ဖိုးစည်
ရင်ထဲပေါ့ကွာ အစဥ်ဆက်မကလှပါတဲ့
မြေမထိပန်းလေးညို
ညိုကိုလွမ်းတဲ့အကြောင်းနဲ့ ပန်းတစ်ခင်းစာကဗျာများ ကိုရေးမထားနိုင်တော့
အချိန်တန်ပြီမို့ ၀ေးသွားကြမှာပါ
ကိလေသာမပါတဲ့ ၅၂၈နဲ့
ကိုယ် ရိုးရိုးလေးချစ်လျှက်ပါပဲ
ရေးခြစ်မထားရသေးသော
ကျောက်သင်ပုန်းမှာညို နံမည်
အရင်ရေးမယ်
ဘ၀တစ်ခုလုံး အေးချမ်းစေလိုကြောင်း
ရည်ညွန်း၍ပေါ့
တစ်ခါတစ်လေ သစ်ရွက်လေးတွေကို အတောင်ပံတက်ပေးချင်စိတ်ဖြစ်မိတယ်
သူ့မိခင် သစ်ပင်ကြီးနဲ့ ခွဲနေရတဲ့အဖြစ်မျိုး ကိုယ် မလိုလားလို့ မတော်လို့ ကြွေသွားခဲ့သည်ရှိသော် မိခင်သစ်ပင်ကြီးဆီကို ပျံသန်းလာနိုင်အောင်လို့ပေါ့
ခုတော့ သူ့ခမျာလည်း လေနှင်ရာလွင့် ......
ညိုရယ် ခနတာ ဖြစ်ဖြစ်ချစ်ခွင့်ပေးပါ့လား နောက်ကြတစ်ဘ၀စာ၀ေးသွားမယ်ဆိုတာ..
ကောင်းကင်ကြီးရယ် ကျွန်တော် ညို့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြချင်သေးတယ်
ကျွန်တော် တစ်မလွန်ခရီး မသွားချင်သေးဘူးဗျာ...
မြောက်စူးစူးအရပ်က ကျွန်တော်ငေးနေကြ ကြယ်ကလေးတောင်ကြွေပေါ့
ထာ၀ရဆိုတာ တစ်ကယ်တော့ ၀ေးကွာခြင်းတစ်မျိုးရဲ့ အဓိပ္ပာယ်ပါ အချိန်တန်တော့ ထာ၀ရ၀ေးသွားမှာပါ ဒီလောက်ပါဘဲ......
သို့သော်..ညို .
နှုတ်ဆက်တယ်လို့ပြောခဲ့ချင်ပင်မယ့်..
လက်မပြနိုင်တာ တော့နားလည်စေချင်သည်
အကယ်၍ကျွန်တော်နှုတ်ဆက်ဖြစ်ခဲ့ရင် ညို...
"ချစ်တယ်ဆိုတဲ့ စကားလုံးတစ်လုံးကို ကျွန်တော် အနက်အဓိပ္ပာယ်နဲ့ ပြောပြချင်သေးတယ်"
ဖိုးစည်
Keep Reading