Author's Profile Photo

Lin Myat

24/08/2024

အိပ်မက်တွေ ဝေဝါးနေပါသလား?

1 min read
Education
General Knowledge
18 Again


ကျွန်တော်ထင်ပါတယ် လူတော်တော်များများဟာ ကိုယ့်အိပ်မက်ကဘာလဲ၊ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကို သိကြလိမ့်မည်မဟုတ်ပါ။အဲ့အထဲမှာ ကျွန်တော်လည်း အပါအ၀င်တစ်ယောက်ပါပဲ။
ဥပမာပြောရရင် ကျွန်တော် G-12တက်နေစဉ်တုန်းက ဦးတည်ချက် ရေရေရာရာမရှိ၊ဟေးလားဝါးလားနဲ့ ခပ်ပျော်ပျော်နေတတ်တဲ့ လူငယ်တစ်ယောက်ပါပဲ။ ကျွန်တော့်အဖြစ်က အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ဦးတည်ချက်မရှိ ဘယ်ကမ်းကို ကပ်လို့ ကပ်ရမယ်မှန်းမသိဘဲ လေယူရာယိမ်းနေတဲ့ လှေငယ်ကလေးနဲ့ပင် တူနေလေတော့သည်။
ဦးတည်ချက်မရှိခဲ့တဲ့ ရလဒ်အနေနဲ့ G-12စာမေးပွဲသာ အောင်ခဲ့ပေမဲ့ ကျွန်တော့်မှာ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေရှိရုံကလွဲရင် ဘာမှဖြစ်မလာခဲ့ပါ။

အဲ့မှာကျွန်တော် စတွေးတယ်။တကယ်လို့များ ကျွန်တော်သာ အစကတည်းက နည်းပညာနဲ့ ပတ်သက်ပြီး အသက်မွေး၀မ်းကြောင်းပြုမယ်လို့ ဦးတည်ချက်တစ်ခုထားခဲ့လျှင် အနည်းဆုံးတော့ ကျွန်တော် စိတ်တွေလေမနေဘဲနဲ့ နည်းပညာတက္ကသိုလ်၀င်ခွင့်ရဖို့ အရည်အချင်းပြည့်မီအောင် ကြိုးစားခဲ့မှာပဲ။ရင်လောက်မှန်းမှ ဒူးလောက်ကျတာ မဟုတ်လား၊ITပိုင်းမရခဲ့ရင်တောင်တောင် ကွန်ပျူတာတက္ကသိုလ်လောက်ကတော့ ပြေးလွတ်မည်မထင်။

အခုများတော့ ရချင်တဲ့အမှတ်ရပစေဆိုတဲ့ စိတ်ကြောင့် ကျွန်တော် ဘာမှ ဖြစ်မလာခဲ့ပါ။သို့သော် အနည်းဆုံးတော့ လူငယ်ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတာက အမြတ်တစ်ခုပဲ မဟုတ်လား။မလိုချင်၊အဖြစ်ချင်တဲ့ အဆိုးတွေနဲ့ ထိပ်တိုက်ကြုံလာရရင်တောင် ကောင်းတာလေးတွေကို မြင်တတ်ပါစေ။

ပြီးတော့ ပညာရေးမှ မဟုတ်ဘူး၊ ဘယ်နယ်ပယ်မှာမဆို ရည်မှန်းချက်ထားပါ။ရပ်နေလို့မရပါဘူး၊စဉ်ဆက်မပြတ်သွားနေမှသာ လမ်းစတွေကို မြင်စမြဲဖြစ်ပါတယ်။

ချက်ချင်းကြီး မဖြစ်နိုင်တဲ့ ဘ၀ရည်မှန်းချင်တွေဆို ဖြေးဖြေးမှန်မှန်နဲ့သာ စသွားပါ။အကောင်း၊အဆိုး‌တွေ အောင်မြင်ခြင်း၊ကျရှုံးခြင်းတွေဟာ အမြဲတစေဖြစ်နေမှာမဟုတ်လို့ ရောက်နေတဲ့နေရာကနေ ဇွဲမလျှော့ဘဲ အကောင်းဆုံးကြိုးစားကြပါ။တစ်ချိန်မှာ ကိုယ့်ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ လူငယ်တွေ ဖြစ်ကြပါစေ။

"အမှန်ဖြစ်ချင် ကြိုးစား အဟုတ်ဖြစ်ကိုဖြစ်ရမယ်"

LLM
24,8,24(Sat)9:25PM

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship