Author's Profile Photo

WANA THU

24/07/2024

Can't Hurt Me

1 min read
Life Style
Book Review
18 Again
Can't Hurt Me's photo

Book Name - Can't Hurt Me ( Master Your Mind and Defy the Odds )

Author - David Goggins

PDF - https://t.me/black_white_Library/17279 ( ဘာသာပြန်အနှစ်ချုပ် )

Can't Hurt Meစာအုပ်ဟာ အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်ဟောင်း David Goggins ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ လောကဓံကို ရင်ဆိုင်ပုံတွေအကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

David Goggins ဟာ တခြားလူတွေလို အပူအပင်ကင်းတဲ့ ကလေးဘဝကို ဖြတ်ကျော်ခဲ့ရတာမဟုတ်ပါဘူး။ သူရယ်, သူ့ အမေရယ်, သူ့အစ်ကိုရယ်ဟာ အာဏာရှင်ဆန်ပြီး အနိုင်ကျင့်နှိပ်စက်တတ်တဲ့ ဖခင်ရဲ့လက်ထဲမှာ ကြီးပြင်းခဲ့ကြရတာကြောင့် ငယ်ငယ်တည်းက လောကကြီးရဲ့ ရက်စက်မှုတွေကို ခံခဲ့ရတယ်လို့ ပြောရပါလိမ့်မယ်။

ဒီသက်ရောက်မှုတွေဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံးကို အချိန်အတော်ကြာစိုးမိုးနေခဲ့တာကြောင့် Goggins ဟာ ဘဝပန်းတိုင်ပျောက်ပြီး နာကျည်း ချက်တွေ ပြည့်နှက်နေတဲ့ လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ လေတပ်ထဲဝင်ပြီး စစ်မှုထမ်းခဲ့ပေမယ့် လေ့ ကျင့်ရေးကို ပြီးဆုံးအောင်မလုပ်နိုင်တာကြောင့် ဆေးခွင့်ယူပြီး ထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ စားသောက်ဆိုင်တွေမှာ ပိုးသတ်ဆေးဖြန်းတဲ့ အလုပ်ကိုလုပ်ပြီး ဖြစ်သလိုစား ဖြစ်သလိုနေနဲ့ပဲ ဘဝကို ဖြတ်သန်းခဲ့ပါတော့တယ်။

ဒါပေမယ့် Navy SEAL တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းတမ်းဆုံး လေ့ကျင့်ရေးဖြစ်တဲ့ “Hell Week” အကြောင်းကို TV မှာ ကြည့်မိချိန်ကစပြီး သူ့ဘဝကိုသူပြန်ဆွဲတင်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ရရှိလာခဲ့ပါတယ်။

Goggins ဟာ ပြင်းထန်လှတဲ့ Hell Week လေ့ကျင့်ရေးကို သုံးကြိမ်တိုင်တိုင် အောင်မြင်ခဲ့ သလို၊ မာရသွန်ပြေးပွဲတွေနဲ့ အကြမ်းခံအားကစားနည်းတွေမှာလဲ စံချိန်သစ်တွေရေးထိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Goggins ဟာ လက်လျှော့အရှုံးပေးချင်စိတ် ပေါ်လာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆူဆဲမာန်မဲပြီး၊ အားနည်းချက်တွေကိုပြင်ဆင်နိုင်အောင် နာကျင်မှုတွေ ကြားထဲကနေ မဆုတ်မနစ် ကြိုးစားတတ်တဲ့ လူတစ်ယောက်ပါ။

ဒီစာအုပ်မှာ Goggins ဟာ သူ့ဘဝတစ်လျှောက် ကြုံတွေ့ခံစားခဲ့ရတဲ့ ခက်ခဲမှုတွေကိုရော၊ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တဲ့ ကိုယ့်ကိုယ် ကိုယ် ထိန်းချုပ်မောင်းနှင်မှု နည်းဗျူဟာတွေကိုပါ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြထားတာကို ဖတ်ရှုလေ့လာကြရမှာ ဖြစ်ပါတယ်။

စာရေးသူ David Goggins ဟာ Navy SEAL ရဲ့ အငြိမ်းစား တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ မာရသွန်ပြိုင်ပွဲ, စက်ဘီးစီးပြိုင်ပွဲနဲ့ အကြမ်းခံအားကစားနည်းတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူဟာ အီရတ်စစ်ပွဲအတွက် တာဝန်ထမ်းခဲ့သလို စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်ပေါင်းများစွာကိုလဲ ရရှိခဲ့သူလဲ ဖြစ်ပါတယ်။

Can't Hurt Me စာအုပ်ရဲ့ အနှစ်ချုပ်မှတ်စုကို အခန်း (၃) ခန်းခွဲပြီးရေးသားထား ပါတယ်။

ပထမခန်း : လူငယ်ဘဝ၏ အတွင်းအပြင် မကောင်းဆိုးဝါး များ

ဒုတိယခန်း : စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း

တတိယခန်း : ရှုံးနိမ့်မှုများကို ခွန်အားအဖြစ် ပြောင်းလဲခြင်း

ကျွန်တော့်သူငယ်ချင်းတွေကြားမှာလည်း Popular ဖြစ်နေတဲ့ အထုပ္ပတ္တိစာအုပ်ကောင်းလေးတစ်အုပ်မလို့ အချိန်နာရီဝက်လောက်ပေးပြီး သွားရောက်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရောင်နီ ( Book Review Sharing )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)