M Min Nyo
(ဆောင်းပါးတို)
မြန်မာမှန်ရင် မြန်မာပြည်ကြီးကို ချစ်ကြသလို၊ မြန်မာစာပေနဲ့ မြန်မာစကားကိုလည်း ချစ်မြတ်နိုးကြပါလိမ့်မယ်။
ဓလေ့ထုံးတမ်းနဲ့ ရိုးရာယဥ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းကြသလို၊ မိခင်ဘာသာစကားနဲ့စာပေကိုလည်း ထိန်းသိမ်းကြဖို့လိုပါတယ်။
မြန်မာတွေကိုယ်တိုင် အရေးမှား၊ အပြောမှား လုပ်နေတာတွေကို နိုင်ငံခြားသားတစ်ယောက်(Ko Pete) ဆိုသူက ထောက်ပြပေးနေတာတွေ တွေ့ရပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပိုမိုပြီးလေ့လာဖို့လိုသလို၊ အမှန်ဖြစ်အောင်လည်း ပြုပြင်ဖို့ လိုပါတယ်။ အမှားဆိုတာကတော့ ဘယ်ဘာသာစကားမှာဖြစ်ဖြစ် မကင်းပါဘူး။ Native Speaker တွေ ဖြစ်ပါစေ မှားတတ်ကြတာပါပဲ။ ကျွန်တော်တို့လုပ်နိုင်တာကတော့ အမှားနည်းအောင် ဂရုစိုက်ခြင်းပါ။
အများအားဖြင့်တော့ စာပေနဲ့ဘာသာစကားမှာ အရေးနဲ့အပြောဆိုပြီး ရှိပါတယ်။ အမှားအများဆုံးကလည်း အရေးနဲ့အပြော ရောထွေးခြင်းပါပဲ။ တစ်ခုရှိတာက အရေးပိုင်းကို စကားပြောပုံစံနဲ့ ရေစလို့ရပါတယ်။ အပြောပိုင်းကိုတော့ အရေးပုံစံနဲ့ပြောရင် ဘယ်လိုမှ အဆင်မပြေပါဘူး။
ဒါကြောင့် မြန်မာစာနဲ့မြန်မာစကားမှာ မှားယွင်းရောထွေးတတ်တဲ့ ပုံစံတွေကို ပြောပြပေးလိုက်ပါတယ်။
[အရေး] [အပြော]
1.ထို့ကြောင့် ဒါကြောင့်
2.ဆိုသည်ကို ဆိုတာကို
3.ဆိုလျှင်/လျှင် ဆိုရင်/ရင်
4.နှင့် နဲ့
5.များ ၊ တို့ တွေ
6.လို လိုမျိုး/လို
7.၍ ၊သောကြောင့် ၊သဖြင့် လို့
သည့်အတွက် ၊ ရကား
8. ဖြစ်သည့်/ဖြစ်သော ဖြစ်တဲ့
9. သည် ၊ ၏ တယ်
10.မည် မယ်
11.လိမ့်မည် လိမ့်မယ်
12.မည့် မယ့်
13.အဘယ်ကြောင့်ဆိုသော် ဘာကြောင့်လဲဆိုတော့
အကြောင်းမူကား
အကြောင်းမှာမူ
14.သည့်အတွက်ကြောင့် တဲ့အတွက်ကြောင့်
15.စသည့် စတဲ့
16.ယခု အခု
17.ယခင်က အရင်က
18.နောင် နောက်
19.ထို့နောက် ၊ ပြီးနောက် အဲ့ဒီနောက် ၊ ပြီးတော့
20.ထို အဲ့ဒီ
21.ထိုအရာ အဲ့ဒီဟာ
22.သို့သော်၊ သို့ရာတွင် ဒါပေမယ့်
သို့သော်လည်း
23.ခန့် လောက်
24.မည်သို့ ဘယ်လို
25.မည်နည်း မလဲ
26.မဟုတ်ပေ၊ မဟုတ်ချေ မဟုတ်ဘူး
မဟုတ်ပါ
27.လူများ လူတွေ
28.သူ၏ သူ့ရဲ့
29.သူပြောသည်မှာ သူပြောတာက
30.နေစဥ် နေတုန်း
31.အနည်းငယ်မျှ နည်းနည်းလောက်
32.အတွက်၊ ရန် ၊ အလို့ငှာ ဖို့ ၊ အောင်
အံ့သောငှာ
33.ထို့အပြင် ဒါ့အပြင် ၊ ဒီအပြင်
34.စဥ် ၊ လျက် ကာ ၊ တုန်း
35.သော်လည်း ပေမယ့်လည်း
ဒီလို အသုံးလေးတွေကို သိသွားရင်တော့ နောက်တစ်ခါ ထပ်မှားဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒီနေ့ကစပြီး ရေးတာပဲဖြစ်ဖြစ်၊ ပြောတာပဲဖြစ်ဖြစ်၊ ဂရုစိုက်ပြီးပြုပြင်သွားရင် အမှားကင်စင်သွားပါလိမ့်မယ်။
နောက်ထပ် Post တွေမှပဲ ပြည်လည်ဆုံတွေ့ကြပါစို့ဗျာ။
"Online ပေါ်မှာငွေရှာဖို့ အခွင့်အလမ်းဖန်တီးကြပါစို့"
#KnowledgeSharing
#Myanmar
#MMinNyo
Keep Reading