ညီညီ
သီတင်းကျွတ် လပြည့်ညဟာ မြန်မာ့ယဉ်ကျေးမှုထဲမှာ အဖိုးမဖြတ်နိုင်တဲ့
နေ့တစ်နေ့ ဖြစ်ပါတယ်။ အဲ့ဒီနေ့ညဟာ
အတွေ့အကြုံတွေ၊ ခံစားမှုတွေနဲ့ အတူ စိတ်ကိုဆွဲခေါ်ပြီး မျက်လုံးထဲမှာ မဖြစ်နိုင်တဲ့ အရာတွေကို အိပ်မက်ထဲမှာ တွေ့မြင်နိုင်စေတဲ့တစ်ညဖြစ်တယ်။ တစ်ခါတစ်လေမှာလည်း ကျွန်တော်တို့ရဲ့ အိပ်မက်တွေဟာ လွန်ခဲ့တဲ့အတိတ် အခြေအနေတွေကို ပြန်လည်တွေ့ကြုံစေပြီး ခံစားချက်တွေကို စုံလင်စွာဖော်ပြပေးတတ်ပါတယ်။
ဒီသီတင်းကျွတ် လပြည့်ညဟာ တစ်နှစ်တာတွင်း အလင်းရောင်အပြည့်အဝကျရောက်တဲ့ညဖြစ်ပြီး လမင်းကြီးက ကောင်းကင်မှာလှပစွာရောက်နေစဉ် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များ ကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။ ရှေးတုန်းက များသောအားဖြင့် သီတင်းကျွတ် လပြည့်ညမှာ ကျွန်တော်တို့မြို့မှာရှိတဲ့ ဘုရားတော်တော်များများမှာ ဖန်တီးထားတဲ့ ဂူဘုရားအတွင်း ဝင်ရောက်ပြီး ထီးနှင့်ပလ္လင်တန်ဆာအနေနဲ့ သစ်သီးတစ်မျိုးမျိုးကို ပူဇော်သလို၊ အဘိုးအဘွားတို့က လှူဒါန်းမှုများကို ပျော်ရွှင်စွာ လုပ်ဆောင်ကြတယ်။
သီတင်းကျွတ်ပွဲတော် ဟာဆိုရင် ကျွန်တော်တို့ မြန်မာ့လူမျိုး တွေအတွက် တန်ဖိုးထားထားတဲ့ ပွဲတော်ဖြစ်ပါတယ်။ ကလေးတွေ
အတွက်တော့ လူကြီးမိဘများကို ကန်တော့ပြီး မုန့်ဖိုးတောင်းပြီး သူငယ်ချင်းများနဲ့
လမ်းထိပ်မှာ မီးသရဲဆော့၊ မီးရှုးမီးပန်း
များကိုဆော့ကစားလျက် ပျော်ရွင်နေကြတဲ့ပွဲလေးဖြစ်ပါတယ်။
တချို့လူငယ်လေးများက ဘုရားသွားပြီး ဆီးမီးတစ်ထောင်ထွန်းပွဲမှာ သွားရောက်ကူညီလုပ်ဆောင် ပေးကြပါတယ်။ထိုအထဲမှာ ကျွန်တော်သူငယ်ချင်းတွေနဲ့ အတူကျွန်တော်လဲ ပါဝင်ကူညီပေးပြီး ဘုရားရှိ ဘေးပတ်ဝန်းကျင် ကိုကြည့်နေရင်း မိန်းမကလေးများစွာကိုတွေ့ရပါသည်။မိန်းကလေးများသည်အ၀ါရောင်၊ပန်းရောင်
ရင်ဖုံးအင်္ကျီနှင့်ချိတ်ထဘီများ
၊သနပ်ခါးလေးများဖြင့်ချစ်စရာ
ကောင်းတဲ့အမျိုးသမီးများကို
တွေ့မြင်ရပါတယ်။
မြန်မာ့ အမျိုးသမီးများသည် ရိုးရာပွဲတော်များမရှိလျှင် မြန်မာ့၀တ်စုံ ရင်ဖုံးနှင့်ချိတ်ထဘီကို ဝတ်ဆင်လေ့ မရှိကြပါလော့။
တကယ်က အိမ်နေရင်လဲ ၀တ်သင့်ပါသည်။ မြန်မာ့ရိုးရာဓလေ့ကိုလဲ ထိန်းသိမ်းသင့်ပါ၏။
ကျွန်တော်တို့ သူငယ်ချင်းများနှင့်
ဆီးမီးတွေ ထွန်းပြီးချိန်မှာ မီးပုံးပျံများကို ကောင်းကင်ပေါ်ဖို့ သို့ လွှတ်တင်ဖို့ လုပ်ဆောင်တုန်း စဉ်းစားမိသည်
မီးပုံးပျံလွှတ် တင်တယ်ဆိုတာ မိမိမှာရှိတဲ့ စိတ်သောကများကို အကုန်လွှတ်ချဖို့ နောက်လမယ့်အနာဂတ်မှာကောင်းမွန်အရာတွေကိုသာ ဖြစ်စေဖို့ထင်မိ၏။ ကျွန်တော်တို့မီးပုံးပျံလွှတ်ဖို့ ပြင်ဆင်ပြီပြီးမို့ စတင်ပြီး မိုးပုံးပျံကို စတင်လွှတ်တင်လိုက်ပါတယ် ကောင်းကင်မှာ
မီးပုံးပျံတွေများနဲ့ လှပပြီး
ပန်းချီဆရာတစ်ယောက်
ခံစားချက် အပြည့်နဲ့ဆွဲထား
တယ်ထင်ရာအောင် သိပ့်ကိုအသက်ဝင်တဲ့ပန်းချီကားတစ်ချပ်လို့ ပါပဲ။
ထိုအချိန်မှာ ကျွန်တော်ကုတင်ပေါ်ကပြုတ်ကျပြီးနိုးလာခဲ့ပါတယ်။
သိပ့်ကိုပျော်ရွှင်စရာကောင်းတဲ့
အိမ်မက်ထဲက သီတင်းကျွတ် လပြည့်ညပါပဲ တကယ့်အလင်းရောင်ပြည့်ဝတဲ့ညတစ်ည ဖြစ်ခဲ့ပါသည်။
ညီညီ
ဖတ်ရှုပေးတဲ့ လူတစ်ယောက်ချင်းစီးကိုကျေးဇူးအထူးတင်ပါတယ်။https://d37prn8pxyven1.cloudfront.net/8624d20471c948d1a9e5cc2c8fc9776b/img/2024-10-10T19:50:49.179931.jpg
Keep Reading