Author's Profile Photo

Kyi Nue (ကြည်နူး)

12/09/2024

လစာကပိုအရေးကြီးတာလား

1 min read
Education
General Knowledge
လစာကပိုအရေးကြီးတာလား's photo

အထူးသဖြင့်ယခုကာလကြီးမှာ လူငယ်အများစုဟာမိမိအသက်အရွယ်နဲ့မလိုက်‌အောင်ရုန်းကန်နေကြရပါတယ်။လူတန်းစား၊မိသားစုအခြေအပေါ်မူတည်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီ ဘ၀အခြေအနေတွေလည်းမတူကြဘူးပေါ့။‌တော်တော်များများကသူတို့ရဲ့အိမ်မက်တွေ၊မျှော်လင့်ချက်တွေအတွက်ခေါင်းစားနေကြရတယ်။ဒီလိုအတွေးများစေရတဲ့အကြောင်းရင်းထဲကတစ်ချက်ကတော့ အလုပ်အကိုင်နဲ့ပတ်သတ်တာပါပဲ။လူငယ်တွေ တော်တော်များများကအလုပ်ရှာရင် အတွေ့အကြုံထက်လစာကိုပိုမက်‌မောကြပါတယ်။

အဲ့တာဘာကြောင့်လဲ...?

သူတို့ဘက်ကကြည့်ရင်လည်းဒါဟာမမှားပါဘူး။ဘာလို့လဲဆိုတော့သူတို့မိသားစုကိုထောက်ပံ့ဖို့၊အသုံးစရိတ်လောက်ငဖို့နဲ့အခြား‌သော personal အကြောင်းအရာတွေကြောင့် လစာများများရမယ့်အလုပ်ကိုလိုချင်ကြတာပါ။ဒါကိုကျွန်မရဲ့ Personal point of view အရ အဓိကအရေးကြီးတာဟာလစာလား?ဘာကပိုအရေးကြီးတာလဲဆိုတာကို sharing လုပ်ပေးချင်ပါတယ်။

Experience First

ကျွန်မကတော့လုပ်သက်နဲ့အတွေ့အကြုံကိုပဲဦးစားပေးစေချင်ပါတယ်။ကျွန်မကိုယ်တိုင်ကလည်း ဆယ်ကျော်သက်လူငယ်တစ်ယောက်ပါ။အချိန်ကာလတစ်ခုအရသိလိုက်ရတာကလစာထက် အတွေ့အကြုံဟာပိုအရေးကြီးတယ်ဆိုတာပါပဲ ။ဘာလို့လဲဆိုတော့ကျွန်မတို့အလုပ်ခွင်တစ်ခုကိုဆိုက်ရောက်သွားတဲ့အခါ လုပ်သက်အတွေ့အကြုံမရှိတဲ့သူ နဲ့ ရှိတဲ့သူအများကြီးကွာဟမှုရှိပါတယ်။လူမှုဆက်ဆံရေးကော၊အလုပ်လုပ်ကိုင်ပုံချင်းကောများစွာသင်ယူစရာတွေရှိသေးတာကို သိခဲ့ရတယ်။ဒါကြောင့်မိတ်‌ဆွေကအလုပ်စလုပ်မယ်ဆိုရင်လစာကိုအရင်မကြည့်ပဲကိုယ်လုပ်နေတဲ့အလုပ်ကိုအတွေ့အကြုံတစ်ခုအဖြစ်သေချာလေ့လာသင်ယူတာက နောင်တစ်ချိန်ပြန်ကြည့်ရင်မိတ်ဆွေအတွက်အများကြီးအထောက်အကူဖြစ်စေမှာပါ။


Building Skills

ဒီလိုအလုပ်လုပ်ရင်းအတွေ့အကြုံများများရလာပီဆိုရင်တော့ ကိုယ့်ရဲ့အစွမ်းအစ၊လုပ်ကိုင်နိုင်ပုံ၊စီမံခန့်ခွဲပုံတွေကလည်းတိုးတက်လာမှာပါ။ကိုယ်ကဒီ့ထက်ပိုမိုကောင်းမွန်တဲ့အလုပ်ရချင်တယ်၊အလုပ်ခွင်မှာပိုမိုထူးချွန်တဲ့သူဖြစ်ချင်တယ်ဆိုရင်တော့ အရည်အချင်းရှိအောင်ကိုယ့်ကိုကိုယ်အမြဲတည်ဆောက်နေရမယ်။စိတ်ဓာတ်၊skills၊အမြဲနည်းပညာအသစ်"တွေကိုသင်ယူနေရမယ်။ကိုယ့်ဘက်ကအရည်အချင်းပြည့်၀နေရင် ပိုမြင့်မားတဲ့အလုပ်ကိုရရှိနိုင်မှာဖြစ်တယ်။ဒါကြောင့်ကိုယ့်ကိုကိုယ် update လုပ်ပါ။


Growing Professionally

ဒီလိုကိုယ့်ဘက်ကစိတ်ဓာတ်၊အရည်အချင်း၊အတွေ့အကြုံအဖက်ဖက်ကပြည့်စုံနေမယ်ဆိုရင် ဘယ်လုပ်ငန်း၊အလုပ်ခွင်မဆိုကိုယ့်ကိုလိုလိုလားလား‌ဖြစ်နေကြမယ်ဆိုတာငြင်းမရပါဘူး။ကိုယ်က professional ကျနေဖို့လုံလောက်တဲ့ပညာရပ်တွေကို step by step လေ့လာသင်ယူပါ။

  • "လစာ" ကိုအခုလိုငယ်ရွယ်သေးချိန်မှာမတွေးပါနဲ့ဦး။ဒါတွေကအခုချိန်မှာအရေးပါတယ်လို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ အဓိကပြောချင်တာကတော့ မိတ်ဆွေဟာလစာနောက်ကိုနောက်ပြီးအလုပ်လုပ်ကိုင်မယ်ဆိုရင်တော့ ဒီလုပ်ငန်းခွင်ထဲမှာပဲပိတ်မိသွားပါလိမ့်မယ်။အတွေ့အကြုံ၊အရည်အချင်းပြည့်စုံဖို့ကိုအဓိကထားလုပ်ကိုင်ရင်တော့ တစ်ချိန်ချိန်မှာဒီ့ထက်ပိုများတဲ့လစာ၊လက်ရှိလုပ်ငန်းခွင်နေရာထက်ပိုမိုမြင့်မားတဲ့နေရာ၊ယခုထက်အဆ‌များစွာပိုအဆင်ပြေလာမယ့်ဘ၀အခြေအနေကိုတက်ရောက်နိုင်မယ်လို့မုတ်ချပြောရင်း အဆုံးသတ်လိုက်ပါတယ်ရှင့်။


☘️အားလုံးပဲအတွေးအမြင်သစ်များရရှိနိုင်ကြပါ‌စေ☘️

Keep Reading

မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသာဘဝ (Episode-2)တက်ညီလက်ညီ ပန်းတိုင်ဆီသို့မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship