ကျော်ဇောအောင်
ကျွန်တော် ဒီနေ့မှာ တက္ကသိုလ်တက်တုန်းက ရခဲ့တဲ့ အတွေ့အကြုံနဲ့ လူ့ (သဘာဝ) တွေရဲ့ အကြောင်းကို (လောကီ) ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။
ကျွန်တော် (သန်လျင်) နည်းပညာတက္ကသိုလ်မှာ (ရေနံ) ဘာသာမေဂျာနဲ့ တက္ကသိုလ်တက်ရောက်ခဲ့ဖူးတာပါ။ (ကျွန်တော့် အဖြစ်က ရယ်ရတယ်ဗျ။)
မေဂျာတွေ ခွဲတော့ ကျောင်းပြီးအလုပ်ပေါတဲ့ (မြို့ပြ) မေဂျာကို ရပါတယ်။ နောက်တော့ အဲ့ဒီမေဂျာကနေ လူ့ အသက် အန္တရာယ် ထိခိုက်နိုင်ချေ ပိုများတဲ့ (ရေနံ) ဘက်ကို ပြောင်းခဲ့တယ်။ (ပြောင်းလိုက်တာလည်း သိပ်ကောင်းသွားပါတယ်။)
ဘာကြောင့်လည်းဆိုတော့ (မြို့ပြ) မေဂျာမှာ မိန်းကလေး အင်အားများပါတယ်။ [ကျွန်တော်သာ အဲ့ဒီတုန်းက (မြို့ပြ) မေဂျာ ရွေးခဲ့ရင် အခုအချိန် သားသမီးတွဲလောင်းနဲ့ ဖြစ်နေလောက်တယ်။]
ကျွန်တော်တို့ (ရေနံ) မေဂျာမှာ မိန်းကလေးနည်းတော့ အိမ်ထောင်ပြု ဒုက္ခရောက်နိုင်တဲ့ အဖြစ်က လွတ်သွားတယ်။ (အဲ့ဒီအကြောင်းကြောင့်ပဲ ကျွန်တော် နောက်ဆုံးဘွဲ့ရပြီးတော့ သာသနာ့ဘောင်ကို ဝင်ရောက်ဖို့ အကြောင်းဖန်ခဲ့တယ်။)
ဟုတ်ကဲ့ အဆောင်နေတဲ့ အကြောင်းကို ဆက်ပြောပါရစေ။ ကျောင်း စ တက်တော့ အသွား/ပြန် bus ကားနဲ့ မတက်ဘဲ တက္ကသိုလ် အရှေ့မှာ ဖွင့်တဲ့ အမျိုးသားအဆောင်မှာ အဆောင်နေ ကျောင်းသားအဖြစ်နဲ့ တက်ရောက်ခဲ့တယ်။ (လူတစ်ယောက်ရဲ့ အကောင်းဆုံး ဘဝအချိန်ကို ပြောပါဆိုရင် ကျွန်တော့်တော့ တက္ကသိုလ်တက်ရတဲ့ အချိန်လို့ ဖြေမိမှာပါ။)
နောက်ပြီး တက္ကသိုလ်တက်တဲ့ အချိန်မှာ အိမ်ကနေ bus ကားနဲ့ နေ့စဉ် ကျောင်းတက်ရတာထက် အဆောင်နေ ကျောင်းတက်ရတာက ပိုပျော်ဖို့ ကောင်းတယ်ဗျ။ (ဘာကြောင့်လဲဆိုတော့ အဆောင်မှာ နေပြီး ကျောင်းတက်တာက " တက္ကသိုလ်ကျောင်းသား ဘဝ " ကို ပို ပေါ်တွင်စေလို့ပါ။)
အဲ့ဒါအပြင် အဆောင်မှာ နေပြီး ကျောင်းတက်သူတွေမှာ တခြား အားသာချက်တွေလည်း အများကြီး ရှိသေးတာပါ။
အဲ့ဒီအချက်တွေက ကျောင်းဖွင့်လို့ ကျောင်းတက်တဲ့ အခါ အိပ်ရာက အစောကြီး ထစရာမလိုတဲ့ အချက်၊ နေ့လည်ပိုင်း ထမင်းစား နားတဲ့အချိန်နဲ့ ညနေပိုင်း ကျောင်းဆင်းတဲ့ အချိန်တွေမှာ အိမ်ကတက်တဲ့သူတွေလို အိမ်ပြန်ဖို့ ကားမမှီမှာ စိုးရိမ်ရတာ မရှိဘဲ အေးအေးဆေးဆေးနဲ့ ကျောင်းကို အသွား/ပြန် လုပ်လို့ရတာပါ။
