Author's Profile Photo

Meliodas Khun

3/10/2024

"သင်တို့ဘဝအတွက် လိုအပ်​သောဆရာ"

1 min read
Education
General Knowledge
Art
"သင်တို့ဘဝအတွက် လိုအပ်​သောဆရာ"'s photo


ကျွန်​တော်တို့ ရှင်သန်​နေထိုင်ရာ ဒီ​လောကကြီးထဲမှာ ​ကျေးဇူးရှင်​တွေ အများကြီးရှိပါတယ်...။

သူတို့က​တော့ ကိုယ့်ကို ဒီလောကထဲမှာ ​မပူမပင် မ​ကြောင့်မကျဘဲ ခြေအစုံချနိုင်​အောင် ​မွေးထုတ်​ပေးတဲ့ ​မွေး​ကျေးဇူးရှင်မိဘနှစ်ပါးရယ်...

ကြီးလာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ သ​​ဘောတရားကိုနားလည်​အောင် ပညာရည်နို့ တိုက်​ကျွေး​ပေးတဲ့ ​လေးစားရတဲ့ ဆရာ/ဆရာမ​တွေ...

ပြီး​တော့ လူတိုင်းလူတိုင်းရဲ့ ဘဝမှာ ထဲထဲဝင်ဝင် ဂရုတစိုက်ကူညီ​ပေးတဲ့ ​ကျေးဇူးရှင်​တွေအများကြီးရှိပါတယ်...။

အဲ့ဒီထဲကမှ ကျွန်​တော်တို့ကို ပတ်ဝန်းကျင်မှာ လူလိမ်မခံရ​အောင် သင်ကြားပြသ​ပေးတဲ့ ဆရာ/ဆရာမ ​တွေက​တော့ အဓိက​နေရာမှာပါဝင်ပါတယ်။

ဘုရား၊ တရား၊ သံဃာ၊ မိဘတို့အပြင် ​ဆရာဆိုတဲ့ လူပုဂ္ဂိုလ်ဟာလည်း ​ကျွန်ုပ်တို့ဘဝမှာ အလွန်အ​ရေးကြီးတဲ့ အခန်းကဏ္ဍက​နေ ပါဝင်ပါတယ်...။

ငါတို့က ​ကျောင်းမှ မတက်ခဲ့တာ ဘယ်ကဆရာကို သွားပြီး​ကျေးဇူးတင်ရမှာလဲဆိုပြီး မဟုတ်ပါဘူး။ ကျောင်းဆရာမှ ဆရာဆိုတာမျိုး အထင်မလွဲပါနဲ့။ သူငယ်ချင်းတို့ရဲ့ ဘဝမှာ ပုံမှန်ထိ​တွေ့ခံစားခဲ့ဖူးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာ​တွေဆိုတာလည်း ဆရာ​တွေပါဘဲ...။

သူငယ်ချင်းတို့ ဖုန်း​တွေသုံးကြတယ်။ တစ်ခါတစ်​လေ ခလုတ်​တွေ​ကြောင်သွားလို့ ကိုယ့်သူငယ်ချင်း တစ်​ယောက်​ယောက်ကို သွားပြီးအကူညီ​တောင်းခဲ့တယ်ဆိုပါစို့။ အဲ့ဒီ သူငယ်ချင်း သင်​ပေးလိုက်လို့ ကိုယ်အဆင်​ပြေ သွားတယ်ဆိုရင်ဘဲ ဒါဟာ​ ကျေးဇူးတင်ထိုက်တဲ့ ဆရာစာရင်းထဲပါဝင်​နေပါပြီ။

ဆရာဆိုတာ သူဘာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ​နေ​နေ သူ့တပည့်​တွေအ​ပေါ်မှာ​တော့ ​ကောင်း​စေချင်တဲ့ ​အေးမြကြည်လင်တဲ့ စမ်း​ရေလို ​မေတ္တာဆိုတာအမြဲရှိပါတယ်။

ဒါ​ပေမဲ့ သူငယ်ချင်းတို့ကလည်း အဲ့လိုဆရာ​ကောင်းမျိုးရဲ့ စကားဆိုမလွှဲမ​သွေနား​ထောင်​ပေးကြပါ၊ သိတတ်​ပေးကြပါ။ ဆရာ​/ဆရာမ တွေရဲ့ ​ကျေးဇူးက ကြီးလွန်းလို့ ဆက်​ရေးရင် ကျွန်​တော့် က​လောင်စွမ်းက လိုက်မမှီမှာ​တောင် စိုးရိမ်မိပါတယ်။

ဒါ​ကြောင့် ဆရာ​ကောင်းတပည့် ပန်း​ကောင်းပန် ဆိုတဲ့အတိုင်း ဒီ​လောကကြီးမှာ ​ကောင်းမွန်တဲ့ ဆရာသမားနဲ့​တွေ့ဆုံပြီး ကျွန်​တော်တို့ဟာ နိုင်ငံအတွက် အကျိုးရှိမယ့် ​ကျောက်မျက်ရတနာ​ကောင်း​လေး​တွေ ဖြစ်လိုက်ကြရ​အောင်ပါ...?။   ။

#Khun
Thu, 3 Oct
#ANGÉL_ALPHÁ

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship