Author's Profile Photo

ခေတ်ဦးစင်ရော်( အံ့နှောင်း )

16/10/2024

• အသက်ရှင်နေသရွေ့....။

1 min read
General Knowledge
18 Again
• အသက်ရှင်နေသရွေ့....။'s photo
" ရန်သူတစ်ထောင်လဲကျဖို့....မင်းမစွမ်းနိုင်လည်း ကွာ..လူတစ်ယောက်ကို...ဆွဲထူပါ...။ ဆွဲထူပါ.အ.အာ..။ နောက်ကျောကို ဓားနဲ့ထိုးလည်း ပြုံး ပြလိုက်ပါ.....။ အဖေ့ဆုံးမစကား အမြဲ နားထောင်ပါညီလေးရာ...။ လူတွေရဲ့ ချီးမွမ်း ခြင်းနဲ့ ကဲ့ ရဲ့ ခြင်းဟာ အားလုံး ခဏတွေပါ..။ "


မှောင်ရီပျိုးစ ညချမ်းမှာ ကျွန်တော့ အစ်ကိုကြီး က အဲဒီသီချင်းလေး ကို ဆိုပြတယ်..။ သူ့ဂီတာ သံ ဆုံးသွားတဲ့နောက်မှာ.. အစ်ကိုကြီး က ကျွန်တော့် ကို တစ်ချက်ကြည့် လိုက်ပြီး စကားစပြောတယ်..။

" ညီလေး..။ ဘဝ ဆိုတာကြီးက အစ်ကိုတို့ ထင်သလောက် မလွယ်ကူခဲ့ ဘူးကွ..။ "

ဆိုပြီး အစချီ လိုက်တယ်..။ အစ်ကို ဘာဆက် ပြောမလဲ.. ။ ကျွန်တော် အသာပဲ နားစွင့်နေမိတယ်..။

" ဟေ..ငါ့ညီရေ..။ အစ်ကိုက ဘဝ ဒဿန ပညာရှင်တော့မဟုတ်ဘူး..။ ဒါပေမဲ့ အစ်ကိုလည်း ဘဝဆိုတာ ကိုဖြတ်သန်းဖူးတာပဲ..။ ဖြတ်လည်းဖြတ်သန်းနေရတာ ပဲ...။ အကုန်လုံး မသိရင်တောင်အရိပ်အငွေ့လောက်တော့အစ်ကိုလည်းနားလည်ပါတယ်ကွ..။အစ်ကိုသိထားတဲ့ ဘဝဆိုတဲ့အကြောင်းကို ငါ့ညီလေးသိအောင် အစ်ကိုနည်းနည်းတော့ ရှင်းပြချင်တယ်..။
တိုတိုနဲ့ ပြတ်ပြတ်ပဲ ပြောရရင်ကွာ..ဘဝဆို တာ မွေးဖွားခြင်း ဒါမှ မဟုတ်သေဆုံးခြင်းပဲ ရှိတယ်ကွ..။ အစ်ကို့ ဒီအသက်အရွယ်နဲ့ အစ်ကိုရှာတွေ့မိသလောက်ဘဝဆိုတာ ဒါပဲ ကွ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့ ကွာ....မွေးဖွားလာပြီးတဲ့နောက်မှာ ဖြတ်သန်းရတဲ့အခိုက်အတန့်တွေပေါ့..။ ဘဝက ဘယ်လိုလူတစ်ယောက်အဖြစ်မွေးဖွားလာတယ် ဆိုတာနဲ့ စတယ်..။ ပြီးတော့ ဘယ်လိုလူတစ်ယောက်အဖြစ် အနားယူသွားတယ်ဆိုတာနဲ့ ဆုံးတယ်..။အစ်ကိုတို့တကယ်နားလည်ရမှာက ဘယ်လိုလူတစ်ယောက် အဖြစ်အနားယူကြမလဲဆိုတာပဲ...။အစ်ကိုအရှည်ကြီးမပြောချင်ဘူးကွာ..။ အစ်ကိုပြောချင်တာ က လူအဖြစ်မွေးဖွားလာပြီးရင် လူပီသရမယ်ကွ..။ အခုငါ့ညီလေးလျှောက်ရမယ့်ခရီးကအရှည်ကြီးကျန်သေးတယ်...။အစ်ကိုကတော့ ငါ့ညီလေးကို ဘဝခရီးရဲ့မှတ်တမ်းတင်ဖွယ် ခရီး သွားတစ်ယောက်ဖြစ်စေချင်တယ်.။ တစ်နည်းပြောရရင် လူပီသတဲ့ လူတစ်ယောက်ပေါ့..။ငါ့ညီလေးအသက်က ငယ်သေးတယ်..။ ဒါကပညာရှာရမယ့်အရွယ်ပဲ..။ အစ်ကိုမင်းကို ကျောင်းစာပဲ လုပ်လို့မပြောဘူး..။ ကျောင်းစာက ဘဝအကြောင်းကို သင်မပေးဘူး..။ အစ်ကိုက မင်းကိုလူတော်တစ်ယောက်ထက် လူကောင်းတစ်ယောက် ပိုဖြစ်စေချင်တယ်..။ ဒါမင်းအပေါ်ထားတဲ့ အစ်ကို့ စိတ်အရင်းအမှန်ပဲ..။ အခုအချိန်မှာ ခေတ် ဆို တာ ပျက် နေ တာ ကွ..။ခေတ်ပျက်ထဲမှာ ပျက်စီးနေတဲ့ လူငယ်တွေထဲ ငါ့ညီကို မပါစေချင်ဘူး..။ မင်းဘဝရဲ့ လမ်းကိုမင်းကိုယ်တိုင်လျှောက်ရမှာဖြစ်တယ်..။ အစ်ကိုဆိုတာ .. မင်းဘေးမှာ အမြဲ ရှိချင်မှ ရှိနိုင်မှာ..။ ဒီတော့ အစ်ကိုမင်း အတွက် တစ်သက်တာ စကားလက်ဆောင်လေးတွေတော့ ထည့်ပေးလိုက် ချင်တယ်...။

