SarPhat Author
ဆရာညီပုလေးရဲ့အကောင်းဆုံးလက်ရာပေါ့
ဝတ္ထုဆန်ဆန်နဲ့လူတစ်ယောက်ရဲ့အထ္ထုပ္ပတိကိုရေးထားခြင်းဖြစ်ပါတယ်
အဲ့သူကဘယ်သူလဲဆိုတော့ နာဂသိန်းလှိုင်လို့အမည်တွင်တဲ့ဆရာဝန်တစ်ယောက်အကြောင်း
ဆရာကြီးရဲ့စွန့်လွှတ်အနစ်နာခံမှု နဲ့ ငါမှန်ရင်ဘယ်သူ့ကိုမှကြောက်စရာမလိုဘူးဆိုတဲ့ စိတ်ကိုပေါ်လွင်အောင် ရေးဖွဲ့ထားတယ်
ဦးနေဝင်းခေတ် တော်လှန်ရေးကောင်စီခေတ်ကိုအဓိကဖတ်ရမှာပေါ့ဗျာ
နောက်ပြီး မဖွံ့ဖြိုးသေးတဲ့ ချင်းပြည်နယ် နာဂတောင်တန်းဒေသအကြောင်း
နာဂဒေသဖွံ့ဖြိုးအောင် ဆရာကြီးရဲ့စွမ်းဆောင်ချက်တွေအကြောင်းလည်းပါတာပေါ့ဗျာ
ရိုးသားလွန်းလှတဲ့ နာဂတိုင်းရင်းသားတွေကိုမြင်ရမှာပါ
ဒီစာအုပ်ကနေ နာဂရိုးရာအကြောင်းကိုတော့ လေ့လာမိမှာပါ
နောက်ပြီးဆရာကြီးရဲ့ ရဲရဲတောက်စိတ်ဓာတ်ကိုလဲ အတုယူမိမှာပါ
#review
Keep Reading