Author's Profile Photo

SarPhat Author

18/10/2024

"ဘာအတွက်ရှင်သန်တာလဲထက် ဘယ်လိုရှင်သန်မှာလဲ" ______________________________

1 min read
Life Style
18 Again
Psychology
"ဘာအတွက်ရှင်သန်တာလဲထက် ဘယ်လိုရှင်သန်မှာလဲ"
______________________________'s photo

"ဘာအတွက်ရှင်သန်တာလဲထက် ဘယ်လိုရှင်သန်မှာလဲ"
_____________________________________

တစ်ခါတစ်လေ အသက်ရှင်ရတာ၊ လူ့ဘဝမှာ နေထိုင်ရတာက စိတ်ပျက်ဖို့ကောင်းလွန်းတယ်၊ ငြီးငွေ့ဖို့ ကောင်းလွန်းတယ်လို့ သင်ထင်ဖူးပါသလား.. ဒါမှမဟုတ် ပျော်ရွှင်စရာတွေများတယ်၊ ပျော်လည်းပျော်ရပေမယ့် တချိန်ချိန်မှာ ဝမ်းနည်းရမှာ မပျော်ရမှာကိုတွေးပြီး စိုးရိမ်ကြောင့်ကြတာမျိုးကော သင်ကြုံဖူးပါသလား....

ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပျောက်ဆုံးဖူးပါသလား
လမ်းတွေပျောက်ပီး ကိုယ်ဘာကြောင့်အသက်ရှင်နေရတာလဲဆိုတာ ပြန်မေးဖူးပါသလား....

ကျွန်တော်တို့ရဲ့ဘဝမှာ တစ်ကြိမ်တစ်ခါပဲ ရနိုင်တဲ့အရာ တစ်ခုရှိတယ်....အဲ့တာကတော့ အသက်ပဲ။
အသက်ရှင်နေရတယ် တစ်နည်း သေဆုံးဖို့အတွက် ဘဝခရီးကို သွားနေကြရတယ်။ လမ်းခရီးဆိုတာဟာ သေမင်းဆီကိုသွားနေတဲ့လမ်းပေါ့ အဲ့ဒီ့လမ်းမှာ ကျွန်တော်တို့ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ခံစားချက် အမျိုးမျိုး အသစ်အဟောင်း အမျိုးမျိုးကို ဖြတ်ကျော်ပြီး ရှေ့ဆက်သွားကြရသလို၊ ကိုယ်ဝါသနာပါရာနောက်ကိုလည်း တပြိုင်နက်မှာပဲ လိုက်ကြရတယ်၊ တချို့က ကိုယ့်ကိိုယ်ကို ရှာဖွေတွေ့ရှိကြတယ် တချို့က ရည်ရွယ်ချက်အမျိုးမျိုး ပန်းတိုင်အမျိုးမျိုးကြောင့် တစ်ခုခုအတွက် အသက်ရှင်နေကြရပေမယ့် တချို့ကတော့ ကိုယ့်ကိုယ်ကိုလည်း ရှာမတွေ့သလို ရည်ရွယ်ချက်မရှိဘဲ ရှင်သန်နေကြသလို လေးနက်တဲ့ အဓိပ္ပာယ်တွေ ပျောက်ဆုံးနေကြရတယ်။

အမှန်က ကျွန်တော်တို့တစ်တွေဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဆိုတာကို အဓိပ္ပာယ်ကောက် လွဲနေကြတယ်။ လူတစ်ယောက် အသက်ရှင်သန်ခြင်းဆိုတာမှာ အမျိုးမျိုးသော စိတ်ခံစားချက်တွေ၊ ဘဝမှာကြုံတွေ့ရမယ့် ကောင်းတဲ့အရာတွေ၊ ဆိုးတဲ့အရာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ့် ပြဿနာတွေ၊နေ့စဥ် နိစ္စဓူဝ အတွေ့အကြုံတွေနဲ့ အခိုက်အတန့်လေးတွေ ပါဝင်တယ် ဆိုတာပါပဲ။

ကိုယ့်ဘဝအတွက် ကိုယ်က အမြဲတမ်း Main Character ဖြစ်နေသလို ကျန်တဲ့သူတွေကတော့ Sidekicks လေးတွေဖြစ်ပြီး ဘဝဆိုတာ ရုပ်ရှင်တစ်ခုလိုပါပဲ အချစ်၊အလွမ်း၊အဆွေး၊ပျော်ရွှင်မှု၊ဝမ်းနည်း ကြေကွဲမှုတွေကို ကျွန်တော်တို့ကိုယ်တိုင် တွေ့ကြုံခံစား ဖျော်ဖြေနေရတဲ့ ပြဇာတ်ခုံ တစ်ခုလိုပါပဲ၊ ကိုယ်ရရှိလာတဲ့ Character role အပေါ်မှာ အကောင်းဆုံး သရုပ်ဆောင်ပြီး ဖျော်ဖြေမှုပေးနေကြရသလိုပါပဲ။

ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက် ပန်းတိုင်တွေအတွက်ပဲ အသက်ရှင်နေတာထက် အဲ့ဒီ့အရာတွေဆီ ရောက်ဖို့ ကိုယ်ဘယ်လိုသွားနေတာလဲ၊ ကိုယ်ဘယ်လိုအကောင်းဆုံး သရုပ်ဆောင်နေတာလဲ၊ ကိုယ်ဘယ်လိုရှင်သန်နေတာလဲ ဆိုတာတွေကသာ ပိုအရေးကြီးတာပါ။ ကျွန်တော်ပြောချင်တာ အဲ့ဒီ့ပန်းတိုင်တွေက အရေးမကြီးဘူးလို့လို့ ပြောချင်တာမဟုတ်ဘဲ အဲ့ဒါတွေဆီ သွားနေတဲ့အချိန်မှာ ကြုံတွေ့ရတဲ့အရာတွေ ၊အခိုက်အတန့်တွေကမှ အသက်ရှင်ရတဲ့ အဓိပ္ပာယ်ကို ပိုပြီးတော့ ပြီးပြည့်စုံစေနိုင်တဲ့အရာတွေလို့ ဆိုချင်တာပါ။

နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို တွေ့ရှိချင်ရင် ဒါမှမဟုတ် ကိုယ်ဘယ်လိုရှင်သန်နေတာလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဘဝရုပ်ရှင်ကားတစ်ကားလုံးကို ချုံငုံသုံးသတ်ပြီး ဘောင်အပြင်ဘက်ကနေ ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်လိုမျိုး သေချာကြည့်ရှုမှာသာ ဘဝရှင်သန်ခြင်းရဲ့ အနှစ်သာရကို နားလည်သိမြင်နိုင်တော့မှာပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမရိုးတရိုးရပ်တန့်ရမယ့်အချိန်အာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း