မိုးနှောင်းအလင်္ကာ
လုပ်ချင်တာတွေနဲ့ လုပ်နေတာတွေ တလွဲဖြစ်နေပြီလား!?။ ဘာလို့လွဲနေကြတာလည်းဆိုရင် ကျွန်တော်တို့နည်းလမ်းမှားနေလို့ပါ။မှန်ကန်တဲ့နည်းလမ်းက အလုပ်ဖြစ်မှာသေချာပါတယ်။ ထပ်ခါထပ်ခါ နည်းလမ်းအမှားတွေသုံးပြီး ရှေ့ဆက်လျှောက်နေရင်တော့ လွဲနေအုံးမှာပါဘဲ။
"တစ်ခါက တံငါသည်လင်မယားဟာ ပါဏာတိပါတာ ကံကိုနေ့တိုင်း ကျူးလွန်နေရတာကိုမနှစ်သက်ပေ။ ထို့ကြောင့်စျေးရောင်းလေတယ်။ စျေးရောင်းပြန်တော့လည်း မုသာ၀ါဒ ကံကို အနည်းနှင့်အများတော့ပြောရပြန်တယ်။ အလုပ်ပြောင်းလိုက်လည်း ငါးပါးသောကံ တို့မှ မလွန်ကင်းခဲ့။"
ကျွန်တော်တို့ ဘ၀ မှာလည်း အကြောင်းပြချက် တစ်ခုကြောင့်
ဆက်မလုပ်လိုက်တဲ့ အလုပ်တွေအများကြီးရှိပါတယ်။"တစ်ခါတစ်လေ အကြောင်းပြချက်တွေ ခဏဘေးဖယ်ထားပြီး ငါးရှာရင်း ဆွမ်းလှူလိုက်လည်း အကျိုးမယုတ်ပါဘူး။"
"တစ်ခါက လူငယ်တစ်ယောက်ဟာ ဆောက်လုပ်ရေးအဖွဲ့ထဲမှာလက်သမား၀င် လုပ်ခဲ့တယ်။လက်သမားခေါင်းဆောင်က ဘာလို့ လက်သမား၀င်လုပ်လည်းမေးတော့ အင်ဂျင်နီယာ ဖြစ်ချင်လို့ပါလို့ဖြေသတဲ့။ခေါင်းဆောင်ကြီးက ကျယ်လောင်စွာအော်ရယ်လိုက်ပြီး "လူငယ် အင်ဂျင်နီယာ ဖြစ်ချင်ရင် တိုက်ပုံသွားဆွဲပါ။အဲ့တာမှ အင်ဂျင်နီယာ အလုပ်လို့ ပြောခဲ့တယ်"
ကျုပ်တို့လည်း အင်ဂျင်နီယာဖြစ်ချင်နေပါလျှက် ဘာလို့များ တူနဲ့လွှ ကိုဆွဲကိုင်ချင်နေရတာလည်း။"လုပ်နေတာနဲ့ လုပ်ချင်တာ လွဲနေရင် ဘာမှထူးမှာမဟုတ်ပါဘူး။"
"ခရီးသွားတစ်ယောက်ဟာ လမ်းခရီးမှာ ပစ္စည်းထုပ်အလုခံလိုက်ရတာကြောင့် အဲ့ဒီလူနောက်ကိုလိုက်နေတာသုံးရက်သုံးည ရှိပြီဖြစ်တယ်။ဒါပေမဲ့ အစအနတောင်မတွေ့ရှိရ။ အဲ့တာနဲ့ခရီးသွားလည်း လမ်းမှာတွေ့တဲ့ အဖိုးအိုကို အကြံတောင်းကြည့်တော့ "ငါ့မြေး ဘာသဲလွန်စကိုမှ မတွေ့၊ဘယ်ကိုပြေးမှန်းမသိဘဲ လိုက်ရှာနေတာဟာ ရူးမိုက်တာဘဲ။"
"ပစ္စည်းဥစ္စာဟာ ပြန်ရှာလို့ရပါတယ်။အချိန်ကတော့
ပြန်ရှာလို့မရပါဘူး"
"ယုန်တောင်ပြေးခွေးမြောက်လိုက်မဲ့အစား
အရှေ့ကိုဘာလို့များဆက်မလျှောက်ကြည့်ရတာလည်း"
ဒီလိုပါဘဲ လောကမှာလည်း ယုန်တောင်ပြေးခွေးမြောက်လိုက် တဲ့ သံသယာ ဟာဖြစ်မြဲဖြစ်စဥ်ပါဘဲ။လုပ်ချင်တာနဲ့ လုပ်နေတာလမ်းလွဲတဲ့အခါ ယုန်တောင်ပြေးခွေးမြောက်လိုက်တာနဲ့ ဘာထုူးမှာပါလည်း။ "လမ်းလွဲတဲ့ အထဲကျုပ်တို့မပါဖို့လည်းအရေးကြီးမယ်ထင်တယ်။"
#မိုးနှောင်းအလင်္ကာ
Keep Reading