မြသွန်း(တောင်ဒဂုံ)
?ရှာရိုးခန်းလို့ပြောလိုက်တာနဲ့ သူ့ကိုမသိတဲ့သူက မရှ်ိသလောက်ကို ရှားမယ်လို့ထင်ပါတယ်။ အဲ့ဒီလောက်ထိကိုနာမည်ကြီးပြီး Bollywood King လို့တောင်တင်စားခံထားရတဲ့ ရှာရိုးခန်းဟာ တစ်ချိန်တုန်းက လမ်းဘေးမှာအိပ်ခဲ့ရဖူးသလို အဖေ့နာရေးကိုလိုက်ပို့နေတုန်း သူ့မှာပိုက်ဆံမရှိတာကို ကားဒါရိုက်ဘာကသိသွားလို့ လမ်းတစ်ဝက်မှာ ထားခဲ့ခံခဲ့ရဖူးပါတယ်။
?ဒီနေ့မှာဆိုရင်တော့ ရှာရိုးခန်းက ဒီကနေ့အချိန်လို အောင်မြင်မှုရဖို့အတွက် သူဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတဲ့ အကြောင်းရာလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ရှာရိုးခန်းကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ မွေးဖွားခဲ့ပါတယ်။
? အဖေဖြစ်သူက စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီးတော့ အမေက တရားသူကြီးဖြစ်တာကြောင့် အသင့်တင့်ချမ်းသာတဲ့မိသားစုမှာ မွေးဖွားခဲ့တယ်လို့ပြောနိုင်ပါတယ်။ ရှာရိုးခန်းဟာ သူငယ်ငယ်လေးကတည်းက Amitabh Bachchan(အမီသာဘာချမ်း)ရဲ့ရုပ်ရှင်ကားတွေကိုကြည့်ပြီး သူ့ကိုအရမ်းအားကျခဲ့ရတာပါ။
?သူ ဒီမင်းသားလို ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့အကြောင်းကို ကျောင်းမှာပြောပြတဲ့အခါမှာ အတန်းသားတွေကသာမက ဆရာရဲ့လှောင်ပြောင်အထင်သေးခြင်းကိုပါ ခံခဲ့ရပါသေးတယ်။ ဒါမယ့်သူက ဒါတွေကိုမမှုခဲ့ပါဘူး။
?ရှာရိုးခန်းရဲ့မိဘတွေကလည်း သူ့ကိုအားပေးခဲ့ကြပါတယ်။ ဒါမယ့်ကံဆိုးတာတစ်ခုက သူ့အသက်(၁၅)နှစ်အရွယ်မှာပဲ အဖေဖြစ်သူက ကင်ဆာရောဂါနဲ့ဆုံးပါးသွားတာကြောင့် စီးပွားရေးမှာအကြီးအကျယ် ဒေဝါလီခံလိုက်ရပါတယ်။
?အခုလို စီးပွားပျက်လို့ စိတ်ဓာတ်ကျရတာကတစ်ကြောင်း၊ အဖေ့စိတ်နဲ့ဝမ်းနည်းရတာကတစ်ကြောင်း ဒီကြားထဲမှာ အစ်မဖြစ်သူကပါ ငိုလွန်းအားကြီးပြီး စိတ်ကျရောဂါရသွားတာကြောင့် သူတို့မိသားစုအတွက် အတော်လေးဒုက္ခများသွားခဲ့ရပါတယ်။
? အဲ့ဒီနောက်တဖြည်းဖြည်း အတည်တကျဖြစ်လာခါစမှာပဲ အမေဖြစ်သူကပါဆုံးသွားတာကြောင့် ရှာရိုးခန်းရဲ့အစ်မကလည်း ရောဂါအခြေနေ ပိုပိုဆိုးလာခဲ့ပါတယ်။ ဒါကြောင့်ရှာရိုးခန်းက ဒီမြို့မှာဆက်နေရင် အဆင်ပြေမှာမဟုတ်ဘူးလို့တွေးမိတာကြောင့် သူ့အစ်မကိုခေါ်ပြီး မွန်ဘိုင်းမြို့ကိုတက်သွားခဲ့ပါတယ်။
?မြို့ပေါ် ရောက်တော့ အစ်မကိုပြုစုစောင့်ရှောက်ပြီး တစ်ဖက်မှာလည်း သူ့ရဲ့အိပ်မက်တွေကို စတင်အကောင်ထည်ဖော်ပါတော့တယ်။ အခုလိုရုပ်ရှင်လောကထဲ ခြေလှမ်းစတင်ဖို့ ကြိုးစားတဲ့နေရာမှာ အများကြီးအနှိမ်ခံခဲ့ရသလို ဒါရိုက်တာတစ်ယောက်ဆိုရင် ရှာရိုးခန်းကို "မင်းရုပ်နဲ့ဘယ်လိုလို့ မင်းသားဖြစ်နိုင်မှာလဲ" ဆိုပြီး လှောင်ပြောင်ကဲ့ရဲ့ခဲ့တဲ့အထိပါပဲ။
?ဒါမယ့်ရှာရိုးခန်းကတော့ လုံးဝလက်မလျှော့ခဲ့ပါဘူး။ သူ့အတွက် အခွင့်ရေးကောင်းတစ်ခုကိုလိုက်ရှာရင်း ကားခမရှိတော့လို့ လမ်းဘေးမှာအိပ်ခဲ့ရတဲ့နေ့ရက်တွေကိုကျော်လွန်ပြီး နောက်ဆုံး ၁၉၉၂ခုနှစ်မှာ ရုပ်ရှင်ရိုက်ဖို့ အခွင့်ရေးတစ်ခုရိုက်သွားခဲ့ပါတယ်။
?သူက ဒီအခွင့်ရေးကိုကောင်းကောင်းအသုံးချပြီး ကြိုးစားပြလိုက်တဲ့အခါမှာ ဒါရိုက်တာတွေကလည်း သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကို တအားသဘောကျသွားခဲ့ကြပါတယ်။ နောက်ပြီးရှာရိုးခန်းကိုယ်တိုင်ကလည်း သူဘယ်လောက်ပဲအောင်မြင်အောင်မြင် မာနထောင်လွှားခြင်းလုံးဝမရှိတာကြောင့် အားလုံးကလည်း သူ့ကို ချစ်ခင်အားပေးခဲ့ကြပါတယ်။
? ဒီလိုနဲ့နောက်ဆုံးမှာတော့ အခုလိုဒုက္ခတွေကြားမှာ အများရဲ့လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံခဲ့ရတဲ့ ရှာရိုးခန်းတစ်ယောက် အိန္ဒိယရုပ်ရှင်လောကရဲ့ Bollywood King တစ်ယောက်လို့တင်စားခံရတဲ့အထိ အောင်မြင်သွားနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ကြိုးစားမှုတွေရဲ့ရလဒ်ပါပဲ?
မြသွန်း(တောင်ဒဂုံ)
Keep Reading