Author's Profile Photo

တင်ညွန့်

12/03/2024

ပရော်ဖက်ရှင်နယ်ဆရာ

1 min read
Education
ပရော်ဖက်ရှင်နယ်ဆရာ's photo


Professional ဆိုသည်မှာ မိမိလုပ်ကိုင်သည့် အလုပ်အပေါ်တွင် အရည်အသွေးပြည့်ဝသူတစ်ယောက် အဖြစ်၊ အမှန်တကယ် တတ်ကျွမ်းနားလည်သူတစ်ယောက်အဖြစ်ကို ပိုင်ဆိုင်နိုင်စေရန် လုပ်ဆောင်ခြင်း ဆိုသည့် သဘောဖြင့် သုံးစွဲကြသည်။

ဆရာလောကတွင် ပရော်ဖက်ရှင်နယ်ဆိုသည်မှာ (getting paid for what they do) ဆိုသည့် သဘော ဖြင့်လည်း သုံးစွဲကြကြောင်းတွေ့ရသည်။ အမှန်တကယ်တတ်ကျွမ်းပြီး၊ မိမိတတ်ကျွမ်းသလောက် ကြိုးစား အားထုတ်ပြနိုင်သူဖြစ်သောကြောင့် ထိုက်တန်စွာဖြင့် အကျိုးရရှိခံစားသူများဟူ၍လည်း ဆိုကြသည်။ ဆရာ အလုပ်ကို တကယ်လုပ်ပြီး၊ အဟုတ်ခံစားနိုင်ခွင့်ရှိသူများကို ပရော်ဖက်ရှင်နယ်များဟု ဆိုနိုင်ပါသည်။

ဆရာလောကတွင် ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်ရန်အတွက် ဆရာ့လုပ်ငန်းဆိုင်ရာ သင်တန်း၊ လက်မှတ်၊ အရည်အချင်းစစ်ဆေးမှုတစ်ခုခုကို ကျော်ဖြတ်အော်မြင်ရရှိထားသူတစ်ဦး ဖြစ်ရန်လိုပါသည်။ ရှေ့နေ တစ်ဦးသည် ရှေ့နေလိုက်ရန်အတွက် ရှေ့နေအဖြစ် အသိအမှတ်ပြုရမည့် ဘွဲ့လက်မှတ်၊ ပညာအရည်အချင်း၊ လက်တွေ့သင်တန်းဆင်းပြီးမှ ဖြစ်လာရသလို၊ ဆရာဆိုသည်မှာလည်း ပရော်ဖက်ရှင်နယ်အဖြစ် ခံယူရန် အတွက် ဆရာလိုင်စင် တစ်ခုခုရှိထားမှ အချို့သောနိုင်ငံများက ဆရာအဖြစ် လက်ခံကြသည်။

ပရော်ဖက်ရှင်နယ်တစ်ဦးသည် အားလုံးထက်သာအောင်လုပ်ပြနိုင်သူဖြစ်သည်။ သူတို့သည် ကိုယ့်ကိုယ် ကိုယ်လည်း အကောင်းဆုံး၊ အတော်ဆုံးဖြစ်အောင် လုပ်သူများဖြစ်သလို၊ သူတို့ တာဝန်ယူထားသည့် လုပ်ငန်းများကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြနိုင်သူများဖြစ်သည်။

ပရော်ဖက်ရှင်နယ်ဆရာဆိုသည်မှာလည်း ထိုနည်းအတိုင်းဖြစ်သည်။ ကိုယ်တိုင် အမှန်တကယ် တော်သလို၊ တတ်သလို၊ မိမိတို့တပည့်များကို မိမိထက် တော်အောင်၊ တတ်အောင် သင်ပြပေးနိုင်စွမ်းရှိမှ ပရော်ဖက်ရှင် ဟု သတ်မှတ်ရမည်ဖြစ်ပါသည်။

ပရောဖက်ရှင်တစ်ယောက်ဖြစ်ရန် ဆရာတစ်ယောက်သည် သင်ယူမှု (Learning) ကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသူများဖြစ်ရသည်။ သုတေသနအမြဲလုပ်နေရသည်။ ခေတ်ကို မျက်ခြည်မပြတ် တစ်ထပ် တည်းကျအောင် လိုက်ပါစီးဆင်းနိုင်ရသည်။ ပညာရေးနှင့် ပတ်သက်သမျှသင်တန်း၊ ဆွေးနွေးပွဲတိုင်းလိုလိုကို စိတ်ပါဝင်စားစွာ တက်ခြင်း၊ ပူးပေါင်းပါဝင် ဝင်ရောက်ဆွေးနွေးခြင်း၊ အကြံဉာဏ်များ ရယူရန် အမြဲအားထုတ် ခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်နေသူဖြစ်သည်။

ပရောဖက်ရှင်နယ်ဆရာတစ်ယောက်သည် မိမိကိုယ်မိမိအမြဲဝေဖန်ဆန်းစစ်နေတတ်သည်။ ငါဘာလုပ်သင့် သနည်း။ ငါ့သင်ကြားမှု ထိရောက်ပါ့မလား။ ငါ့သင်ကြားမှု၏ ရလဒ်က ကောင်းပါ့မလား။ သူတို့ဆီက ဘာများ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်သလဲ စသည်ဖြင့် အမြဲဆန်းစစ် နားစွင့်နေတတ်သည်။

ပရော်ဖက်ရှင်နယ်ဆရာတစ်ယောက်သည် သူ့ရာထူးဖြင့် ကျောင်းသားကို မလွှမ်းမိုး။ သူ့လုပ်ဆောင်နိုင်စွမ်း ဖြင့် ကျောင်းသားကို လွှမ်းမိုးနိုင်အောင် အားထုတ်သည်။ ကြောက်အောင်မသင်။ ချစ်အောင်သင်ပြတတ်သူများ ဖြစ်သည်။

(Photo Credit: Teacher Magazine)

တင်ညွန့်

၁၁.၃.၂၀၂၄

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------