စာကြမ်းပိုး
တိုင်းလုံးကျော် ၀တ္ထုတိုများ -ရန်အောင်
စာမျက်နှာ ၁၈၀ ၊ ပထမအကြိမ် ၊ စိတ်ကူးချိုချို
ဆရာကြီး ဦးရန်အောင်ရဲ့၀တ္ထုတို၁၁ ပုဒ်ကို စုစည်းထုတ်ဝေးထားခြင်းဖြစ်ပါတယ်။
ပထမဆုံး နှစ်ပုဒ်ဖြစ် တဲ့" မေတ္တာ " နဲ့ "တမလွန်" နှစ်ပုဒ်ရဲ့ မတူညီတဲ့ ရေးဖွဲ့ပုံနှစ်မျိုးကို သဘောကျခဲ့မိရပါတယ်။ " တမလွန်"၀တ္ထုမှာ ရေးထားတဲ့ စိတ်ကူးတွေကိုဖတ်ကြည့်မိပြီး ရေးတတ်တဲ့သူတွေကျတော့လည်း စကြ၀ဠာကြီးကို စိတ်ကူး လှည့်ပတ်နေတာကိုတောင် စိတ်၀င်စားဖို့ကောင်းအောင်ရေးနိုင်တာပဲလို့ တွေးမိခဲ့ပါတယ်။
"လူပြန်တော်" ဆိုတဲ့ ၀တ္ထုမှာ ဆရာကြီးငွေဥဒေါင်းနဲ့အပြန်အလှန်ပေးပို့တဲ့ စာလေးကလည်း ပြုံးချင်စရာလေးမို့ မှတ်မှတ်ရရဖြစ်ခဲ့တယ်။ နိုင်ငံရေးသမား တွေရဲ့ အပြောတမျိုး ၊ အလုပ်တမျိုးရှိတတ်ပုံကို တိုင်းလုံးကျော် ၀တ္ထုနဲ့ သရော်ခဲ့တယ်လို့လည်းထင်မိခဲ့ပါတယ်။
"တန်ခိုးရှင်" ဆိုတဲ့ ၀တ္ထုမှာပါတဲ့စာလေးတခုလည်းအတော်သဘောကျခဲ့တယ်။ မခံမရပ်နိုင်အောင်နာနေတဲ့သူကို အဲ့ဒီဝေဒနာ မခံစားရအောင် သဘာ၀တရားကြီးက သတိမေ့ပေးလိုက်တယ်။ ပြီးတော့ သားသေ ၊ လင်ဆုံး၊ ကြွေးတင် ၊ ကုန်ရှုံး လိုအင်ဆန္ဒမပြည့်၀လို့ အကြီးအကျယ်စိတ်ညစ်နေတဲ့သူတွေကို သက်သာခွင့်ရအောင် သဘာ၀တရားက ရူးပေးလိုက်တယ်..ဆိုတဲ့ စကားလေးပါ။ အတိအကျတော့မဟုတ်ပါဘူး။ကျွန်မမှတ်မိသလောက်ပါ။ ရှုထောင့်အသစ်ကနေ အမြင်တခုရလိုက်တယ်လို့ ခံစားခဲ့ရလို့ပါရှင့်။
၀တ္ထု တစ်ပုဒ်ချင်းစီကနေ မတူညီတဲ့ အတွေးတစ်ခုစီရရှိခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်ရှင့်???။
ဝတ်မှုံလေး (စာကြမ်းပိုး)
https://youtube.com/@wuthmonelay-sarjapoe
Keep Reading