ကိုခန့်

လွမ်းလိုက်တာ နွေရယ်.....
ရိုးတံပြိုင်းပြိုင်း ပင်အိုတွေရယ်
မြေပေါ်သက်ဆင်း ကြွေကျနေတဲ့ ရော်ရွက်ဝါတွေရယ်
မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ လေပွေရူးရယ်
လေအဝှေ့မှာ ခွင့်မတောင်းဘဲ နှာခေါင်းထဲအတင်းတိုးဝင်လာတဲ့ တမာရနံ့တွေရယ်
တိတ်ဆိတ်ငြိမ်သက်လွန်းလှတဲ့ နွေနေ့ခင်းတွေရယ်
အို.... အများကြီးပါပဲ....
မင်းရဲ့ လွမ်းဆွတ်မှု သရုပ်ကို ဖော်ကျူးနေကြသူတွေ
မင်းရဲ့ အထီးကျန်ခြင်း ပန်းချီကားကို မွမ်းမံနေသူတွေ
စုံလို့ပါဘဲ....
ငါလေ တစ်ခါတလေတွေးမိတယ် သိလား...
ဒါတွေကပဲ မင်းကို လွမ်းဆွတ်စေတာလား
ဒါမှမဟုတ် လွမ်းဆွတ်ခြင်းကပဲ မင်းရဲ့ရပ်တည်မှုလို ဖြစ်နေတာလားပေါ့...
ဒါပေမယ့် သေချာပါတယ်
မင်းကပဲ ငါ့ကိုလွမ်းတတ်စေခဲ့တဲ့ တစ်ဦးတည်းသောသူဆိုတာ....
******
ကိုခန့်
Keep Reading