Tun Aung Kyaw (သံတွဲ)
သင်တန်းခန်းမပေါ်ကနေကြည့်လိုက်ရင် သင် တန်းတွေကိုပဲ လှမ်းမြင်နေရတဲ့ ရန်ကုန်မြို့ရဲ့သင်တ န်း ဗဟိုချက်နယ်မြေ လှ ည်းတန်း။
ဤနယ်မြေသည် ရန်ကုန်-အင်းစိန်လမ်း၊ တ က္ကသိုလ်ရိပ်သာလမ်း၊ လှ ည်းတန်းလမ်း၊ 1877 ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့ဗမာပြည်ရဲ့ အစောဆုံးအဝေးပြေးလ မ်းဖြစ်တဲ့ ရန်ကုန်-ပြည်လ မ်းတို့လို အထင်ကရ လမ်းတွေရဲ့ ဆုံရပ်၊ အချက်အ ချာ နေရာ။
တချိန်ကလူသိများ ထင်ရှားတဲ့ ဂိုးရှိုးလ်စတိုး တဖြစ်လဲ လှည်းတန်းစင်တာ၊ လှည်းတန်းဂုံးကျော်တံတား၊ စိန်ဂေဟာကုန်တို က်၊ လှည်းတန်းစျေးတို့လိုအထင်ကရနေရာတွေနဲ့ လူနေထူထပ်တဲ့ DOWN TOWN နယ်မြေကို ကိုယ် စားပြုပေမယ့် ဤနယ်မြေရဲ့ သမိုင်းဝင်မှုကိုဖော်ညွှန်း နိုင်သည်က ထိုအဆောက် အဦးများ မဟုတ်။
ဗမာပြည်ရဲ့အဝေးပြေးလမ်းတွေကို စမှတ်နေရာအဖြစ် စတင်တိုင်းထွာခဲ့တဲ့ ရန်ကုန်စာတိုက်ကြီးမှ (၆) မိုင် အကွာအဝေးမှာတည် ရှိတဲ့ ရန်ကုန်တက္ကသိုလ်န ယ်မြေက လှည်းတန်းရဲ့သ မိုင်းဝင်မှုကို ပိုမိုလေးနက်အောင်ဖော်ညွှန်းနေတဲ့ အ ထင်ကရ နေရာတခုပါ။
MAIN ထဲလို့ အလွယ် တကူခေါ်ဆိုလေ့ရှိတဲ့ ရန်ကုန်တက္ကသိုလ်က အင်း လျားကန်ဘောင်ကို ဖြတ် သန်းပြီး မိုင်ဝက်ကျော်လောက် လမ်းလျှောက်ရင် RC 2၊ ကွန်ပျုတာတက္ကသို လ်၊ပြီးရင် သမိုင်းဝင်းထဲက ကျနော်တို့ရန်ကုန်စက်မှုတ က္ကသိုလ်ကျောင်းသား/သူ အဆောင်တွေ အပါအဝင်အဆောင်တွေပေါ့။
ကာလက္ကတား တက္ကသိုလ်လက်အောက် ခံ JUDSON(JU ဂျု၊ D ဒ၊ SON ဆန်၊ဗမာလို အင်္ဂလိ ပ်အသံထွက်ရာမှ ယုဒသန်ဟု အမည်ပြောင်းလာ) ကောလိပ်မှ တက္ကသိုလ်အ က်ဥပဒေကိုထုတ်ပြန်ပြီး 1920 မှာ တက္ကသိုလ် အဆင့်တိုးမြှင့်ပေးခြင်းခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်။
ကာလက္ကတား၊နယူးဒေလီ၊ တိုကျို၊ နာဂိုယာ၊ ဘေဂျင်း၊ဂျီနန်း၊ရှန်ဟိုင်း၊ အပါအဝင်တက္ကသိုလ်တွေ ကလွဲရင် အာရှတက္ကသိုလ် တွေထဲမှာ ရန်ကုန်တက္ကသို လ်ထက်စောတဲ့ သမိုင်းဝင် တက္ကသိုလ်တွေ အတော့်ကို ရှားပါးပါလိမ့်မယ်။
မြို့နေလူဦးရေ တသန်းနဲ့တသန်းခွဲဝန်းကျင် အတွက်ရည်ရွယ်ပြီး တည် ဆောက်ခဲ့တဲ့ ရန်ကုန်မြို့ပြ နယ်နိမိတ်အတွက် ရန်ကုန် တက္ကသိုလ်နယ်မြေတွေကို သီးခြားအပန်းဖြေရင်း ပ ညာသင်ကြားနိုင်တဲ့ အထိ မ်းအမှတ်နေရာတွေအဖြစ် အင်္ဂလိပ်တွေ စနစ်တကျ ရည်ရွယ်လုပ်ဆောင်ခဲ့ပုံ ပေါ်ပါတယ်။
1930 ဝန်းကျင် အာရှမှာ နိုင်ငံတကာပညာ တော်သင်အများဆုံး စာရ င်းဝင်ဖြစ်ခဲ့တဲ့ တက္ကသိုလ်၊ ဝင်ခွင့်တွေဖြေဆိုပြီး အော င်မြင်မှုရမှ တက်ခွင့်ရတဲ့ တက္ကသိုလ်၊ စင်ကာပူခေါ င်းဆောင်လီကွမ်းယု ဝင်ခွင့်မအောင်လို့ တသသ ဖြစ်ခဲ့ရတဲ့ တက္ကသိုလ်။
