Author's Profile Photo

စောမြတ်နွယ်

16/08/2024

နေ့စဉ်လေ့လာ Englishစာ (47)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ Englishစာ (47)'s photo

ဒီနေ့ မျှဝေပေးချင်တာက
book နဲ့ဆိုင်တဲ့ idiom လေးတစ်လုံးကို
ပြောပြမှာဖြစ်ပါတယ်။

by the book(idiom)=စာအုပ်ကြီးအတိုင်း

ဒီစကားလုံးကို ဘယ်လိုနေရာမှာ သုံးလဲဆိုတော့ လူတစ်ယောက်က အလုပ်မှာပဲဖြစ်ဖြစ် တစ်ခုခုကို စည်းမျဉ်းစည်းကမ်းအတိုင်း အတိအကျလိုက်လုပ်တယ်ဆိုရင် ဒီစကားလုံးကို သုံးပါတယ်။

နမူနာဝါကျတွေကိုကြည့်ကြရအောင်။

?????
ဥပမာ
My boss insists on doing everything by the book.
ကျွန်တော့်သူဌေးက အရာအားလုံးကို စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဖို့ တောင်းဆိုတယ်။

This is a private deal- we don't have to do everything by the book.
ဒါက ကိုယ်ပိုင် အပေးအယူတစ်ခုပဲ။ကျွန်တော်တို့ နေရာတကာတိုင်းကို စာအုပ်ကြီးအတိုင်း လုပ်နေစရာမလိုဘူး။

He's always careful to do things by the book.
သူက အမြဲတမ်း အရာကိစ္စတွေကို စာအုပ်ကြီးအတိုင်း လုပ်ဖို့ပဲ အာရုံ စိုက်တယ်။

My lawyer always goes strictly by the book.
ကျွန်တော့်ရှေ့နေက အမြဲ စည်းမျဉ်းစည်းကမ်းအတိုင်း အတိအကျသွားတယ်။

I wanted to do everything by the book.
ကျွန်တော်ကတော့ အကုန်လုံးကို စည်းမျဥ်းစည်းကမ်းအတိုင်းပဲ လုပ်ချင်တယ်။

?????

ဒီနေ့အတွက်ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
16.8.2024

Keep Reading

"စကားချိုသာလျှင် လိုရာကိုရသည်"Cambridge English Examတက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship