Author's Profile Photo

Tainlwhar

6/08/2024

"ကျွန်မကဗျာတွေကို မကြိုက်ဘူး"

1 min read
Poetry
"ကျွန်မကဗျာတွေကို မကြိုက်ဘူး"'s photo


ကဗျာတွေဟာ ပဟေဠိဆန်တယ်။
ကဗျာတွေဟာ နွဲ့နှောင်းတယ်။
ကဗျာတွေဟာ သီကုံးရခက်တယ်။
အဲ့ဒီလိုပဲ...ကဗျာတွေဟာ နားလည်ရလည်းခက်တယ်။
ကဗျာတစ်ပုဒ်ကို အဓိပ္ပါယ်ပြန်ဆိုဖို့ဆိုတာ မလွယ်ဘူး။
တစ်ချို့ကဗျာတွေက သူတို့ရဲ့ဆိုလိုရင်းအမှန်ကို ရေးသူတွေကလွဲရင် ဘယ်သူမှအတက်မသိနိုင်ကြဘူး။

ဒါကြောင့် ကျွန်မကဗျာတွေကို မကြိုက်ဘူး။

ဒါပေမဲ့...
ကဗျာတွေဟာ ဆန်းကြယ်တယ်။
ကဗျာတွေဟာ အနှစ်သာရကြွယ်ဝတယ်။
ကဗျာတွေဟာ အဆင့်မြင့်တယ်။
ကဗျာတွေဟာ လူတစ်ယောက်ကို အတွေးခေါ်ကောင်း ဒါမှမဟုတ်
နူးညံ့သိမ်မွေ့တဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။
ကဗျာတစ်ပုဒ်မှာ အလွယ်တကူဖော်ပြလို့မရတဲ့ ခံစားချက်တွေနဲ့ပြည့်နှက်နေတတ်တယ်။
ဒါကြောင့် ကဗျာတစ်ပုဒ်ထဲကနေ ရသပေါင်းများစွာကိုလည်း ရရှိစေနိုင်တယ်။

ဒါတွေကပဲ တခြားစာပေအဖွဲ့အနွဲ့တွေနဲ့မတူဘဲ ကဗျာကို ပိုပြီးအဆင့်အတန်းမြင့်မားတဲ့စာအဖြစ် သတ်မှတ်ကြရတဲ့အကြောင်းရင်းတွေလို့ထင်မြင်မိတယ်...?

#Tainlwhar

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်