Honey cho
ဘာလို့အမှိုက်ကိုစနစ်တကျစွန့်ပစ်သင့်တာလဲ
✅သန့်ရှင်းသပ်ရပ်ပြီး အမှိုက်ကင်းစင်နေတဲ့ လမ်းတစ်ခုနဲ့ အမှိုက်တွေနဲ့ ပြည့်နေတဲ့ လမ်းတစ်ခုကို စိတ်ကူးယဉ်ကြည့်ပါ။ ဘယ်ဟာက ကိုယ့်ကို စိတ်ရှုပ်စေသလဲ။ အမှိုက်တွေ ပြည့်နေတဲ့ လမ်းတစ်ခုကို စိတ်ကူးယဉ်လိုက်ရုံနဲ့တင် စိတ်ထဲမှာ ရွံပြီး အမှိုက်နံ့တွေ ရလာတယ်ဟုတ်။
✅လက်တွေ့မှာလည်း အမှိုက်ကပေးတဲ့ ဆိုးကျိုးတွေက အများသားပါ။ ပတ်ဝန်းကျင်ကို ညစ်ပတ်စေတာအပြင် တခြား လူသိနည်းတဲ့ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။
?အမှိုက်တွေကို တွေ့ရာနေရာမှာ စွန့်ပစ်တာက
သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။
အမှိုက်တွေ ပြိုကွဲတဲ့အခါ ဓာတုပစ္စည်းနဲ့ microparticlesတွေ ထွက်လာပါတယ်။ ဒါတွေက သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ တရားခံတွေပါ။ မြေ၊ ရေ၊ လေ နေရာတိုင်းကို ညစ်ညမ်းစေပါတယ်။
?လေ့လာချက်တွေအရ ရေထုညစ်ညမ်းရတဲ့ ၆၀%လောက်က အမှိုက်တွေကြောင့်ပါတဲ့။ ဒါ့ပြင် ကမ္ဘာမှာ ၄၀%သော အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်ဘဲ မီးရှို့ကြတာကြောင့် လေထုညစ်ညမ်းရပါသတဲ့။ လေထုညစ်ညမ်းမှုကြောင့် နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးတွေ ထိခိုက်နိုင်သလို အက်စစ်မိုးတွေကိုလည်း ရွာသွန်းစေနိုင်ပါတယ်။
?တိရစ္ဆာန်တွေကို ထိခိုက်စေနိုင်ပါတယ်။
အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်တဲ့အခါ ကုန်းနေ၊ ရေနေ၊ လေနေ သတ္တဝါလေးတွေ စားမိတာ၊ ခန္ဓာကိုယ်မှာ ရစ်ပတ်မိတာကြောင့် သေဆုံးရပါတယ်။ နှစ်စဉ် လင်းပိုင်၊ ဝေလငါး၊ လိပ်နဲ့ တခြားငါးမျိုးစိတ်တွေ အကောင်ပေါင်း ၁၀၀,၀၀၀ လောက်က ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့် သေဆုံးနေရပါတယ်။
?ရောဂါဘယတွေ ဖြစ်စေနိုင်ပါတယ်။
အမှိုက်တွေကြောင့် ကြွက်တွေ၊ ယင်တွေ ပေါက်ဖွားပြီး ပတ်ဝန်းကျင် ညစ်ညမ်းစေသလို ဒီအကောင်လေးတွေကနေတဆင့် လူတွေကို ဒုက္ခပေးနိုင်တဲ့ သယ်ဆောင်လာနိုင်တာကြောင့် ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ကူးစက်ရောဂါတွေ ဖြစ်လာပါလိမ့်မယ်။
?ကုန်ကျစရိတ်များစေပါတယ်။
