Author's Profile Photo

Noon (နွန်း)

2/10/2024

နှလုံးစွဲထားသောMotivation Quote

3 mins read
Education
General Knowledge
Creative
နှလုံးစွဲထားသောMotivation Quote's photo

Motivation Quotes လို့ပြောရင် လူတိုင်းက Note သိမ်းထားတတ်ကြတယ်။ သိမ်းထားလို့ရပါတယ်။အကျိုးရှိရှိလည်း သုံးတတ်ဖို့လိုသေးတယ်‌ လေ။Motivation Quotes ကို စာဖတ်သူတိုင်း အလကားမဖြစ်စေနိုင်မယ့် အောက်က ခံယူချက်လေးကို မျှဝေပါရစေ။

ဒီအလုပ်၊ဒီစကား၊ဒီစာစုသည် လူတစ်ယောက်ရဲ့ ဘဝကို ကယ်တင်နိုင်မည့်အလုပ်၊ အမွန်မြတ်ဆုံးကုသိုလ်ရနိုင်မည့် စကား၊ အရှုံးမရှိပီတိစားရမည့် စာစုတစ်ကြောင်းဖြစ်လာလိမ့်မည်။



နွန်း လက်ကိုင်ဆွဲတဲ့ Motivation Quotesထဲက တစ်ခုလေးကို မမျှဝေခင်မှာ Motivation Quotes တွေကို ဘယ်လိုမျိုး ခံစားဖတ်ရှုရမလဲ၊ဘယ်လိုစာဖတ်သူလဲဆိုတာကို ရှင်းပြ၊‌ ဖော်ပြချင်ပါတယ်။

၁။ အားဖြည့်စာစုလေးတွေကို ဘယ်လိုဖတ်ရှုရမလဲ။

တစ်ချို့က မိုတီရချင်တယ်ဆိုပြီး စာစုတွေတင်ခိုင်းတတ်ကြတယ်။ဖတ်လိုက်ပါတယ်။ခဏပဲ ကိုယ့်အတွက်အားဖြစ်သွားတယ်။နောက်ကျ စာစုတွေကိုမေ့သွားရောလေ။ ထိုသို့ စာဖတ်သူအတွက်ကတော့ လက်ကိုင်ဆွဲနိုင်တဲ့ အားဖြည့်စာစုက ခပ်ရှားရှားပေါ့။တစ်ချို့ကျတော့ ဒီစာတွေဖတ်ပြီး အားပြည့်လန်းဆန်းနေတယ်။ သူများတွေအတွက်လည်း အားဖြည့်ပေးတတ်တယ်။  ဘာကွာတာလဲလို့ မေးတာမျိုးရှိကြလား။

 အားဖြည့်စာစုကို တကယ်နှလုံးသွင်းနေအောင် ဘယ်လိုဖတ်ရမလဲ။ တစ်ချို့ဆို စာစုတွေကို 
ထိုင်ကျက်ဆိုတာမျိုးရှိသေးတယ်။ ဖတ်တာချင်းတူတူပဲလေ။အားဖြည့်တာလည်း ဟုတ်နေတာပဲ။

 ဒါပေမယ့် ခွန်အားကခဏပဲရတယ်။

အဲဒီမှာ အဓိက ပြဿနာက ဘာလည်းဆိုတော့ Motivation Quotes ရဲ့ အဓိပ္ပာယ် လေးနက်မှုကို
နားမလည်ခြင်း၊နှလုံးသားသွင်းထားတတ်ခြင်းကို
သူတို့ စနစ်တကျနားမလည်တာပါ။

✓ ‌Quoteတစ်ခုကို ဖတ်တဲ့အခါ ထိုQuoteရဲ့ ပေးချင်တဲ့ အရသာကို ပထမဆုံးရှာတတ်ရပါတယ်။

✓Quotesအရသာဘယ်လိုရှာရတာလဲဆိုတော့ Quote တစ်ခုဘာကိုအဓိကရည်ရွယ်ချက်ပြီး‌ ရေးထားသလဲ။

✓ ရည်ရွယ်ချက်ကို ကိုယ်ကရှာတွေ့ပြီဆိုရင် ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်၊လူ့ဘဝအတွေ့အကြုံနဲ့နှိုင်းယှဉ်ရမယ်။

✓ကိုယ်က‌နေ ဒီQuoteတစ်ခုကို ဘယ်နေရာမှာ၊ဘယ်လိုခံစားချက်တွေနဲ့ အသုံးပြုနိုင်လဲ။ ဘယ်လို ခွန်အားပေးနိုင်လဲ။ဘယ်အခါမှာမျှဝေအသုံးချနိုင်လဲ။

