Author's Profile Photo

စောမြတ်နွယ်

20/08/2024

နေ့စဉ်လေ့လာ Englishစာ (51)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ Englishစာ (51)'s photo

ဒီနေ့မျှဝေ ပေးချင်တာက

go နဲ့ တွဲသုံးတဲ့ အသုံးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

go to work =အလုပ်သွားသည်။
go to school =ကျောင်းသွားသည်။
go to university=တက္ကသိုလ်တက်သည်။
go to college =ကောလိပ်တက်သည်။
go to hostipal=ဆေးရုံ တက်သည်။
go to church=ဘုရားကျောင်းသွား/တက်သည်။

?????

နာမူနာ ဝါကျတွေကို ကြည့်ကြရအောင်။
ဥပမာ
I always go to work at half past eight.
ကျွန်တော်က အမြဲတမ်း ၈နာရီခွဲရင် အလုပ်သွားတယ်။

Why don't you go to school?
မင်းဘာလို့ ကျောင်းမသွားတာလဲ။

I want to go to university when I leave school.
ကျွန်တော် ကျောင်းပြီးသွားတော့ တက္ကသိုလ် တက်ချင်တာ။

Mg Mg was in an accident. He had to go to hospital.
မောင်မောင် မတော်တဆဖြစ်လို့။သူ ဆေးရုံတက်ရမှာ။

David always goes to church on Sundays.
ဒေးဗစ်က တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်တယ်။

နေ့စဥ် ပုံမှန် သွားလာလုပ်ကိုင်တဲ့ အရာတွေကို ပြောတဲ့ရေးတဲ့အခါ go toနဲ့ တွဲသုံးရပါတယ်။

?
ဒါပေမယ့်
အိမ်ပြန်သည်ဆိုတဲ့ စကားလုံးမှာတော့ to ကို မထည့်ဘဲ
?go home? လို့ပဲ သုံးရပါတယ်။

ဥပမာ
I'm tired. I'm going home.
ကျွန်တော် ပင်ပန်းနေပြီ။ အိမ်ပြန်တော့မယ် ။

It's late.I must go home now.
နောက်ကျနေပြီ။ ကျွန်တော် အခု အိမ်ပြန်ရတော့မယ်။

နောက်တစ်မျိုးက
go to နောက်မှာ the ထည့်ရတဲ့ ပုံစံ ဖြစ်ပါတယ်။

go to the cinema =ရုပ်ရှင်ရုံ သွားသည်။
go to the theatre=ကဇာတ်ရုံသွားသည်။
go to the bank=ဘဏ်သွားသည်။
go to the post office =စာတိုက်သို့သည်။
go to the doctor =ဆရာဝန်ဆီ သွားသည်။
go to the dentist =ဆေးခန်းသွားသည်။

?????
ဥပမာ
I never go to the theatre but I often go to the cinema.
ကျွန်တော် ကဇာတ်ရုံကို ဘယ်တော့မှမသွားဘူး။ဒါပေမယ့် ရုပ်ရှင်ရုံ ကိုတော့ ခဏခဏသွားတယ်။

I need some money. I must go to the bank.
ကျွန်တော် ပိုက်ဆံနည်းနည်းလိုလို့။ကျွန်တော် ဘဏ်ကို သွားမှရမယ်။

'Are you going to the bank'? 'No, the post office.'
မင်း ဘဏ်သွားမလို့လား။မဟုတ်ဘူး ။ စာတိုက်သွားမလို့။

I'm not feeling well today. I must go to the doctor.
ကျွန်တော်ဒီနေ့ သိပ်နေမကောင်းဘူး။ဆရာဝန်ဆီ သွားမှဖြစ်တော့မယ်။

Have you got a fever.?Yes,I have.I think you should go to the dentist.
မင်းဖျားနေတာလား။ဟုတ်တယ်။
ငါတော့ မင်း ဆေးခန်းသွားသင့်တယ်ထင်တယ်။

တစ်ခု သတိပြုရမှာက ဆေးရုံတက်သည် ဆိုရင် go to hospital လို့သုံးပြီး
ဆေးခန်းသွားသည်၊ဆရာဝန်ဆီ သွားသည်ဆိုရင် go to the dentist /doctor လို့သုံးပါတယ်။

ပထမ? Phrase မှာ (the )မပါပါဘူး။
ဒုတိယ phrase မှာ? the ပါပါတယ်။
အကြောင်းက ပုံမှန်လုပ်နေကျမဟုတ်ဘဲ ခဏတဖြုတ်သွားတာမျိုးဆိုရင် the ထည့်ပြီး သုံးပါတယ်။

အပေါ်က စာကြောင်းမှာ ဆေးရုံတက်တာက အချိန်ကြာနိုင်ပြီးဆေးခန်းသွားပြတာကအချိန်ပိုင်း​လေးပဲဖြစ်တဲ့ အတွက် အသုံးမတူပါဘူး။

ပုံမှန် လုပ်နေကျ ကျောင်းတက်တာ၊အလုပ်သွားတာ အစရှိသဖြင့် အဲ့ဒီလို အရာတွေမှာ (the)မထည့်ပါဘူး။

ဥပမာ
He went to prison in 2004.
သူ ၂၀၀၄ခုနှစ်က ထောင်ကျခဲ့တယ်။(go,went)

ထောင်ကျတာ ဖြစ်တဲ့အတွက် အချိန်ကြာနိုင်တယ်။ဒါကြောင့်မို့ the မပါပါဘူး။

နောက် ဥပမာက
He goes to the prison to see his son.
သူ့သားကို တွေ့ဖို့ သူထောင်ကို သွားတယ်။

ဒီစာကြောင်းမှာ (the) ကို ထည့်သုံးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ထောင်မှာ အကြာကြီး နေမှာမဟုတ်ဘဲ သူ့သားကို ခဏတွေ့အောင်သွားတဲ့အတွက် ဖြစ်တယ်။

?????

ဒီလောက်ဆိုရင် ဒီအသုံးနှစ်ခုကို အတော်လေး နားလည်သွားပြီ ထင်ပါတယ်။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
20.8.2024










Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------