
ကျော်ဇောအောင်

လူ့ဘဝဟူသည်က (ဘ) ကုန်းနှင့် စ၊ (ဝ) လုံးနှင့် ဆုံး၊ ပျော်မဆုံး မော်မဆုံး၊ တပြုံးပြုံးနှင့် အသက်ဆက်ကြ။
အကောင်းလောကဓံ ကြုံပြီးခါမှ၊ တဖန် အဆိုးက အောက်ပြန်ဆွဲချ၊ ထိုသည့်အခါမှ မျက်ရည်စက်လက်ကျ။
သမုဒ္ဒရာ ဝမ်းတစ်ထွာအား ဖြည့်ကာတင်းရ မဝ၊ မေ့ကာ ပျင်းမရ၊ တလှုပ်လှုပ်နဲ့ ကြိုးစားအားထုတ်ကြ။
ငွေထုပ်ရှာစု မပြုသူက၊ (သင်္ကန်း) ပရိက္ခရာ၊ ပြည့်စုံချိန်ကျ၊ သာသနာ့ဘောင်ကြွ၊ လူ့ဘောင် ရှောင်ခွာကြ။
လောကုတ္တရာ ဘောင်ရောက်မှ၊ မဂ္ဂင်ရှစ်ဖြာ ဖောင်စီးကာ၊ ဟိုမှာဘက်ကမ်း ပြည်နိဗ္ဗူသို့ ခွါ။
Photo edit with Chatgpt application.
Keep Reading