အစားပြန်မရနိုင်တော့တဲ့ အတိတ်ဖြစ်စဥ်တွေရဲ့အကြားမှာပဲ MAIN ထဲနဲ့အခြားတက္ကသိုလ်တွေ အချင်းချင်းကြားက ဖြစ်စဥ်မျိုးတွေလည်း ရှိခဲ့ကြဖူးမှာပါပဲ။
အထူးသဖြင့်တော့ စာသင်ချိန်အားတာ၊ကျော င်းမတက်ချင်တာနဲ့လစ်ရင်လစ်သလို MAIN RC2 ထဲ သွားလေ့ရှိတဲ့ ကျောင်းသူဦးရေ 15% ကျော်သာရှိတဲ့ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းတော်သားတွေ အတွက်ပေါ့။
လွမ်းဆွတ်တမ်းတဖွယ်ရာ ဒဏ္ဍာရီလိုလိုဇာတ် လမ်းတွေ၊ကြည်နူးစရာ အ ခိုက်အတန့်နဲ့ ခံစားရမှုတွေ၊ မမေ့နိုင်စရာအဖြစ်အပျ က်တွေက ဂန္တဝင်မြောက် စာပေ၊သီချင်း၊ကဗျာ၊ သု တ၊ရသစာပေတွေအဖြစ် ဖနတီး ပေးနိုင်ခဲ့လေရော့သလား?
"မီးမထွန်းတဲ့ အခန်းကျဥ်းထဲ ဝဲတဲ့ လိပ်ပြာငယ်လေးရယ်---၊ ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း၊ ရင်မှာသံမှိုစွဲနှလုံးအိမ်ထဲ တို့ ------၊အဆောင်မှာ ခြောက်တဲ့ သရဲကြီးရယ်၊ ဘယ်သူလဲလို့ မမေးပါနဲ့၊ ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ -----၊ဂစ်တာသံ တွေ တမ်းတရင်း အိပ်ပျ က်ရပြီ၊ မီးကလေးမှိတ်လို့ မာလာဆောင်မှာ လွမ်းရင်းဆွေးရတယ်-------"
ခံစားမှုရသပေါင်းစုံနဲ့ တခမ်းတနား ဖွဲ့နွဲ့ပြီးတော့ ညွှန်းဆိုမှုတွေပြုခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်ဟာ ပိ တ်ထားတာ ဘယ်လောက် ကြာသွားပြီလဲ?ဖွင့်လား/မဖွင့်ဘူးလား?ဆိုတာကို ကျနော့်အနေနဲ့ သတိမထားခဲ့မိတာ အချိန်အတော့်ကို ကြာမြင့်ခဲ့ပြီပေါ့။
စိတ်ပျက်၊ငြီးငွေ့ဖွယ် တက္ကသိုလ်ကျောင်းသားဘဝကုန်ဆုံးပြီး အင်ဂျီနီယာဘွဲ့ရယူခဲ့တဲ့ ဘွဲ့နှင်းသ ဘင်ခန်းမဆောင်နဲ့ သစ်ပုတ်ပင်ကြီးကတော့ ကျနော့်အတွက် အမှတ်ရစရာ တခုပါပဲ။
ထူးခြားတဲ့ ဒီဇိုင်း၊ လေဝင်လေထွက်စနစ်၊ တ ည်ဆောက်ပုံနဲ့ ကိုလိုနီခေ တ်လက်ရာ၊ ဒဏ္ဍာရီလိုလို အတိတ်နိမိတ်တွေ၊ ဆိုရိုးစ ကားတွေရှိခဲ့တဲ့ CONVO CATION ခန်းမ။
၄၄ ဆက်မြောက် အမေရိကန်သမ္မတ ဘားရ က်အိုဘားမား 2012 နိုဝင် ဘာ 19 ရက်နေ့မှာ သမိုင်း ဝင် မိန့်ခွန်းကို ပြောကြား သွားတဲ့ ခန်းမ။
ကျနော်ဘွဲ့ယူစဥ်က ခန်းမအမိုးတန်း(စကျင် ကျောက်သားနဲ့ သွန်းလုပ်ထားဟုဆို)မှာ တွေ့ရတဲ့ WITH TRUTH AND LOYALITY 1939 "အမှန်တရားနဲ့သစ္စာစောင့်သိမှုအ တွက်"ဆိုတဲ့ ကျောက်အမာခံတန်းမှာ ထွင်းထားတဲ့ စာတန်းလေးခုတော့ဘယ် လိုနေသလဲ မသိတော့။
အမှန်တရားတွေ ပျောက်ဆုံးခဲ့လေပြီလား? ကျနော်တို့အားလုံး အမှန်တရားတွေနဲ့ ကင်းကွာလို့ သွားခဲ့ကြပြီလား?