✓ အပေါ်ကအချက်အားလုံးကို ကိုယ်က တွေ့ပြီဆို‌ရင်တော့ မှတ်မိစေအောင် ကိုယ်အမြဲအသုံးပြုတဲ့ မှတ်စုစာအုပ်လေးထဲ ရေးပြီးသုံးခေါက်အနည်းဆုံးဖတ်ကြည့်ရင် ရနိုင်ပါတယ်။

ဒါကနွန်းရဲ့ ကိုယ်ပိုင်မှတ်နည်းပေါ့နော်။

၂။ Motivation Quotesကို Systemကျကျ
မဖတ်သော စာဖတ်သူအမျိုးအစားများ

✓ သိမ်းဆည်းရေးလုပ်သူ

Motivation Quotes တွေကို တော်တော်ဖတ်နိုင်တဲ့သူ‌တွေရှိပါတယ်။ စာအုပ်တိုင်းဝယ်ဖတ်ပြီး သိမ်းထားတာမျိုးပေါ့။ ဖတ်ထားရင်‌ ကိုယ်က စာအုပ်ကို ညွှန်းနိုင်တယ်လေ။ အားလုံးကို ဆိုလိုတာ မဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာ ဘယ်လိုအသုံးချရမလဲဆိုတာ သိပ်မသိကြဘူးလေ။ဒီတော့ စာအုပ်ဖတ်ပြီး အချိန်ကုန်၊ ငွေကုန် ၊ဝါးပင်သာကုန်သွားမယ်။

✓ အလွတ်ကျက်သူ

အလွတ်ကျက်တဲ့သူတွေရှိနိုင်ပါတယ်။ ဒါပေမယ့် မေ့သွားတယ်။ တကယ်တော့ မေ့တယ်ဆိုတာ ကိုယ်က နှလုံးမသွင်းဘဲ နှုတ်တိုက်ကျက်နေပြီး စာရဲ့ ဆိုလိုရင်းကို နားမလည်လို့လည်း ဖြစ်နိုင်ပါတယ်။ အချိန်တွေသာ ကုန်ပါတယ်။မမှတ်မိလာဘူး။

✓လိုအပ်မှစာဖတ်သူ

လိုအပ်မှ စာအုပ်ဖတ်သူဆိုတာ ကျောင်းသား၊ကျောင်းသူတစ်ချို့နဲ့ ဉပမာပြလို့ရပါတယ်။ စာစီစာကုံးရေးခါမှ စာအုပ်ကောက်ဖတ်၊အချက်အလက်ယူတာမျိုးပေါ့။ စာကို အမြဲဖတ်ပြီးရေးတဲ့သူနဲ့ လိုအပ်မှ ဖတ်တဲ့သူစာက စာအရေးအသားယှဉ်ကြည့်ရင် သိသာပါတယ်။ ကြိုဖတ်သူဟာ စာအရေးအသားမှာ စာရဲ့ ရေးပုံရေးနည်းကို သိတယ်။ဘယ်လိုရေးပြီးဖတ်ရင် အနှစ်သာရပိုရှိလဲ ၊ပို‌ပြေပြစ်လည်းသိတယ်။ လိုအပ်မှဖတ်သူရဲ့စာက တောင့်တင်းတင်းကြီးနဲ့ရှိတတ်တယ်။ ဒီလိုပါပဲ။ Motivation Quotes ကို အမြဲဖတ်သူဟာ ချောချောမွေ့မွေ့နဲ့ ခွန်အားပေးနိုင်ပေမယ့် လိုအပ်မှ ဖတ်တဲ့သူရဲ့ စကားကတော့ နားထောင်ကောင်းနေသော်လည်း လိုအပ်ပြီး ခံစားချက်ကို ထိအောင်မပေးနိုင်ပါဘူး။

၃။နွန်းလက်ကိုင်ဆွဲထားသောMotivation Quoteတစ်ကြောင်း

သိပ်ကိုခွန်အားပေးခဲ့တဲ့စာသားလေးပေါ့။လက်ဆွဲကိုင်တဲ့အကြောင်းအရင်းက ပညာရေး၊စီးပွားရေး စတဲ့အရာတွေတိုင်းမှာ အတုအယောင်တွေနဲ့ပြည့်နှက်နေတတ်ပါတယ်။
ကိုယ်တကယ်ကြိုးစားလို့ ရခဲ့တဲ့ အောင်မြင်မှုလို့ ကိုယ့်ကိုယ်ကို ထင်ကြ၊မြင်ကြတာများတယ်လေ။
ဒီလိုလူတွေအတွက် တွေးပေးနိုင်တဲ့စာစု၊ ပြန်ပြောနိုင်မယ့် Quote ‌တစ်ကြောင်းက

