Author's Profile Photo

Tain Hlwar Nge

26/09/2024

ချစ်ရတဲ့ အမျိုးသမီးငယ်လေးရေ...။

1 min read
Life Style
Personal Development
General Knowledge
ချစ်ရတဲ့ အမျိုးသမီးငယ်လေးရေ...။'s photo

ချစ်ရတဲ့ အမျိုးသမီးငယ်လေးရေ

များများပြုံးပါ၊ အပြုံးတွေကို မတွန့်တိုပါနဲ့။

ပုံမှန်အလုပ်ဆိုသည့်တိုင် စိတ်ဝင်တစား ကြိုးစားလုပ်ပါ။

လူတိုင်းအပေါ်စေတနာထားပါ။

စာဖတ်ဖြစ်အောင်ဖတ်ပါ။
ပြီးရင် ဖတ်ပြီးတွေးကာ အသုံးချပါ ဆိုပြီး ကိုယ့်ဦးနှောက်ကို Noti ပေးထားပါ။

ဒေါသဖြစ်စရာတွေကို အပြုံးလေးနဲ့ထိန်းချုပ်ဖြေရှင်းပါ။

အလှပြင်ပါ။
မှန်ရှေ့ကမခွာဘဲ ပြင်ခိုင်းတာ မဟုတ်ပေမယ့်လည်း
ဘာဖြစ်ဖြစ်ဆိုပြီးလည်း မျက်နှာလွှဲခဲပစ် နေချင်သလို မနေပါနဲ့။

ဟော့ဒီသမျိုးသမီးလေးကလည်း ယုံကြည်မှုရှိရှိနဲ့ ဘဝကိုဖြတ်သန်းနေထိုင်ဖို့ ထိုက်တန်ပါတယ်။

ယုံကြည်မှုရှိဖို့က ကိုယ့်ဝတ်စား၊နေထိုင်မှုနဲ့ ရာခိုင်နှုန်းအနည်းငယ်ဆက်စပ်နေတာမလို့

အသစ်တွေထုတ်ဝတ်လို့ မဆိုလိုပေမဲ့

ရှိတာကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ။

ခေါင်းကိုဆိုလည်း သေချာဖြီးပါ။

သန့်ရှင်းသပ်ရပ်မှုကလည်း ကိုယ့်ရဲ့

Confidence Level ကို Height ဖြစ်စေမှာမလို့

ဒီအတွက်လည်း ဂရုစိုက်ပေးပါအမျိုးသမီးလေးရေ။

လူတိုင်းက Perfect မဖြစ်တဲ့အတွက် ဒီအမျိုးသမီးလေးကလည်း Perfect မဖြစ်နိုင်ဘူးဆိုတာ ကိုယ်နားလည်နိုင်တာပေါ့ကွယ်။

ဒါပေမဲ့ အပြစ်အနာအဆာဆိုတိုင်း လက်ခံမှာပဲလို့
အပြစ်အနာအဆာလို့တောင် ပြောလို့မရတဲ့အရာတွေကိုပါမပြုပြင်ကြည့်ဘဲ ဇွတ်မျက်စိမှိတ်လက်ခံမနေဘဲ

ပြုပြင်ပြောင်းလဲသင့်ရင် ပြောင်းလဲကြည့်ပါ။

ဒီအမျိုးသမီးလေးကို ထူးချွန်ထက်မြတ်ပြီး တော်လာစေဖို့၊ဘဝကို နေပျော်လာစေဖို့ ဆန္ဒပြုပါတယ်။


ခရမ်းရောင်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမရိုးတရိုးရပ်တန့်ရမယ့်အချိန်အာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း