Default Profile Photo

SarPhat User

19/07/2024

" ထူးမြတ်သောနေ့ "

1 min read
Poetry
" ထူးမြတ်သောနေ့ "'s photo

'' ထူးမြတ်သောနေ့ ''
ဇူလိုင် ဆယ့်ကိုး မိုးတွေရွာ
အာဇာနည်နေ့ပါ။
ပြည်သူတွေ အသည်းထဲ
မမေ့နိုင်တဲ့ နေ့တစ်နေ့ပဲ။
စပ် ၊ ရာ ၊ ချို ၊ မြ ကျဆုံးကာ
မန်း ၊ ဝင်း ၊ အုန်း ၊ ထွေး
အောင်ဆန်းပါ။
နိုင်ငံအတွက် အသက်ကိုပေး
ရဲစွမ်းသတ္တိသွေး။
ပြည်သူတွေမှာ ငိုလိုက်တာ
ယူကျုံးမရပါ။
သူတို့အတွက် ကျင်းပပေး
အာဇာနည်နေ့ အခမ်းအနားလေး။
အာဇာနည်နေ့ ကျင်းပတာ
နှစ်ခုနစ်ဆယ် ပြည့်ပြီပါ။
ယနေ့တိုင် ကျင်းပဆဲ
ထူးတဲ့ဒီနေ့ပဲ။

- ယနေ့ဆို ဗိုလ်ချုပ် နှင့်တကွ အာဇာနည်တွေ ကျဆုံးခဲ့တာ (၇၇)နှစ်တောင် ရှိခဲ့ ပြီ။

- ပြည်သူတွေရဲ့ နှလုံးသည်းပွတ်ထဲမှာ အာဇာနည်ကိုးဦးလုံးရဲ့ အမည်နာမ နဲ့ အနိဌာအာရုံမြင်ကွင်းတွေက ဇူလိုင်ဆယ့်ကိုးရောက်တိုင်း ဝမ်းနည်းမှုနှင့်အတူ သတိရအောက်မေ့ လွမ်းဆွတ်နေကြဆဲ။

- မိုးဒေဝါကလည်း ဇူလိုင်ဆယ့်ကိုးရောက်တိုင်း သူ့တာဝန်ကို အပြည့်အဝတာဝန်ထမ်းဆောင်ဆဲ။

- အာဇာနည်ဗိမာန်ရှေ့က အရောင်သွေးစုံလှတဲ့ လွမ်းသူပန်းခွေတွေဟာလည်း အာဇာနည်ကိုးဦးလုံးကို ဂါရဝပြု အလေးပြုနေဆဲ။

- ဆယ်နာရီ သုံးဆယ့်ခုနစ်မိနစ်ရဲ့ ဥသြဆွဲသံဟာလည်း အာဇာနည်နေ့ရဲ့ လွမ်းဆွမ်သတိရမှု ပြယုဂ်ဖြစ်နေဆဲ။

# ယနေ့ 19.7.2024 မှာ ကျရောက်တဲ့ ( ၇၇ )နှစ်မြောက် အာဇာနည်နေ့ကို အ‌ပေါ်က ကဗျာလေးနဲ့ပဲ အာာဇာနည်
ကိုးဦးလုံးကို အလေးပြု ဂါရဝဦးညွှတ်လိုက်ပါတယ်။

( ကဗျာလေးက ကျွန်တော် ကိုးတန်းအရွယ်လောက်က နှစ် (၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား အတွက် ကျောင်းမှာ ကဗျာပြိုင်ပွဲလုပ်ခဲ့တုန်းက ဝင်ပြိုင်ခဲ့ပြီး ဒုတိယဆုရခဲ့တဲ့ ကဗျာလေးပါ။ကျတော့ဘဝမှာ ပထမဆုံးကိုယ်တိုင်ကဗျာစရေးခဲ့တဲ့အချိန်မှာ ပထမဆုံးအကြိမ်ဆုရခဲ့တဲ့ ကဗျာလေး။)

Keep Reading

အထီးကျန်နန်းကျဘုရင်စက်ဆုပ်ခြင်း နိယာမအဆင်ပြေသွားမှာပါဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)