" ဘဝဆိုတာ မွေးဖွား ခြင်းမှ သေဆုံးခြင်းအထိပဲ
ညီလေး.. ။ အဲဒီ ဘဝထဲမှာ သန့်ရှင်းတဲ့ ခြေရာတွေပဲ ချန်ခဲ့ပါ.....။ သန့်ရှင်းတဲ့ခြေရာတွေပဲ ကျန်ခဲ့ပါစေ..။ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက် ဖြစ် စေတဲ့ မီးခိုးငွေ့တွေ မင်းမဖြစ်ပါစေနဲ့...။ ပတ်ဝန်းကျင်အတွက် ကူညီအားဖြည့်တဲ့ အောက်ဆီဂျင်ဆိုတဲ့ လေပြည် ၊ လေညှင်း လေးပဲ မင်းဖြစ်ပါနော်....။ ..... နောက်တစ်ကြိမ်ထပ်ရဖို့ မသေချာတဲ့ လူဘဝမှာ ဒီကမ္ဘာကြီး နဲ့ တစ်ရင်းတစ်နှီးနေသွားပါ..။မင်း လုပ် ချင် တာ တွေ ကို လုပ် ပါ ။ မင်း ဖြစ် ချင် တာ တွေ ဖြစ် မှာ ပါ..။ သဘာဝတရားကြီးကို ချစ်ဖို့ မမေ့ပါနဲ့....။ အရေးအကြီးဆုံးက ကိုယ့်ကိုကိုယ် ချစ်ဖို့ မမေ့ ပါနဲ့..။ ညီလေး.....။

~ ဝတ္ထု တိုလေးအနေနဲ့ ရေး ထား ခြင်း ဖြစ် ပါသည်... စာဖတ်သူများ ခင်ဗျာ..။

~ ပြီးပြည့်စုံမှု မရှိသော်လည်း ကြိုးစားခြင်းများ ဖြင့် ဖော်စပ်ထားသောကြောင့် ၊ အမှားပါလျှင် ခွင့် လွှင့်စေလိုပါသည်..။

Date - 16. 10. 2024
Author - ခေတ်ဦးစင်ရော် ( အံ့နှောင်း)

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းUC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ပျော်စရာနေ့