စောမြတ်နွယ်
ဒီနေ့မျှဝေပေးချင်တာက
It may surprise you, but…
ငါ ပြောရင် မင်း အံ့သြသွားလိမ့်မယ်......
ဆိုတဲ့ အသုံးလေးကို မျှဝေပေးချင်ပါတယ်။
ဒီအသုံးလေးကို ဘယ်လိုသုံးလဲဆိုတာ နမူနာ စာကြောင်းတွေကိုကြည့်ကြရအောင်။
?????
ဥပမာ
It may suprise you,but he was once in prison.
သူ ထောင်တစ်ကြိမ်ကျဖူးတယ်လို့ဆိုရင် မင်းအံ့သြသွားလိမ့်မယ်။
It may surprise you, but I paid off all the debts in a year.
ငါ အကြွေးတွေအားလုံးကို တစ်နှစ်အတွင်း ဆပ်ပြီးသွားတယ်လို့ဆိုရင် မင်းအံ့သြ သွားလိမ့်မယ်။
It may surprise you, but he refused my proposal.
သူက ငါ့ရဲ့ အကြံပြုချက်ကို ငြင်းပယ်လိုက်တယ်လို့ပြောရင် မင်းအံ့သြ သွားလိမ့်မယ်။
It may surprise you, but I bought all these books for 20 Yuan.
ဒီစာအုပ်တွေအားလုံးကို ယွမ် ၂၀နဲ့ဝယ်ခဲ့တယ်လို့ပြောရင် မင်းအံ့သြ သွားလိမ့်မယ်။
It may surprise you, but he’s just been promoted to manager.
သူက မန်နေဂျာရာထူးတိုးသွားပြီလို့ပြောရင် မင်းအံ့သြ သွားလိမ့်မယ်။
?????
ဒီနေ့ရဲ့မျှဝေမှုကဒီလောက်ပါပဲရှင်။
English စာဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
2.8.2024
Keep Reading