Author's Profile Photo

စောမြတ်နွယ်

29/08/2024

နေ့စဉ်လေ့လာ Englishစာ (60)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ Englishစာ (60)'s photo

ဒီနေ့မျှဝေပေးချင်တာက

It’s your turn…ဆိုတဲ့ စကားပြောပုံစံ ပဲဖြစ်ပါတယ်။
အဓိပ္ပာယ် ကတော့
မင်းရဲ့အလှည့်၊ ဒီတစ်ခါ မင်းရဲ့တာဝန်ကျတယ် လို့ အဓိပ္ပာယ် ရပါတယ်။

နမူနာဝါကျတွေကိုကြည့်ကြရအောင်။

ဥပမာ
It’s your turn to tell a story.
မင်းပုံပြင်ပြောရမယ့် အလှည့်ပါ။

It's your turn to do the dishes.
မင်း ပန်းကန်တွေ ဆေးရမယ့်အလှည့်ပဲ။

It's your turn to water the plants.
မင်း သစ်ပင်တွေ ရေလောင်းရမယ့်အလှည့်။

It's your turn to sing the song.
ဒီတစ်ခါ မင်းသီချင်းဆိုရမယ့် အလှည့်ဗျ။

It's your turn to make the decision.
ဒီတစ်ခါကတော့ မင်းဆုံးဖြတ်ချက်ချရမယ့် အလှည့်ပဲ။

It's your turn to take out the rubbish.
ဒီတစ်ခါ မင်းအမှိုက်ပစ်ဖို့ တာဝန်ကျတယ်။

It’s your turn to cook.
ထမင်းချက်ဖို့ မင်းအလှည့်ကျတယ်။

It’s your turn to sweep the floor.
ဒီတစ်ခါ မင်းတံမြက်စည်း လှည်းရမယ့် အလှည့်။

It’s your turn to give a presentation.
ဒီတစ်ခါ မင်းတင်ပြရမယ့် အလှည့်ပဲ။

It’s your turn to perform.
မင်း ဖျော်ဖြေရမယ့် အလှည့်ရောက်ပြီ။


ဒီလောက်ဆိုရင်ဒီစကားပြောပုံစံလေးကို သေသေချာချာ နားလည်သွားမယ်ထင်ပါတယ်။

ဒီနေ့အတွက်ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
29.8.2024

Keep Reading

"စကားချိုသာလျှင် လိုရာကိုရသည်"Cambridge English Examတက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship