Author's Profile Photo

မိုးနှောင်းအလင်္ကာ

18/10/2024

"တစ်သက်လုံးပေါင်းသင့်သော လူခြောက်ယောက်"။

1 min read
Life Style
General Knowledge
18 Again
"တစ်သက်လုံးပေါင်းသင့်သော လူခြောက်ယောက်"။'s photo

လူတိုင်းမှာ မိတ်ဆွေအပေါင်းအသင်းဆိုတာအရေးကြီးတဲ့ နေရာတစ်ခုပါ။ မိတ်ဆွေစစ်၊မိတ်ဆွေကောင်းကို ရထားတယ်ဆိုရင်တော့ လုံးဝလက်မလွှတ်သင့်ပါဘူး။ဒါပေမဲ့ မိတ်ဆွေအတုအယောင်တွေကိုတော့ ဘေးနားထားလို့ သင့်တော်မှာမဟုတ်ပါဘူး။ဒါ့ကြောင့် မိတ်ဆွေစစ်ဆိုတာကို ဖော်ပြနေတဲ့ ဒီလိုအခြေအနေမျိုးတွေမှာ လက်လွှတ်မခံဘဲ ပေါင်းသင်းသင့်တဲ့ လူခြောက်ယောက် ကိုမှတ်သားထားပါ။


(1) သင့်ကိုငွေချေးပေးသူ။

ငွေတပြား၊တစ်ကျပ် တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။ဒါ့ကြောင့်တန်ဖိုးထားပါ။ သွေးနဲ့ချွေးနဲ့ရင်းခဲ့တဲ့ ငွေကြေးကို ခင်မင်မှု နဲ့နှိုင်းယှဥ်တဲ့အခါ ခင်မင်မှု၊မိတ်ဆွေ ဆက်ဆံရေးကို တန်ဖိုးထားစွာ သင့်ကိုငွေချေးပေးသူကို မမေ့လျော့ခြင်းဖြင့် ကျေးဇူးတင်လိုက်ပါ။


(2) သင့်ကို ပစ္စည်းရက်ရက်ရောရော ပေးတတ်သူ။

ပစ္စည်းပေါလွန်းလို့တော့ မဟုတ်ပါဘူး။ ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။ လိုချင်စိတ်နဲ့ ဝယ်လာတဲ့ပစ္စည်းကို သင့်အတွက် ရက်ရက်ရောရောပေးတတ်သူဟာ သူ့မှာပေါများနေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ပေးကမ်းစွန့်ကြဲတတ်စွာနဲ့ မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးကိုအလေးထားလို့ပါ။ ဒါ့ကြောင့် တန်ဖိုးထားပါ။


(3) အလုပ်အတူတူလုပ်တဲ့အချိန်မှာ သင့်ကိုဦးစားပေးတတ်သူ။

ဒါဟာ "အ"လို့မဟုတ်ပါဘူး။မျှဝေခံစားတတ်လို့ပါ။ ပေးလိုက်တဲ့ ဦးစားပေးခြင်းကို ကိုယ်တိုင်မရရင်တောင် မိတ်ဆွေရင်းချာတစ်ယောက်ရပါစေဆိုတဲ့ စိတ်ဟာ မျှဝေခံစားတတ်သူမှ အဲ့ဒီလိုစိတ်မျိုးရှိတာပါ။ ဒါ့ကြောင့် အလေးထားပါ။


(4) အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ။

အလုပ်ချိန်မှာ အလုပ်ပိုလုပ်တတ်သူဟာ "နုံအ" လို့မဟုတ်ပါဘူး။တာဝန်သိတတ်သူမို့ပါ။ အလုပ်ကို တာဝန်သိစွာ တာဝန်ယူမှု၊တာဝန်ခံမှု ရှိတဲ့လူကို လေးစားပါ။ဒါဟာ နုံအ သူမဟုတ်ပါဘူး။ တာဝန်သိတတ်သော လူကြီးလူကောင်းမို့ပါ။


(5) ငွေအရင်ရှင်းတတ်သူ။

ငွေကိုအရင်ရှင်းတဲ့သူဟာ ငွေပေါလော နေလို့မဟုတ်ပါဘူး။ ခင်မင်ရင်းနှီးမှုကို ငွေထက်တန်ဖိုးထားတတ်လို့ပါ။ မိတ်ဆွေဆက်ဆံရေးကို ငွေထက်တန်ဖိုးထားစွာ ပေါင်းသင်းတတ်သူကို ထပ်တူညီစွာ တန်ဖိုးထားဆက်ဆံပါ။ ဘာကြောင့်လည်းဆိုရင်   သင့်အတွက် နှစ်ယောက်မရနိုင်လို့ပါ။


(6)သင့်ကိုကူညီတတ်သူ။

သင့်ကို ကူညီတာဟာ အောက်ကျခံနေလို့ မဟုတ်ပါဘူး။ သင့်ကို သူငယ်ချင်းအရင်းလို သတ်မှတ်လို့ပါ။ တစ်ခုခုဖြစ်လာတဲ့ အခါ အနစ်နာခံစွာ ကူညီ တတ်သူဟာ သင့်ကို သူငယ်ချင်းအရင်းလို သတ်မှတ်နေလို့ပါ။ အဲ့ဒီလိုလူမျိုးကို လုံးဝလက်မလွှတ်သင့်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဒီလိုလူမျိုးဟာ ရှားပါးလို့ပါ။


ဒါ့ကြောင့် အထက်က ဖော်ပြခဲ့တဲ့ လူခြောက်ယောက်ကို သင့်ဘဝ ရဲ့ တစ်နေရာရာမှာတွေ့ခဲ့တဲ့အခါ အမိအရဆုပ်ကိုင်ထားပါ။ ကောင်းမွန်စွာပေါင်းသင်းဆက်ဆံပါ။ အသက်ထက်ဆုံးတိုင် ပေါင်းသင်း၍ရသော လူ​ေခြာက်ယောက်ဟာ ထိုလူတို့ဖြစ်ကြောင်း သိထားပါ။


#မိုးနှောင်းအလင်္ကာ

(ကျန်းမာ၊ချမ်းသာ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)