Author's Profile Photo

Luminous Pai

11/09/2024

Type မတူတော့ လမ်းခွဲကြမယ်လေ။

1 min read
Life Style
Personal Development
18 Again
Type မတူတော့ လမ်းခွဲကြမယ်လေ။'s photo

လူငယ်တွေနဲ့ သိပ်မစိမ်းနဲ့ စကားလေး တခွန်း‌ပေါ့။

ဘော်ဒါတွေကြားထဲလဲ မကြာခဏ မေးငေါ့လေ့ရှိတဲ့ မေးခွန်းတခုဆိုလဲ မမှားပါဘူး။

နင့်ကောင်လေးက နင့်ပုံစံဟုတ်ရဲ့လား ?

နင်နဲ့ရော Type တူလို့လား ?

စသဖြင့်‌ မေးလေ့ရှိကြပါတယ်။

တကယ်တော့ Type မတူတာ ပြဿနာမဟုတ်ပါဘူး။

မတူတဲ့ ပုံစံ‌ကို ဘယ်လိုညှိယူရင် အဆင်ပြေမလဲဆိုတဲ့ Negotiation skill မရှိတာက ပြဿနာပါ။

တရက် ကျနော် ထိုင်နေကျ မြန်မာထမင်းဆိုင်က ပိုင်ရှင်နဲ့ သူ့ရဲ့ ရက်လေးရှင်းရှစ်(Rs) အကြောင်း စကားစပ်မိတယ်။

" ဒါဆို အချစ်ဆိုတာ ဘာလဲ ဦးလေး ? " လို့မေးတော့

" အဆိုးဆုံးတွေကို အတူတူ ဒူပေဒါပေခံ ရုန်းကန်ခြင်းပေါ့ကွာ " တဲ့။

အလန်းတန်းတခု ရိပ်ခနဲ ခေါင်းထဲကို ဖြတ်သွားတယ်။

"ဦးလေးရဲ့ အမျိုးသမီးက အသွင်တူလို့ အိမ်သူ ဖြစ်ခဲ့တာလား ? "

"ဘယ်ကသာ တို့နှစ်ယောက်က ပုံစံမတူဘူးကွ။

သူက ငါ့ထက်ကြီးတော့ ငါက သူ့အပေါ် နဲနဲဆိုးတယ်‌။

ဖျားနာပီဟေ့ဆိုတာနဲ့ အိပ်ယာထဲ တနေကုန်ကွေး‌နေတော့တာပဲ။

သူဂရုစိုက်တာခံချင်တာကိုးကွ။

သူက မောင်လေးတယောက်လိုမျိုး ငါ့အပေါ်အနစ်နာခံ ဂရုစိုက်ပေးတယ်။

ငါ့ရဲ့ ပုံစံကို တဖြည်းဖြည်းချင်းသူလေ့လာတယ်။

အပျင်းထူတယ်၊ ဂရုစိုက်ခံချင်တယ်၊ ချွဲချင်တယ်ဆိုတာက ငါ့ပုံစံဆိုတာ သူနားလည်လာတယ်။ လက်ခံပေးတယ်။

အစပိုင်းမှာ မိဘချင်းအဆင်မပြေတာတွေ၊ တို့အချင်းချင်းအဆင်မပြေတာတွေတော့ ရှိတာပေါ့ကွာ။

ဒီတိုင်းဆက်သွားလို့က မဖြစ်တာနဲ့ အချင်းချင်း မကြိုက်တဲ့ အရာတွေ၊ အဆင်မပြေတာတွေကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းကြတယ်။

တိုက်ပ်မတူပေမယ့် တယောက်ရဲ့ပုံစံကို တယောက်က တဖြည်းဖြည်းချင်းလေ့လာရင်း နားလည် လက်ခံနိုင်လာတယ်။

သူက ဒီလိုပုံစံနေတတ်တယ်။
ဒီလို အစားအစာဆို ကြိုက်တယ်။
စကားအရမ်းများတာ မကြိုက်ဘူး။

အဲ့လိုပေါ့ကွာ တယောက်နဲ့တယောက် ညှိညှိနှိုင်းနှိုင်းနေရင်း အခုလို နှစ်ပေါင်းများစွာကြာလာခဲ့တာပဲ "

" ဦးလေး အရင်က ရည်းစား မထားခဲ့ဘူးလား ? " (စပ်စုမိခြင်း)

" ဘယ်ပြောကောင်းပါ့မလဲကွာ။

အခုခေတ်ကလေးတွေ ရည်းစားရှုပ်တာ‌
လောက်တော့ သနားတယ်။ အဲ့ထက် ဆယ်ဆသာတယ်။

ကျောင်းမှာဆို တယောက်နဲ့ပြတ်ရင် နောက်တယောက်တန်းတွဲ။

သူလဲသိတယ်လေ ငါရည်းစားရှုပ်တာ။

ဒါပေမယ့် သူက လက်ခံပေးတယ်။

သူ့ရဲ့ တချို့အချက်တွေကို ငါလဲ လက်ခံပေးရတာပဲ။

သူနဲ့ အတည်တကျဖြစ်ပြီဆိုကတည်းက ငါ သူ့အပေါ် မဖောက်ပြားပဲ ချစ်ခဲ့တာ အခုထိပဲ။ "

ဆေးလိပ်မီးငြှိရင်း ပြောနေတဲ့ ထမင်းဆိုင်ရှင် ဦးလေးရဲ့ ဘဝဒဿနဆန်ဆန် ဇာတ်လမ်းတိုတပုဒ်ကို နားထောင်ရင်း အခုခေတ် အခြေအနေနဲ့ နှိုင်းယှဉ်မိတယ်။

ဒီ စာတိုလေးနဲ့ ပတ်သက်ပြီး အမြင်တူသူ၊ မတူသူတွေ ရှိနေမှာပါ။

အခု အကြောင်းအရာအပေါ် သင့်ရဲ့အမြင်‌ကိုလဲ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။ ( I will reply in comment section ? )

အဓိကကတော့ ဦးလေးနဲ့ ကျနော့်ရဲ့သာမန် စကားဝိုင်းကိုသာ တင်ပြလိုခြင်းသာ ဖြစ်ပါတယ်။

" အချစ်ဆိုတာ အဆိုးဆုံးတွေကို အတူတူ ဒူပေဒါပေခံ ရုန်းကန်ခြင်းပေါ့ကွာ ။"

? အခုလို အမြဲသစ်နေတဲ့ Quality Content တွေ ၊ အခွင့်အလမ်းတွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။

Telegram - https://t.me/luminouswithpai

Website - https://luminouswithpai.wordpress.com/blog/

Facebook - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk

#luminouswithpai

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်