It's better to fail in originality than to success in imitation.
အတုအယောင်အောင်မြင်တာထက်စာရင် အစစ်အမှန်ကျရှုံးတာ ပိုကောင်းပါတယ်။

ဒီစာစုနဲ့ ပတ်သက်ရင် နွန်းကျောင်းသားဘဝက ဆရာမစီ စာပြတဲ့အချိန်မှာ လိုက်ခိုးချလို့ အမှတ်ရသွားတဲ့ လူတွေ တပြုံတစု။

တစ်ပါးသူကနေ လုယူတဲ့ အရာနဲ့ သူ့တက်လမ်းရှာလို့အောင်မြင်မယ်ဆိုရင်တောင် သူ့လုပ်ရပ်သည် တစ်နေ့ ပေါ်သွားနိုင်တယ်။ ထိုအခါမှာ သူဟာ လုယူခံရတဲ့ ခံစားချက်နဲ့ အတုအယောင်ဆိုတာကို ခံစားရပြီး အသိတရားကို ရသွားရပါစေသား ဆိုတဲ့စိတ်နဲ့ပေါ့။

အောင်မြင်လာတဲ့သူတိုင်းကို အထင်မကြီးတတ်ပါဘူး။ ဒါကြောင့် Quote ကို အပြင်လောကနဲ့
ထင်သာမြင်သာစေဖို့ ဉပမာ ပြောပြပါ့မယ်။

ကမ္ဘာ့လက်‌ဝှေ့ချန်ပီယံ အောင်လအန်ဆန်း


သူသည် သူ့အောင်မြင်မှုကို သင်ဆရာ၊မြင်ဆရာ၊ကြားဆရာနဲ့ ကိုယ်တိုင်ဖောက်လာခဲ့တယ်။ သူအောင်မြင်တယ်။ လေးစားတယ်။ သူ့ပွဲရှုံးသွားတယ်။ လေးစားတယ်။ နွန်း လက်ကိုင်ဆွဲထားတဲ့ Quote ကလည်း * အတုအယောင်အောင်မြင်တာထက်စာရင် အစစ်အမှန်ကျရှုံးတာ ပိုကောင်းပါတယ် * လေ။
အကယ်၍သာ ငွေလက်ထိုးပြီး နိုင်ခဲ့တယ်လို့ သတင်းရရင် အားမပေးတော့ဘူး။
သူသာ မူးယစ်ဆေးသုံးလို့ ပွဲရှုံးသွားခဲ့ရင်လည်း မကာကွယ်ဘူး။ ဒါပေမယ့် ရှုံးတာက ကိုဗစ်တုန်းက သူအဆုပ်ထိထားတဲ့အားနည်းချက်ကြောင့်ရှုံးခဲ့တယ်။ လူဆိုတာ အတက်အကျတော့ရှိတာပဲ။ ရှုံးတစ်လှည့်၊နိုင်တစ်လှည့်ပေါ့။ ဒါကြောင့်သူလိုလူမျိုးကို ဉပမာပေး နှိုင်းယှဉ်ပြလိုက်တာပါ။

ဒီQuote ကိုအခုထိ လက်ကိုင်ဆွဲထားခဲ့ပါတယ်။ ပြောပြရရင် မိသားစုကိစ္စဆိုရင်တောင်
ဒီစာစုနဲ့ ပြန်ပြီး ဖြေဖျောက်လို့ရတဲ့အထိ၊နှလုံးသားထဲထိ စွဲသွားရလောက်တဲ့ထိ နွန်းအတွက် အဓိပ္ပာယ်ရှိနေလို့ပါ။ စာဖတ်သူအတွက် ဒီစာစုလေးတစ်ကြောင်းဟာ အားဖြစ်ချင်မှဖြစ်နိုင်မယ်။

ဒီဆောင်းပါးလေးက ရှည်ပါတယ်။သို့သော် စာဖတ်သူတို့အတွက်လည်း အကျိုးရှိပြီး ဗဟုသုတ၊အတွေးများရစေမယ်လို့ မျှော်လင့်ပါတယ်ရှင်။

Sarphat Platform နှင့် အဆုံးထိ ဖတ်ပေးတဲ့ စာဖတ်သူအပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိလျက်ပါ~ ~ ~

Noon
[ 2 Oct 2024 ] [




Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------