နွယ်ငြိမ်းလင်းပွင့်
မေမေ့စကား၊ သူတို့နားထောင်
မေမေ စေရာ လုပ်မယ့် လူသား
သူတို့လေးတွေ။
အပိုစကား၊ ချွဲချွဲနွဲ့နွဲ့ မတတ်ပြီမို့
ကွေ့ဝိုက်စကား ချော့မော့ရမှာ
စိမ်းလှသည်လေ ဒီဖေဖေ။
ပွတ်တီးတွယ်တာ၊ အနေနီးနီး
မနေမိလို့၊ သူတို့လေးတွေ
မတွယ်တာလား။
ဖေဖေ့ထဲလည်း ဒီအချစ်ပဲ
မေတ္တာပေါ်ကို ပျားရည်မစမ်း
မမြင်သာတောင် ခံစားကြည့်ပါ
ကလေးတို့ရယ်။
6.7.20 (Mon)
Keep Reading