Meliodas Khun
ဟုတ်ပါတယ်ဗျ၊ သူငယ်ချင်းပါ
မေတ္တာတွေ၊ သစ္စာတွေ၊ ဂရုဏာတွေနဲ့ ကောင်းတူဆိုးဖက် နေပေးတဲ့ သူငယ်ချင်းမျိုးပါ...
ပြောမနာ ဆိုမနာ သူငယ်ချင်းလေးတွေ၊ ရင်ဘက်ချင်းတူကာ ယုတ်မာတဲ့စိတ်မရှိဘဲ အရှိကို အရှိအတိုင်း ကူညီဖေးကူတတ်တဲ့ သူငယ်ချင်းမျိုးလေးတွေပါ...
အခုခေတ်မှာရှိပါ့မလား....?
တွေးမိကြမှာပါ လူတိုင်းလိုလို...
ဘာလို့ဆို သူငယ်ချင်းပါဆိုပြီး ဒဏ်ရာကို ဆားနဲ့ပက်တဲ့သူတွေ၊ နောက်ကျောကိုဓါးနဲ့ထိုးတတ်တဲ့သူတွေများတာကိုး...
တစ်ချိန်တုန်းက ကျွန်တော့်မှာလည်းတူတူဘဲ သူငယ်ချင်းတွေအများကြီးရှိခဲ့ပေမယ့် မပျော်ခဲ့ဘူး၊ အထီးကျန်သလိုခံစားရတယ်၊ တစ်ကမ္ဘာလုံးနဲ့ကိုယ်က သီးခြားဖြစ်နေသလိုဘဲ...
ပြီးတော့ ကျွန်တော့်မှာပိုက်ဆံတွေပေါများနေတုန်းကလည်း တူတူဘဲ၊ သူငယ်ချင်းတွေဆိုတာ အို...ပေါလိုက်တာလွန်ပေါ့ ရိုက်သတ်လို့တောင်မကုန်ဘူး။ ပိုက်ဆံလည်းမရှိ၊ ချွတ်ချုံလည်းကျရော ဘယ်မလဲ အဲ့သူငယ်ချင်းတွေ...
တချို့ဆိုရှိသေး ရှေ့တင်တော့တစ်မျိုးနဲ့ ကွယ်ရာကြတစ်မျိုး... ပြောတတ်၊ လုပ်တတ်တဲ့ဟာတွေ...
ဒါပေမဲ့ပေါ့ အခုလိုခေတ်အခြေအနေတွေပြောင်းလဲသွားတဲ့အချိန်မှာ သဲနဲ့ရေ၊ ဆီနဲ့ပြည် ဆိုတာချက်ချင်းဆိုသလို ပေါ်လွင်သွားတယ်...
ကောင်းမယ်ထင်ထားခဲ့တဲ့ လူတွေကမျက်နှာဖုံးတွေလည်းကွာကျရော ဘီလူးမ သံပရာသီးကိုက်ထားသလို အပြင်သကာလုပ်ပြီး အတွင်းတမာတွေမှန်းသိခဲ့ရတယ်...
ကိုယ်မထင်မှတ်ထားခဲ့တဲ့သူတွေကတော့ ကိုယ့်အပေါ် မငြိုငြင်ဘဲ စိတ်ရင်းအတိုင်းပေါင်းသင်းလာတာကိုတွေ့ရတယ်...
အခုဆိုအရင်ထက် ပိုကောင်းတဲ့ သူငယ်ချင်းကောင်း BFF လေးတွေကို ကိုယ်မျက်မြင်တွေ့ခဲ့ရတယ်...
သူတို့လေးတွေက သူတို့ဘဝနဲ့ နှိုင်းပြီးအရာရာအပေါ်၊ လူတိုင်းအပေါ်ကူညီပေးကြတယ်။ တစ်ခါတစ်လေဆို ကိုယ်တောင် အားနာရလောက်တဲ့အထိဘဲ...
တစ်ကယ့်ကိုမှ နံ့သာဆီနဲ့ အီးဘဲ...
သူငယ်ချင်းတို့လည်း တွေ့နိုင်မှာပါ အဲ့လိုသူငယ်ချင်းကောင်းလေးတွေ...
အဝေးကြီးမရှာပါနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာတင်ရှိနိုင်ပါတယ်...
တွေ့ခဲ့ရင်လည်း အမိအရဆွဲဖမ်းထားလိုက်တော့ သူငယ်ချင်းတို့ရေ...
ဘာလို့ဆို သူငယ်ချင်းကောင်းဆိုတာ ချစ်သူရည်းစားထက်အများကြီး သာလို့ဘဲ...
8/9/2024(Sun)(2:49 pm)
#Khun
#Angél_Alphá
Keep Reading