ပျောက်ဆုံးသွားတဲ့ အမှန်တရားတွေအတွက် အဘယ်ကဲ့သို့သော သစ္စာစောင့်သိမှုကမှ ပြန်လည် ယင်းစားပေးနိုင်မှာ မဟုတ်တဲ့အတွက် အမှား/အမှန်၊ဓ မ္မ/အဓမ္မဟာ ကိုယ်လိုရာဆွဲပြီးတော့ အငြင်းပွားနေလို့လည်း အပိုပါပဲ။
နိုင်ငံနဲ့လူမျိုးတခုရဲ့ အနာဂတ်တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးလို့ သတ်မှတ်ရမယ့် ပ ညာရေးပရဝုဏ်(နယ်မြေ) လို့ နယ်ချဲ့တွေ သတ်မှတ် ယူဆခဲ့တဲ့ ရန်ကုန်တက္ကသို လ် နယ်မြေ။
တိုင်းရင်းသားမျိုးနွယ် စုများအပါအဝင် နိုင်ငံတဝှ မ်းမှ အရောင်၊အသွေးစုံလ င်တဲ့ ပညာတတ်(လူတော်) တွေဟာ တက္ကသိုလ်ပရဝု ဏ်မှာ စုဆုံဖြစ်ခဲ့ကြတယ်။
ဒီလိုစုဆုံရာ ပင်မ လူ့စွမ်းအားအရင်းအမြစ် တွေကို နည်းပေါင်းစုံနဲ့ ချိုး နှိမ်၊နှိပ်ကွက်ရည်ရွယ်ချက် ရှိရှိနဲ့ မိမိအတ္တ၊ အကျိုးစီး ပွားရယူလိုမှုတွေအတွက် ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်တွေရဲ့ အကျိုးဆက်ကို ကျနော်တို့ မျိုးဆက်တွေ စဥ်ဆက်မပြ တ် ရင်ဆိုင်၊ကြုံတွေ့ နေရပါတယ်။
တက္ကသိုလ်တွေရဲ့ အခန်းကဏ္ဍ ဘက်စုံမြှင့်တ င်နိုင်ရေးဟာ နိုင်ငံ/လူမျိုး/ဒေသရဲ့ ဂုဏ်သိက္ခာအတွ က် မရှိမဖြစ်လိုအပ်ချက်တခုပါ။
ဒီအခြေခံကတဆင့် နိုင်ငံ/လူမျိုး/ဒေသအလို က် အားထားရတဲ့ လူစွမ်းအားအရင်းအမြစ်တွေကို တက္ကသိုလ်နယ်မြေတွေ အခြေခံပြီး ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်။
လက်ရှိ လူငယ်မျိုးဆက်တွေ နိုင်ငံတကာ အဆင့်ထိအတွေး၊စိတ်ကူး၊ အကောင်အထည်ဖော်ကာ ဘက်စုံ၊ကဏ္ဍစုံမှာ ကြိုးပ မ်းတည်ဆောက်လာတာတွေကို ပိုမိုမြင်တွေ့လာနေရပါတယ်။
ကျနော်တို့ အဲ့ဒီအရွယ်က စိတ်ပင်ကူးလို့မရခဲ့တဲ့ နယ်ပယ်၊ကဏ္ဍ၊ န ည်းပညာအခြေခံ အပြော င်းအလဲတွေကို အများစု ပေါင်းပြီး လမ်းကြောင်း တည့်မတ်ပုံဖော်ပေးနိုင်ရင် ကျနော်တို့ အနာဂတ်က စိတ်ချရပါပြီ။
ပညာရေးစကားနဲ့ ပြောရရင် ကျနော်တို့နိုင်ငံအဆင့်က A ခန်းမှာ ဘယ်သူပိုတော်သလဲ? ပြိုင်နေရတဲ့အဆင့်မဟုတ်ဘူး။
Z ခန်းမှာ ဘယ်သူ ပိုတော်သလဲ? ပြိုင်နေရတဲ့ အဆင့်ပဲ။
ဒါကြောင့် ဘယ်သူ ဘာကောင်လဲ က အရေးမကြီးဘူး။
ကိုယ် ဘာလုပ်နိုင်စွမ်း ရှိတယ်၊ဘယ်လိုလုပ်တတ်တယ်၊ ဘာတွေလုပ်နေတ ယ်၊ဘာတွေဆက်လုပ်မယ်၊ အများစုပေါင်းအားနဲ့ အော င်မြင်အောင်ဘယ်လိုပုံဖော်မယ်ဆိုတဲ့ အချက်တွေပဲ အရေးကြီးပါတယ်။
ထွန်းအောင်ကျော် သံတွဲ၊(ရန်ကုန်စက်မှုတက္ကသိုလ်)
Keep Reading