ဖိုးစည်
ပေးဆပ်ခြင်းကသာ အချစ်တဲ့ ယုံပါပြီညီမရယ်
မခူးရက် မခြွေရက်တဲ့
ဒီဥယျာဥ်မှူးလေးနဲ့တော့
ထာ၀ရဆိုတဲ့ နံရံတွေခြားကာ အ၀ေးကြီး၀ေးသွားကြပြီပေါ့။
အဆွေးတစ်သန်းနဲ့ တွေးတိုင်းလွမ်းနေပါမည်
အိုကွယ်..(သိပ်ချစ်တာပဲကွာ)လို့
ပြောချင်ပင်မယ့်
မပြောရက်ခဲ့တဲ့အကြောင်းအရင်းလေးက
မတန်လို့တဲ့ ခုဆိုညီမလည်းသက်ဆိုင်သူနဲ့
ပျော်နေပါညီမရယ်
အကိုကတော့ကြမ်းတမ်းလှတဲ့
လောကဓံပြဇာတ်ကို
ဇာတ်လိုက်နေရာမှာ၀င်ပြီး
အသုံးတော်ခံလေးအဖြစ်
တစ်ထောင့်တစ်နေရာကနေ
ကပြပေးရအုံးမှာပေါ့
သူငယ်ချင်းတစ်ချို့ကတော့
နှစ်သိမ့်သဘောနဲ့ ကြာရင်မေ့သွားမှာပါတဲ့။
တစ်ကယ်လို့ညီမကိုမေ့ရခဲ့ရင်တော့ ထိုနေ့ဟာ
ဘဒ္ဒကမ္ဘာ ပျောက်တဲ့နေ့ ၊
ဖိုးလမင်းပျောက်တဲ့နေ့ ၊
နေကြာပန်းလေးတွေမျက်နှာမူရာအရပ်မရှိတော့တဲ့နေ့။
(တစ်နည်းအားဖြင့်
နောင်ဘယ်တော့မှရှိလာမည်မဟုတ်တဲ့နေ့)။
ဖြစ်နိုင်ရင် ညီမရဲ့လက်ကိုဆွဲပြီး
ကမ္ဘာတစ်ခြမ်းတော့လည်ပတ်ချင်သေးတယ်
ကမ္ဘာတစ်ခြမ်းလည်လို့မရခဲ့ရင်တောင်မှ
ပုဂံ ညောင်ဦးလောက်ပေါ့ (ခနတာဖြစ်ဖြစ်ပါ) ။
ညီမ မပေးခဲ့တဲ့မျှော်လင့်ချက်ဆိုတာက
ကို့အတွက်တော့ ကမ္ဘာပျက်သလိုပါပဲ ..။
သြော် ..ဘာမှအခြေအမြစ်မရှိတဲ့
ငတုံးတစ်ယောက်ကို
ဘယ်မိန်းမပျိုလေးကများ
မျှော်လင့်ချက်ပေးချင်မှာလည်းလေ
ညီမ မမှားခဲ့ပါဘူး ။
ကိုယ့်ကမ္ဘာက လရောင်လေးဟာမှိန်နေပါပြီ
ညီမရဲ့အသိတရားထဲမှာမကြာခင်
ပျောက်ကွယ်သွားတော့မယ့်ကောင်လေး
(ထာ၀ရပေါ့)
နောက်ဆုံးတော့ ၀ေးသွားကြတော့မှာပေါ့။
ခွဲခွာခြင်းရဲ့ တမန်တော်ဖြစ်တဲ့
လက်လေးတောင် ယိမ်းမပြလိုက်ရပါ့လား
ညီမရယ်။
ဖိုးစည်
Keep Reading