ပြီးတော့ အဆောင်နေ ကျောင်းသား သဘာဝ ပိုက်ဆံပြတ်ရင် ညနေပိုင်း ကျောင်းဝန်းထဲဝင် ကျောင်းသားရေးရာနားသွားပြီး free လွှင့်ထားတဲ့ wi-fi ကို သုံးလို့ရသေးတာပါ။
အဲ့ဒါတင်လားဗျာ ... ကျောင်းထဲမှာ ရှိတဲ့ ကိုယ် မသိတဲ့ အဆောင်တွေ ရှိရင်လည်း ညနေ လူရှင်းတဲ့ အချိန်မှာ အေးအေးဆေးဆေး သွားပြီး လေ့လာခွင့်ပါ ရသေးတာဗျ။ (အဆောင်နေ ' တက္ကသိုလ်ကျောင်းသား ဘဝ ' အားသာချက်က ပြန်ပြောပြရမယ်ဆိုရင် ကုန်နိုင်မှာ မဟုတ်ပါဘူး။)
ဘောကန်တာ ဝါသနာပါတဲ့ ကျောင်းသားတွေအတွက်လည်း အဆောင်မှာ နေပြီးတော့ ကျောင်းတက်ရတာ သိပ်ကောင်းပေါ့ဗျာ။
ညနေ ကျောင်းဆင်းတဲ့ အချိန် တက္ကသိုလ်ဘောလုံးကွင်းကို သွားပြီး အေးအေးဆေးဆေး ဘောလုံးကန်ခွင့် ရသေးတာပါ။ (အဲ့ဒါက အဆောင်နေသူတွေရဲ့ အားသာချက်တွေပါ။)
အခု အဆောင်နေပြီး တက္ကသိုလ်တက်ရင်း ရလာတဲ့ အတွေ့အကြုံနဲ့ အမှတ်တရတွေရဲ့ အကြောင်းကို တစေ့တစောင်း ဆက်လက်ပြီးတော့ ပြောပြချင်ပါသေးတယ်။ အရင်ဆုံး အဆောင်နေရင်း ရတဲ့ အတွေ့အကြုံတွေ အကြောင်းကို ပြောပြပေးပါရစေ။ အဲ့ဒါတွေကတော့ ...
ကျွန်တော်တို့ အဆောင်နေရင် မနက်မိုးလင်းကစပြီး ညနေပိုင်း နေဝင်မိုးချုပ်တဲ့ အချိန်အထိတိုင်အောင် ကိုယ့်ကိုယ်ကို အပြည့်အဝ တာဝန်ယူကြရပါတယ်။ (အိမ်မှာ နေသလို အမေချက်တာ အဆင်သင့် ခူးစား၊ အဝတ်ဆိုရင်လည်း မလျှော်ဘဲ နေလို့ မရပါဘူး။)
အစစအရာရာ ကိုယ့်အားကိုယ် ကိုးကြရပါတယ်။ အမှန်အတိုင်း ပြောရရင် ကျနော်က တက္ကသိုလ်ကို bus ကားစီးပြီး အသွားအပြန် လုပ်ချင်ခဲ့တာပါ။ အဖေ့ရဲ့ တိုက်တွန်းမှုကြောင့် အဆောင်မှာ နေဖြစ်ခဲ့တာ။ (ဒီနေရာမှာ ကျွန်တော့် အဖေကို ကျေးဇူးတင်ရမှာ။)
သူသာ ကျွန်တော့်ကို အိမ်ကနေ ကျောင်းတက်ခွင့်ပေးခဲ့ရင် လူတွေရဲ့ သဘာဝကို ကျွန်တော် သိမှာ မဟုတ်ပါ။ အဲ့ဒီတုန်းက အဆောင်မှာ နေဖြစ်ခဲ့တဲ့ အတွက်ကြောင့် လူတွေရဲ့ အကြောင်းကို နားလည်ပြီး သာသနာ့ဘောင်ကို ဝင်ရောက်ဖို့ရာ အတွက် အခွင့်အရေး ရခဲ့တာပါ။ (စကားမစပ် အခု ကျွန်တော် လူပြန်ထွက်လိုက်ပါပြီ။)
ဟုတ်ကဲ့ အဆောင်နေ အကြောင်းလေး ပြန်ဆက်ရမယ်ဆိုရင် ကောင်းတာတွေရော မကောင်းတွေပါ ရောထွေးနေတာပါ။
အ
Unlock to read this premium article with 10 points.