Khant Thaw Maung
ဘယ်လို ခေါ်လဲဆို
တွမ်တေး တဲ့
တဝမ်တေး တဲ့
နောက် တုံတလ တဲ့
နောက်တော့ ဒလ တဲ့
အခုတော့ တွံတေး
မြန်မာ အစ ရွှေတိဂုံက တဲ့
ဒါဆို ကဘင်းကို မထားခဲ့နဲ့
ကုန်သည် ညီနောင်ကို မထားခဲ့နဲ့
မောင်းတီ စေတီမှာ မထားခဲ့နဲ့
တွမ်တေး တောင်ကုန်းပေါ်က မြို့
သိပ်လှတာပေါ့
ဆောင်းဆို အေးတယ်
သိသိသာသာ စိမ့်တယ်
ဆေးလိပ်လေးနဲ့ဆို အချမ်းပြေတယ်
တဝမ်တေး
ညီမလေးတို့ရွာ
သိပ်လှတာပေါ့
ဖလိပ်ကြီး ကျိုက်သလဲ
အချောတွေ ပေါ မှ ပေါတဲ့
ဒလ
လာ မွန်-ဗမာ နှစ်၄၀ စစ်ပွဲထဲ
ခဏလေး သွားရအောင်
ဗောလောကျန်းဒေါ အဖေနဲ့ တူတဲ့သား
အဖေလို ဖြစ်ချင်မပေါ့
အဖေစရိုက်ပါ မပေါ့
အဖေ့လက်နဲ့ပဲ သေတယ်
အဖေနဲ့ စစ်ပြန်တိုက်မယ်တဲ့
အဖေ့ကို နိုင်ပါရစေ မပြောခဲ့ဘူး
တုံတလ ဟာ စစ်မြေပြင်ပဲ
ဆင် ဆင်ချင်း
မြင်း မြင်းချင်း
လူ လူချင်း စစ်ခင်းတယ်
သေရဲတဲ့ ကောင်တွေချည်း
သွေးချင်းချင်းရဲ
မင်းရဲကျော်စွာဟာ
တုံတလ မှာဆုံးတယ်
ဒလ မှာ ဆုံးတယ်
တွံတေး ဖြစ်လာတော့
တွံတေး တူးမြောင်းထဲ ခုန်ချတာပေါ့
ဘာတွေ့ရမလဲ
အရှေ့ကိုကူးသွား
ဒလရှိတယ်
ဆက်သွား
ဒဂုံဆံတော်ရှင် မင်းဖူးရမယ်
အနောက်ကိုကူးသွား
ကမ်းနားမှာ တံငါလှေတွေ
ကမ်းနားမှာ အိုးတွေ
ရှယ်အိုး မြေအိုး
အမျိုးအကြောင်းပြောတဲ့ အိုးတွေ
ကမ်းပေါ်တက်
ဆံတော်ရှင်ကို ဖူးပြီးပြန်မယ်
တံတားပေါ်က
ဘာမြင်လဲဆို
ဒါတွေ မင်းမြင်လိမ့်မယ်
ပစ္စုပ္ပန်ကနေ အတိတ်ထိ
ရွေ့သွားတဲ့ တိမ်တွေလို
တစ်လိပ်ချင်း မြင်ရမယ်
#ခန့်သော်မောင်
Keep Reading