စောမြတ်နွယ်
ဒီနေ့မျှဝေပေးချင်တာက
လွယ်ကူတဲ့ စကားပြောပုံစံ ပဲဖြစ်ပါတယ် ။
He is so… that…
so... adjective /adverb... that ကိုသုံး၍ တစ်ခုခုကြောင့် အကျိုးဆက် လိုက်ဖြစ်သည်ကိုပြောချင်တဲ့အခါ အသုံးပြုပါတယ်။
?????
နမူနာ ဝါကျတွေကို ကြည့်ကြရအောင်။
It is so cold in England that I don't want to go out at night.
အဂ်လန်မှာ အေးလွန်းလို့ ကျွန်တော်တော့ ညဘက် အပြင်ကို မထွက်ချင်ဘူး။
I am so exciting that I don't know what to say.
ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။
I was so interested in the film that I went to see it several times.
ကျွန်တော် ရုပ်ရှင်ကို စိတ်ဝင်စားလွန်းလို့ အကြိမ်ပေါင်းများစွာ ကြည့်ခဲ့တယ်။
It’s so hot that none of us want to go out.
ပူလွန်းလို့ ကျွန်တော်တို့ တစ်ယောက်မှ အပြင်ထွက်ချင်တဲ့သူ မရှိဘူး။
He speaks French so well that we think he is a Frenchman.
သူက ပြင်သစ် ဘာသာစကားပြောတာကောင်းလွန်းလို့ ကျွန်တော်တို့က သူ့ကို ပြင်သစ်အမျိုးသား လို့ပဲ ထင်နေတာ။
I was so tired that I fell asleep after dinner last night.
ကျွန်တော် ပင်ပန်းလွန်းလို့ ပြီးခဲ့တဲ့ ညက ညစာစားပြီးဆို အိပ်ပျော်သွားတယ်။
The Arctic Ocean around the North Pole is so cold that it is usually covered with ice.
မြောက်ဝင်ရိုးစွန်းနားမှာ ရှိတဲ့ အာတိတ်သမုဒ္ဒရာဟာ အေးလွန်းလို့ များသောအားဖြင့် ရေခဲတွေနဲ့ ဖုံးလွှမ်းထားတယ်။
?????
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
2.9.2024
Keep Reading