SarPhat Author
ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ အကြီးဆုံးအမှားကတော့ စကားလုံးတွေကို တထိုင်တည်းအလွတ်ထိုင်ကျက်ပြီး ပစ်ထားတာပါပဲ။ စကားလုံး
တစ်လုံး ခေါင်းထဲရောက်ဖို့ဆိုတာ ထင်တာထက်လွယ်ပါတယ်။ အဲ့စကားလုံးကိုထပ်ခါထပ်ခါ မြင်ဖို့၊ထပ်ခါထပ်ခါ ကြားဖို့၊ထပ်ခါထပ်ခါ ဖတ်ဖို့၊ထပ်ခါထပ်ခါပြောဖို့နဲ့ ထပ်ခါထပ်ခါတွေး/စဥ်းစားဖို့
ပါပဲ။ မြင်ပါများရင်ချစ်ကျွမ်းဝင်သလိုပါပဲ။
ဒါဖြင့်ရင် ကျက်တယ်ဆိုတာ ကြည့်ပြီးအော်နေတာပဲ ။အတူတူပဲမဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။ မတူပါဘူး။ ဒီနေရာမှာ ထပ်ခါထပ်ခါ ဆိုတာ Apple ကို ၁၀လုံးချရေး၊၁၀ခေါက်အော်တာမျိုးကို မဆိုလိုပါဘူး။
အနိမ့်ဆုံး တစ်ခေါက်မြင်ပြီး တစ်ခေါက်ဖတ်ပြီး နောက်တစ်ခါ၊နောက်တစ်ချိန်မှာ ပြန်တွေ့တာ၊ပြန်မြင်တာ၊ပြန်ကြားတာကို ဆိုလိုပါတယ်။ ဒါကြောင့် တစ်နေ့ကို ၅လုံးပဲကျက် ၁လကို၁၅၀ ရပြီဆိုတာ ဂျင်းတာပါ။ ၁ရက်နေ့ တနင်္လာမှာ ကျက်တဲ့ ၅ လုံးကို တစ်ပတ်လုံးမမြင်၊မကြားတဲ့အခါ ၈ရက်နေ့ တနင်္လာမှာ မေ့ပါပြီ။ ထို့ကြောင့် ၁လကြာတဲ့အခါမှာ ဘာစာလုံးမှ မမှတ်မိတော့ပါ။ ခဏမျက်စိမှိတ် အော်နိုင်ရင် ရသွားပြီ အလွတ်ရေးပြီးရင် တာဝန်ပြီးပြီ ကျက်ပြီးပြီဆိုပြီး ပစ်ထားလိုက်သောကြောင့်ဖြစ်ပါတယ်။(ထို့ကြောင့် ဒီနေ့ ဒီအလုံး
၂၀ကျက်ခဲ့ မနက်ဖြန်မေးမယ် ဆိုသော သင်တန်းများ ကျနော်မတတ်)။လူတွေ မျက်နှာတွေ အသံတွေ
နာမည်တွေ ပုံပန်းသဏ္ဍာန်တွေကို
ကျနော်တို့ ထွေထွေထူးထူးအားစိုက်မထုတ်ဘဲ မြင်ပါများတဲ့အခါ တွေ့တာနဲ့ ဒီလူဘယ်သူလဲသိပြီး
တစ်နေ့လုံး ထိုင်ခေါ်နေတာမဟုတ်တဲ့ လူတွေနာမည်ဟာ ကိုယ့်ရဲ့မသိစိတ်ထဲ ရောက်သွားပါတယ်။ မေ့ပါဆိုရင်တောင် မေ့လို့မရပါဘူး။ ဘာသာစကားဟာ နာမ်ကြီးပဲကို (ကျနော့်အထင်) ၁သိန်းမကလောက်ပါဘူး။ မြန်မာစကားလုံးတွေ (စာအုပ်၊ရေခွက်၊နဂါး၊ထိုင်ခုံ၊)စသဖြင့် နာမ်ကြီးပဲကို များပြားလှပါတယ်။ ကျနော်တို့ တစ်လုံးမှ ထိုင်မကျက်ဖူးပါဘူး။ (ပြောတတ်ပြီးမှ ရေးတတ်တာဖြစ်လို့ ရေးတတ်အောင်တော့ ငယ်ငယ်တုန်းက တစ်လုံး ၁၀ခေါက်ရေးဖူးပါတယ်။ သို့သော် အလုံးပေါင်း သိန်းချီကိုတော့ တစ်လုံး ၁၀ခေါက်မရေးဖူးပါ။ ဆက်လက်၍ ကြိယာစကားလုံး (လုပ်၊ထိုး၊စား၊သွား) တွေလည်း များပြားပါတယ်။ နာမဝိသေသနစကားလုံး(ပူ၊အေး၊ရှည်)တွေလည်း များပြားပါတယ်။ ကျနော်တို့ တထိုင်တည်း ထိုင်ပြီး အော်မနေပေမဲ့ ၁၅နှစ်အထက်ကြားနေတဲ့ မြင်နေ ပြောနေတဲ့ စကားတွေဟာ မေ့လို့တောင်မရတော့ဘူး။
