန်း(တောင်ဒဂုံ)
?ဒီန့မှာတော့ မိတ်ဆွေတို့အားလုံးသတိထားရအောင်လို့ လတ်တလော YBSကားပေါ်က အခြေနေလေးတွေကို သတင်းကြားသိထားရသလောက် ပြန်လည်မျှဝေပေးချင်ပါတယ်။
? အခုဆိုရင် YBSကားတွေပေါ်မှာ ခိုးနှိုက်လုတဲ့ကိစ္စတွေအပြင် မသမာသူတွေက ထိုးဆေး၊တို့ဆေး စတာတွေကိုအသုံးပြုပြီး ဒုစရိုက်ကျူးလွန်လာတာတွေပါ တွေ့လာရပါတယ်။
? ဒီဗီဒီယိုလေးထဲမှာဆိုရင်တော့ အမျိုးသမီးတစ်ဦးကိုယ်တိုင် YBSကားပေါ်မှာ ထိုးဆေးနဲ့အတို့ခံခဲ့ရတဲ့အကြောင်းလေးကို မိတ်ဆွေတို့အားလုံး သတိထားရအောင်လို့ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
? အဲ့ဒီမိန်းကလေးက ခါတိုင်းနေ့တွေလိုပဲ ညနေ(၆)နာရီလောက်မှာ ဘုရားကုန်းကနေ YBS(၃၁)ကားကိုစီးပြီး အိမ်ပြန်လာခဲ့ပါတယ်။ ကားပေါ်ရောက်တာနဲ့ ကောင်မလေးဟာ မိန်းကလေးတစ်ဦးထိုင်နေတဲ့ ခုံတစ်ခုံဘေးက နေရာလွတ်လေးမှာ ဝင်ထိုင်လိုက်ခဲ့ပါတယ်။
? အဲ့ဒီမိန်းကလေးဟာ သူမရောက်ကတည်းက လုံးဝမလှုတ်ဘဲနဲ့ တစ်နေရာတည်းကိုပဲ ထူးထူးဆန်းဆန်းစိုက်ကြည့်နေတာကို သူမလည်းသတိထားမိခဲ့ပေမယ့် ပေါ့ပေါ့တန်တန်ပဲတွေးပြီး အမှုမဲ့အမှတ်မဲ့နေလိုက်မိပါတယ်။
?အဲ့လိုနဲ့ရုတ်တရက်ဆိုသလို ကားက ဘရိတ်တစ်ချက်အုပ်လိုက်တော့ အနောက်ကနေ လူတစ်ယောက်က ထသလိုလိုနဲ့ သူမရဲ့လည်ပင်းကို လာထိသွားခဲ့ပါတယ်။ ဒီတစ်ခါလည်း ကောင်မလေးက သူယိုင်သွားလို့ပဲဖြစ်မယ်လို့ အမှုမဲ့အမှတ်မဲ့တွေးလိုက်ပြန်ပါတယ်။
?ဒါမယ့်ကားပေါ်မှာလည်း လူက အဲ့လောက်အကြပ်ကြီးမဟုတ်ပါဘူး။ အဲ့လိုနဲ့ခဏနေတော့ ကောင်မလေးက စတင်ပြီးယောင်ချာချာဖြစ်လာပါတော့တယ်။ လူကလုံးဝကိုမှိန်းသွားပြီးတော့ မှတ်တိုင်တွေလည်းမမှတ်မိတော့သလို ဘာမှလည်းမသိတော့ပါဘူး။
?ဖြစ်ချင်တော့ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတဲ့ကြားက သတိတစ်ချက်ဝင်လာတဲ့အချိန်မှာ ဆင်းရမယ့်မှတ်တိုင်ကို အနည်းငယ်ကျော်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ကောင်မလေးက အနီးစပ်ဆုံးမှတ်တိုင်တစ်ခုမှာဆင်းပြီး အိမ်ကလူတွေဆီ ဖုန်းဆက်ပြီးတော့ သူမကိုလာကြိုပေးဖို့ အကြောင်းကြားလိုက်ပါတယ်။
?သူမဟာ ကံကောင်းပြီးတော့ မသမာသူတွေနဲ့ထိပ်တိုက်မတွေ့ခဲ့ရပေမယ့် အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ အာတွေလျှာတွေလေးလံထုံထိုင်းပြီးတော့ လုံးဝကိုမလှုတ်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့မှ လည်ပင်းအနောက်က စူးရှရှဖြစ်နေတဲ့နေရာကို ကြည့်လိုက်တော့ အနီကွက်ကြီးထနေတာကို တွေ့လိုက်ရပါတယ်။
? ဒါဆိုရင် ကားဘရိတ်အုပ်လိုက်တဲ့အချိန်မှာ အနောက်ကနေ သူမရဲ့လည်ပင်းကိုလာထိသွားတဲ့လူက ထိုးဆေးသမားဆိုတာ အသေချာပါပဲ။
?ဒီလိုနဲ့ကောင်မလေးလည်း တစ်ကိုယ်လုံးလေးလာပြီးတော့ တဖြည်းဖြည်းအကြောတွေဆိုင်းလာခဲ့ပါတယ်။ အကြောတွေကျဉ်တက်လာပြီးတော့ နောက်ဆုံး လှုတ်မရ ပြုမရတဲ့အထိဖြစ်သွားခဲ့တာကြောင့် သူတို့လည်းလန့်ဖျန့်ပြီးတော့ ဆေးရုံကိုအမြန်ဆုံးပြေးကြပါတော့တယ်။
?ကံကောင်းစွာနဲ့ပဲ အသက်အန္တရာယ်တော့မရှိခဲ့ပါဘူး။ ဒါကတော့ ဆေးကုသမှုခံယူပြီးတော့မှ ရိုက်ကူးထားတဲ့ လည်ပင်းနောက်က အပ်ပေါက်ရာလေးပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရေ အခုဆိုရင် YBSကားတွေက အုပ်စုဖွဲ့ပြီးခါးပိုက်နှိုက်သူတွေ၊ တို့ဆေး ထိုးဆေးသမားတွေရဲ့ ကျက်စားရာနေရာတစ်ခု ဖြစ်လို့လာခဲ့ပါပြီ။ အရင်လို မလုံခြုံတော့ပါဘူး။
?ဖုန်းခိုးခံရတာတို့၊ ပိုက်ဆံနှိုက်ခံရတဲ့သတင်းတွေကတော့ မကြားချင်လို့မှအဆုံးပါပဲ။ "နုံတဲ့အတဲ့ပုံပေါက်ပြီဆိုတာနဲ့ မသမာသူတွေရဲ့သားကောင်ဖြစ်ဖို့ ရာခိုင်နှိုင်းပိုများသွားပြီပဲဖြစ်ပါတယ်။ ဒီတော့ ဒီဗီဒီယိုလေးကနေ အားလုံးကို အသိဝီရိယနဲ့သွားလာကြဖို့ စေတနာထားပြီး သတိပေးလိုက်ရပါတယ်ရှင်။
မြသွန်း(တောင်ဒဂုံ)
Keep Reading