အမှိုက်ကို စနစ်တကျ မစွန့်ပစ်တဲ့အတွက် သူ့ရဲ့ နောက်ဆက်တွဲ ပျက်စီးမှုတွေကို လိုက်ရှင်းရတာကြောင့် ကုန်ကျစရိတ်ပိုပြီး များစေပါတယ်။ ဥပမာ မြောင်းထဲကို အမှိုက်တွေ စွန့်ပစ်တဲ့အခါ မြောင်းပိတ်ပြီး ရေကြီးမယ်၊ လမ်းတွေ ပျက်စီးမယ်၊ အမှိုက်တွေ နေရာအနှံ့မှာပြန့်ကျဲမယ်။ ဒါတွေကို နောက်ကနေ လိုက်ရှင်းရတဲ့အတွက် ငွေကုန်ကြေးကျ ပိုများပါတယ်။
?ပတ်ဝန်းကျင်အတွက် အမြင်မသင့်တော်ပါ။
အမှိုက်တွေ ဟိုမှာဒီမှာ စုပုံနေမယ်ဆိုရင် ယင်တလောင်းလောင်းနဲ့ မသင့်တော်သလို အမှိုက်က ထွက်တဲ့အနံ့တွေကြောင့် စိတ်ရှုပ်စရာကောင်းပါတယ်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အမှိုက်တွေ ဟိုတစ်စ၊ ဒီတစ်စ မြင်နေရတာက အမြင်လည်း မသင့်တော်ပါဘူး။
✅ဒီလိုမျိုး ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ကျန်းမာရေးပြဿနာတွေ ပေးနိုင်တဲ့အတွက် အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ လိုလာပါပြီ။
?ဒီအတွက် ကိုယ့်တစ်ကိုယ်ရည်စာကနေ စပြီး တာဝန်ယူပါ။ အပြင်သွားတိုင်းမှာ တစ်ရှူးစကနေစပြီး ဘယ်အမှိုက်ကိုမှ တွေ့ရာနေရာမှာ မပစ်ပါနဲ့။ အမှိုက်ပုံးတွေ့မှ ပစ်ပါ။ ဒါမှမဟုတ် အိတ်တစ်လုံးဆောင်ထားပြီး တစ်ကိုယ်ရည် အမှိုက်တွေကို စုထားပြီး အမှိုက်ပုံးတွေ့တဲ့အခါ ရှင်းနိုင်ပါတယ်။
?အိမ်မှာလည်း စားကြွင်းစားကျန်တွေ၊ အမှိုက်ခြောက်၊ အမှိုက်စိုတွေကို စနစ်တကျ စွန့်ပစ်ပါ။ လမ်းထိပ်က တစ်နေရာရာမှာ သွားပုံလိုက်တာမျိုး မဟုတ်ဘဲ အမှိုက်ကား လာသိမ်းတဲ့အခါ ဒါမှမဟုတ် အမှိုက်ကန်မှာ စနစ်တကျ စွန့်ပစ်ဖို့ လိုပါတယ်။
?အမှိုက်တွေကို မီးမရှို့ပါနဲ့။ စနစ်တကျ ထုပ်ပိုးပြီး သေချာစွန့်ပစ်ပါ။
?ချောင်းတွေ၊ မြောင်းတွေထဲကိုလည်း အမှိုက်မသွန်ပါနဲ့။ ရေနေသတ္တဝါလေးတွေကို အန္တရာယ်ဖြစ်စေနိုင်လို့ပါ။
✅အမှိုက်ဆိုတာ နေ့စဉ်ထွက်နေမယ့် အရာပါ။ စနစ်တကျ စွန့်ပစ်နိုင်မှ ပတ်ဝန်းကျင် ညစ်ညမ်းမှုကင်းပြီး ကျန်းမာရေးမထိခိုက်မှာပါ။ ကိုယ်တင်မကဘဲ ကိုယ့်ရဲ့ နောင်မျိုးဆက်အတွက်ပါ စံပြအဖြစ် စနစ်တကျ အမှိုက်ကို ပစ်ပြပါမှ ရေရှည်မှာ ညစ်ညမ်းမှုကင်းစင်ပြီး ကမ္ဘာကြီးက သန့်ရှင်းလှပမှာ ဖြစ်ပါတယ်။
Credit to Dr Htet Htet Zaw Win
Keep Reading