Author's Profile Photo

Honey cho

12/08/2024

စာလုံးပေါင်းဟာ အသက်လား

1 min read
Education
General Knowledge
18 Again
စာလုံးပေါင်းဟာ အသက်လား's photo

တကယ်တော့ ဟန်နီတို့မြန်မာစာရဲ့အသက်ဟာ spelling လို့ခေါ်တဲ့စာလုံးပေါင်းလို့ပြောလို့ရပါတယ်။ဘာလို့ဆို ဒီစာလုံးတွေပေါ်မူတည်ပြီး အဓိပ္ပာယ်တွေဟာလည်း အများကြီးကွဲပြားသွားနိုင်လို့ပါဘဲ။

ဒါကြောင့်ဒီနေ့မှာတော့ ဟန်နီကမှားလေ့မှားထရှိတဲ့စာလုံးပေါင်းလေးတွေကို ဟန်နီကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ရယ်စရာအဖြစ်ပျက်လေးတွေလည်းအားလုံးကိုမျှဝေပေးချင်ပါတယ်။

တစ်နေ့မှာ ဟန်နီကို ဟန်နီနဲ့အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ကစာပို့လာပါတယ်။ဟန်နီကလည်း ဝမ်းသာအားရဖတ်လိုက်ပါတယ်။သူ့စာက ဘာပြောလဲဆိုတာ ဟန်နီမျက်မှန်ချွတ်ပြီးမျက်လုံးပွတ်ကြည့်ရတဲ့အထိပါဘဲ။

သူ့စာက နှစ်ကြောင်းတည်းပါ။"hi,အမလေး"တဲ့။ပထမစာလုံးက ရှင်းပေမဲ့ဟန်နီကလည်း Venus Libra ပီပီစာလုံးပေါင်းမှားရင် sensitive ဖြစ်ပြီးဘယ်သူ့မှသည်းမခံတတ်တာနဲ့ ဒင်းကတောင်တစ်လုံး၊မြောက်တစ်လုံးနဲ့တိုးတော့တာပါဘဲ။

အစ်မလေးလို့ နောက်ပြောင်ကျီစယ်ခေါ်တာကို သူက စာလုံးပေါင်းမှားပြီးစသတ်ကျန်ခဲ့တော့ အမလေးဆိုတာကoh my god ဆိုတဲ့အဓိပ္ပာယ်ရနေပါတယ်။ဟန်နီတို့ကတော့ အတွင်းသိ၊အဆင်းသိမို့ပြသနာမတတ်ပေမဲ့တခြားသူ၊သူစိမ်းနဲ့ဆိုတော်တော်သူ့ဘာသာစကားကနားလည်ရခက်နိုင်ပါတယ်။

တစ်ချို့အမှားများကြတာကတော့" ခန"နဲ့"ခဏ"ပါတစ်ခါတလေမြန်မာစာကို မြန်မာလူမျိုးတွေအနေနဲ့မှန်ကန်အောင်မပြောနိုင်၊မသုံးနိုင်တာတွေ့တော့အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။

ဒါ့ပြင်မြန်းဂလိလို့ခေါ်တဲ့ မြန်မာနဲ့englishဘန်းစကား slang တွေကိုဟိုမရောက်၊ဒီမရောက်သုံးလာကြတာလည်းတွေ့ရပါတယ်။ဒါကလည်းလုံးဝကို မြန်မာစာရဲ့အနှစ်သာရကို အနည်းနဲ့အများအသုံးပြုပုံ၊ရေးသားပုံရေးသားနည်းတွေမှန်ကန်မှုအတွက် ကိုအဟန့်အတားတစ်ရပ်လိုဖြစ်နေပါတယ်။

နောက်ပြီး သူနဲ့သူမ ပါ။မြန်မာစာမှာသူမဆိုတဲ့ အသုံးအနှုန်းဟာ မသုံးသလောက်ရှားပါတယ်
Eng မှာတော့ he or sheဆိုပြီးgender ကိုတိတိကျကျခွဲနိုင်ဖို့ရာ သူ၊သူမဆိုပြီးဖြစ်လာတာပါ။

နောက်ထပ်အမှားများကြတာကတော့ ပီး နဲ့ပြီးဘဲဖြစ်ပါတယ်။စားပီးလားလို့ မေးရင်‌မှားပါတယ်။ စားပြီးလား ဟုမေးမှမှန်ပါတယ်။ရေးတော့အမှန် ဖတ်တော့အသံဆိုတဲ့အတိုင်း စာရေးရာမှာ စာလုံးပေါင်းသတ်ပုံဟာအမြဲမှန်ဖို့လိုပါတယ်လို့ဟန်နီကတော့ မြင်မိပါတယ်။

"မိန်းခလေး"နဲ့ "မိန်းကလေး"မှာလည်း ကနဲ့ခမကွဲဘဲမှားပြီးသုံးနေကြတာတွေ့ရပါတယ်။မိန်းကလေးက အမှန်ပါနော်။ငါ့ကလေးလေး ဟုရေးရမှာကို ယခုအခါ ခေးဆိုတဲ့ဗန်းစကားကြောင်း ခလေးလို့လူ‌ေတာ်‌ေတာ်များများကထင်နေပုံရပါတယ်။

"အချိုရည်"နဲ့အချိုရေ မှာလည်းရည်ကမှန်ပါတယ်။ရေမဟုတ်ပါဘူး။liquidဆိုတဲ့ အရည်တစ်မျိုးကိုပြောချင်တာပါ။waterဆိုတဲ့ ရေကိုရည်ညွှန်းချင်တာမဟုတ်ပါဘူးနော်။


ဒါကတော့ ဟန်နီရဲ့အတွေးတွေထဲက တစ်ခုကိုအရေးအသားအဖြစ်ပြောင်းလဲပြီး ဟန်နီရဲ့ သဘောကိုမတူညီတဲ့ရှုထောင့်ကနေဝေဖန်လေကန်ပေးတာပါရှင့်။

စာဖတ်သူအားလုံး
ရွှင်လန်းချမ်းမြေ့ကြပါစေ
ဟန်နီချို

Keep Reading

"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လေညင်းတွေဟာ ဘယ်ကလာ