စောမြတ်နွယ်
ဒီနေ့မျှဝေပေးချင်တာက
go နဲ့ တွဲသုံးတဲ့ phrases တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။
?????
go on holiday =အပျော်ခရီးထွက်သည်။
go on a trip= ခရီးထွက်သည်။
go on a tour= အလည်ခရီးသွားသည်။
go on an excursion=လေ့လာရေးခရီးထွက်သည်။
go on a cruise =ပင်လယ်ခရီးထွက်သည်။
နမူနာစာကြောင်းတွေကိုကြည့်ကြရအောင်။
ဥပမာ
We're going on holiday next week.
ကျွန်တော်တို့ နောက်တစ်ပတ် အပျော် ခရီးသွားမလို့။
Are you going on a trip to Pyin Oo Lwin?
မင်း ပြင်ဦးလွင်ကို ခရီးထွက်မလို့လား။
Would you like to going on a tour of the city?
မင်း မြို့ထဲကို အလည်အပတ်သွားချင်လား။
My parents are going on a cruise this summer?
ကျွန်တော်မိဘတွေ ဒီနှစ်နွေရာသီကျရင် ပင်လယ်အပျော်ခရီးသွားမှာ။
?????
go for a walk =လမ်းလျှောက်ထွက်သည်။
go for a run=ပြေးသည်။
go for a swim=ရေကူးသည်။
go for a drink=အရက်သောက်သည်။
go for a meal=အစားအစာ စားသည်။
go for a holiday =အပျော်ခရီးထွက်သည်။
ဥပမာ
Shall we go for a walk in the park?
ငါတို့ ပန်းခြံထဲ လမ်းလျှောက်ထွက်မလား။
The weather is nice. Let's go for a swim.(or Let's go swimming. )
ရာသီဥတုက သာယာလိုက်တာ။ရေသွားကူးရအောင်။
We went for a drink after work yesterday.
ကျွန်တော်တို့ မနေ့က အလုပ်ပြီးတော့ သွားသောက်ခဲ့တာ။
Shall we go out for a meal this evening?
ဒီနေ့ညနေ ငါတို့အပြင်ထွက် စားကြမလား။
I'm going for a holiday next month.
ကျွန်တော်က နောက်လမှာ အပျော်ခရီးသွားမလို့။
သတိပြုရမှာက go on holiday နဲ့ go for a holiday ပါ။
go on နဲ့ holiday ကို တွဲရင် ကြားထဲမှာ article (a) မပါဘူး။
go for နဲ့ holiday တွဲရင် ကြားထဲမှာ article (a)ကို ထည့်ပေးရပါတယ်။
?????
ဒီနေ့အတွက်ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
21.8.2024
Keep Reading