မြသွန်း(တောင်ဒဂုံ)
?ဒါကတော့ မြန်မာပြည်သူ၊ပြည်သားတွေအတွက် သတင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အခုဆိုရင် ဘီလီယံနာသူဌေးကြီးအီလွန်မက်စ်က လူတို့ရဲ့နေထိုင်မှုပုံစံကို အကြီးအကျယ်ပြောင်းလဲသွားစေတော့မယ့် မိုဘိုင်းဖုန်းတစ်မျိုးကို တီထွင်ဖန်တီးထားပြီး မကြာမီအချိန်အတောအတွင်းမှာ ထုတ်လုပ်ဖြန့်ချီသွားမှာဖြစ်တယ်လို့ သိရပါတယ်။
? နည်းပညာအသစ်ဆန်းတွေကို တစ်ခုပြီးတစ်ခု ဆန်းသစ်အောင်တီထွင်ထုတ်လုပ်နေတဲ့ အီလွန်မက်စ်တစ်ယောက်ကတော့ ဒီတစ်ခါမှာလည်း ကမ္ဘာကြီးကို game changer လုပ်သွားနိုင်တဲ့ အလားအလာမှာရှိနေပါတယ်။ ဒါဆိုရင် အီလွန်မက်စ်ထုတ်လုပ်ဖြန့်ချီတော့မယ့် Tesla Piဖုန်းရဲ့ အံ့မခန်းထူးခြားချက်တွေအကြောင်းကိုလည်း sharing လုပ်ပေးချင်ပါတယ်။
?နံပါတ်(၁)အနေနဲ့ ထူးခြားချက်ကတော့ Tesla Piဖုန်းက ဘက်ထရီအားသွင်းစရာလုံးဝမလိုပါဘူး။ ဒီတော့မြန်မာနိုင်ငံကလို မီးအပြည့်အဝမပေးနိုင်တဲ့နိုင်ငံတွေအတွက် ဒီလိုအားသွင်းစရာမလိုတဲ့ဖုန်းမျိုးက အင်မတန်ကို သင့်တော်တဲ့အရာတစ်ခုပါပဲ။
?ဖုန်းဘက်ထရီကို ဆိုလာစနစ်နဲ့ သူ့ဘာ့သာသူအလိုအလျောက်အားဖြည့်နိုင်အောင် ဖန်တီးထားတာဖြစ်လို့ မီးမလာမှာကိုလည်း စိတ်ပူစရာမလိုတော့တဲ့အပြင် အချိန်ကုန်လည်းသက်သာစေပါတယ်။ ဒါ့ပြင် ဆိုလာစနစ်နဲ့အားသွင်းတဲ့နေရာမှာ တကူးတကနေပူထဲသွားထားစရာလည်းမလိုပါဘူး။
?နောက်ပြီး Tesla Piဖုန်းနဲ့ဆိုရင် ဘယ်ခရီးပဲသွားသွား အားသွင်းကြိုးတို့၊ ပါဝါဘန့်တို့ အလေးခံပြီး သယ်သွားစရာလည်းမလိုတော့ပါဘူး။
?နံပါတ်(၂)အနေနဲ့ ဒီဖုန်းကိုသုံးဖို့အတွက် အင်တာနက်လည်းလုံးဝမလိုဘူးလို့ သိရပါတယ်။ ဒါကတော့ အထူးခြားဆုံးအချက်ပါပဲ။ အစကတည်းက အီလွန်မက်စ်ဟာ ဒီပရောဂျက်ကိုအကောင်ထည်ဖော်ဖို့အတွက် သူ့ရဲ့စတားလင့်ခ်တွေကို တစ်ကမ္ဘာလုံးအနှံ့လွှမ်းခြုံထားတာပဲဖြစ်ပါတယ်။
?ဒါ့ကြောင့် ဘယ်နေရာပဲရောက်ရောက် အင်တာနက်ချိတ်ဆက်ထားစရာမလိုအပ်တော့တဲ့အပြင် လိုင်းမကောင်းတဲ့ပြဿနာတွေနဲ့လည်း ကြုံတွေ့စရာမလိုတော့ပါဘူး။ ဝိုင်ဖိုင်ရုံးတွေ၊ တာဝါတိုင်သမားတွေအတွက်တော့ စီးပွားရေးနောက်တစ်ခု ကြိုတင်ပြောင်းထားသင့်ပြီထင်ပါတယ်။
?နောက်ဆယ်စုနှစ်လောက်ကြာရင် Appleတို့၊ ဆမ်ဆောင်းတို့လို နာမည်ကြီးဖုန်းကုမ္ပဏီတွေလည်း စီးပွားရေးကျဆင်းသွားနိုင်တဲ့အခြေအနေတွေ အများကြီးတွေ့နေရပါတယ်။
? နောက်ထပ်ထူးခြားချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒီအချက်ကိုမိတ်ဆွေတို့သိသွားရင် လုံးဝကို suprise ဖြစ်သွားလောက်ပါတယ်။ အဲ့တာကတော့ Tesla Piဖုန်းက ဘယ်လောက်ထိတောင် ဆက်သွယ်ရေးအားကောင်းသလဲဆိုရင် ကမ္ဘာ၊လနဲ့ အင်္ဂါဂြိုဟ်တွေအထိ လှမ်းပြီးဆက်သွယ်လို့ရတယ်လို့လည်း သိရပါတယ်။
? Tesla Piဖုန်းရဲ့ထူးခြားချက်တွေကတော့ တကယ်ကိုအံ့မခန်းပါပဲရှင်။ နောက်ပြီး ဒီလောက်ထိအဆင့်မြင့်နည်းပညာတွေနဲ့ဆိုတော့ ဈေးကလည်းတစ်အားမြောက်မှာပဲလို့ မိတ်ဆွေတို့ထင်ကောင်းထင်နိုင်ပါတယ်။
?အဲ့ဒီအတွက်တော့ ဘာမှစိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ Tesla Piဖုန်းတွေရဲ့ဈေးနှုန်းက iPhone 16 ပရိုမက်ထက်တောင် ဈေးပိုသက်သာမှာဖြစ်တယ်လို့ အီလွန်မက်စ်ကပြောထားပါတယ်။
?အဲ့ဒီဖုန်းတွေကို ၂၀၂၄ခုနှစ်မကုန်ခင်မှာ ဈေးကွက်ထဲစတင်ရောင်းချသွားမှာဖြစ်ကြောင်းနဲ့ အခုအောက်တိုဘာလ နောက်ဆုံးအပတ်ကနေစတင်ပြီး ကြိုတင်အော်ဒါတင်ထားနိုင်ကြောင်းလည်း ၎င်းကဆိုပါတယ်။ လူတော်တော်များများကတော့ အခုပြောပြလိုက်တဲ့ထူးခြားချက်တွေကိုကြားသိပြီး Tesla Piဖုန်းကို ဝယ်ယူနိုင်ဖို့အတွက် အားခဲနေကြပါပြီရှင်...?
မြသွန်း(တောင်ဒဂုံ)
Keep Reading