(ခြွင်းချက်-ရံဖန်ရံခါ ပါးစပ်ဖျားမှ ထွက်မလာခြင်းမပါ။ဒီသဘောတော့ ကျနော်လည်းမသိပါ။) ပြောရရင် ထိုစကားလုံးနှင့် မိမိ မိတ်ဆွေတွေဖြစ်ဖို့လိုပါတယ်။
ထိုကြောင့် သုံးလနဲ့ဘာသာစကားမတတ်ပါဘူး။ ၆လနဲ့လည်းမတတ်ပါဘူး။ Vocab poolကျယ်ချင်ရင်ကျယ်ချင်သလောက် အချိန်အကြာကြီးပေးရပါတယ်။
ဒီစကားလုံးတွေနဲ့ အမြဲတမ်းထိတွေ့နေရပါမယ်။ Apple×10 ထိုင်အော်နေခြင်းသည် အချိန်ဖြုန်းခြင်းပါပဲ။ တစ်သက်စာအတွက်၁၀ မိနစ်လောက် ထိုင်အော်နေလို့မရပါဘူး။ တကယ်တော့ မသိလိုက်ခင်မှာပဲ စကားလုံးတစ်ခုကခေါင်းထဲရောက်သွားပါတယ်။အချုံ့အားဖြင့် အချက်(1) စကားလုံးများကိုတစ်ထိုင်တည်း အခေါက် ၅၀ အော်နေခြင်းသည် နည်းလမ်းကောင်းတစ်ခုမဟုတ်ပါ။(အနည်းဆုံး)တစ်ခေါက်မျှသာ မြင်သော်လည်း နောက်ထပ်တစ်ခါ နောက်တစ်ခါ ထပ်တွေ့ဖန်များသော
အခါ ရသွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အခေါက်၅၀ အော် မေ့ နောက်နေ့ ထပ်အော် အခေါက်၅၀ အခေါက်၅၀ အော်ပါကြာလို့ "ရ" ခြင်းဖြင့် ရခြင်းထက် သတိထားကာ တစ်ချက်မျှသာ တွေ့ မြင် ကြား ခြင်း ထပ်ခါထပ်ခါ ဆက်လာ၍ ကြာတော့ "ရ" ခြင်းသည် ပိုကောင်းသည်။ သက်သာ(Enjoymentဖြစ်ကာ)
မလိုအပ်သောအလုပ်ဖြင့် အချိန်ဖြုန်းရာမကျပါ။ ဥပမာအားဖြင့် မိမိဘေးရှိ တစ်ဦးဦးခဏခဏဖွင့်သော သီချင်း၏စာကြောင်းကို ကြားနေရင်းဖြင့်ပင် ပင်ပင်ပန်းပန်း အားထုတ်စရာမလိုဘဲ မိမိရသွားသည့်သဘောဖြစ်သည်။ မိမိကိုယ်တိုင်ကြိုက်သောသီချင်းဆိုလျှင် နားထောင်ရင်းပင် လိုက်ဆိုရင်း တစ်ပုဒ်လုံးရသွားသည်။သီချင်းမို့လို့ပါ ဆိုပြီး ပြန်ပြောကောင်းပြောမည်။ တကယ်တော့ ဤသည်မှာ ဦးနှောက်၏
အလုပ်လုပ်ပုံ တစ်မျိုးသာဖြစ်သည်။ သီချင်းဖြစ်စေ ကဗျာဖြစ်စေ စကားလုံး(Word)ဖြစ်စေ ဝါကျ(Sentence
ဖြစ်စေ အတူတူပါပဲ။ ပျော်ရွှင်ခြင်းဘာလာညာညာ စိတ်ကြောင့်သာ လွယ်လွယ်နှင့်ရတယ်ဟု ခံစားရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ရုပ်ရှပ်ထဲမှ စကားလုံးများ ပိုမှတ်မိလွယ်တယ်ဟုခံစားကြရပါတယ်။ ထို့ကြောင့် ဆောင်ရန်အချက် (1)မှာ သူများဖုန်းနံပါတ်တစ်ခု ဆက်တိုက်ရွတ်ရင်း ရေတို ခဏရနေခြင်းထက် ထပ်ကာထပ်ကာတွေ့နေမြင်နေသော အသုံးပြုနေသော ဆက်တိုက် အော်ရွတ်နေစရာမလိုသော မိမိဖုန်းနံပါတ်ကို ရသလို ရေရှည် အချိန်ပေးကာ မြင်နေ ကြားနေဖို့ကသာ ဘာသာစကားလေ့လာခြင်းတွင် ပိုအရေးကြီးပါတယ်။
ထို့ကြောင့် မြင်နေ၊သုံးနေကျ ဖြစ်သော "က"(ကကြီး) ကို မေ့လို့မရဘဲ ပစ်ထားသော(ဠ၊ ဌ၊ ဍ ၊ဋ)များ မသိတော့ပါ
နောက်တစ်ပိုင်း View များလျှင်ဆက်မည် : (
ရှင်းသန့်
19th march 2024
Keep Reading