Author's Profile Photo

Nway Oo Maung

2/09/2024

ပညာသည်သာ

1 min read
Education
History

88အရေးခင်းပြီးလောက်စအချိန်တွေက ခေတ်ကပျက်ပြီး ပညာတက်လူငယ်တွေကနေရာမရ ပညာရှင်တွေကပြည်ပထွက် အကောင်ကြီးတွေနဲ့ပေါင်းတဲ့ကောင်တွေက (ပညာမတက်ပေမဲ့)ကြီးပွါးလာတော့ တက်သစ်စလူငယ် အဲ့ချိန်ကဆယ်တန်းတက်နေတဲ့သူ ဆယ်တန်းအောင်ပြီးကျောင်းတက်စနဲ့လူငယ်တချို့က လမ်းတွေပျောက်ပြီးဆရာအောင်သင်းကိုမေးကြတယ် ပညာပဲဆက်သင်ရမလား ပိုက်ဆံပဲရှာရမလားပေါ့ ဆရာအောင်သင်းဖြေတာက "ခေတ်ပျက်လို့ အရည်ချင်းမရှိတဲ့သူတွေနေရာရနေကြတာ ခေတ်ကောင်းရင် ပညာတက် ပညာရှင်တွေကပဲရှေ့တန်းရောက်မှာ အခုယာယီအခိုက်တန့်ပဲ ပညာသာအဓိကသင်" ရေရှည်ကြည့်ပြီးပြောသွားတာအခုခေတ်လည်းလမ်းပျောက်နေပြီ လူငယ်တွေ၊ပြည်ပပဲမဖြစ်မနေထွက်ရမလား ကျောင်းပဲဆက်တက်ရမလား စီးပွါးရေးပဲလုပ်ရမလား ဆရာအောင်သင်းပြောသလို "ပညာသာအဓိကသင်ကွ ခေတ်ပျက်မှာစီးပွါးရေးကောင်းတယ်ဆိုတာယာယီပဲ " အင်း လူငယ်တွေအနေနဲ့ တွေးစရာရှိတာက အဲ့ယာယီက မျိုးဆက်ဘယ်နှဆက်လဲ။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------