Author's Profile Photo

နှင်းရိပ်

19/07/2024

"အာဇာနည်နေ့ တို့မမေ့" (၇၇ ကြိမ်မြောက်)

1 min read
History
"အာဇာနည်နေ့ တို့မမေ့"
(၇၇ ကြိမ်မြောက်)'s photo

"အာဇာနည်နေ့" ဟု ဆိုလိုက်လျှင် မြန်မာတစ်နိုင်ငံသားလုံး မမေ့နိုင်သော အမှတ်တရတခုသည် ရင်ထဲစွဲကျန်နေသော‌ေန့ တနေ့ဖြစ်‌ေနပါလိမ့်မည်။အာဇာနည်နေ့သည် နှစ်စဉ် ဇူလှိုင်လ ၁၉ရက်နေ့ ရောက်တိုင်း အခမ်းအနားကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အနှံ့ ကျင်းပကြသည့် မြန်မာတို့၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါသည်။မြန်မာတို့၏ မမေ့နိုင်သော နေ့တနေ့ဟုလည်း ဆိုလို့ရပါသည်။မြန်မာနိုင်ငံ ရန်ကုန်မြို့ ၊ ၁၉၄၇ခုနှစ် ဇူလှိုင်လ ၁၉ရက်နေ့တွင် ကျဆုံးခဲ့သော မြန်မာနိုင်ငံ၏ ဖခင်ဟု တင်စားခေါ်ဝေါ်ကြသော "ဗိုလ်ချုပ်အောင်ဆန်း" အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်။ထိုနေ့ကို အမြဲသတိရလျက် "အာဇာနည်နေ့" ဟု သတ်မှတ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်ပါသည်။

အာဇာနည်ကိုးဦးမှာ ဒီဒုတ်ဦးဘချို၊သခင်မြ၊ဦးရာဇတ်၊ဦးဘဝင်း၊မန်းဘခိုင်၊စဝ်စံထွန်း၊ဦးအံုးမောင်၊ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်ကိုထွေးတို့ ဖြစ်ကြပါသည်။အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ၁၉၄၇ခုနှစ်၊ဇူလှိုင်လ၁၉ရက် နံနက်( ၁၀နာရီ ..၃၇မိနစ် )ချိန်ဖြစ်သည်။
နိုင်ငံတော်အကျိုးအတွက် လူမျိုးအကျိုးကိုအံ့မခမ်းသယ်ပိုးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရဲစွမ်းသတ္တိကိုယ‌နေ့ခေတ်ကာလ လူငယ်များကလည်း အထူးတလည်သတိပြုအားကျအတုယူဖွယ်ခံစားမိကြစေ

အာဇာနည်(၉)ဦး၏ အမည်နှင့် ထိမှန်ခဲ့သော ကျည်အရေအတွက်မှာ….

၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ – ၁၉၄၇) ၁၃ ချက်
၂။ သခင်မြ (၁၈၉၇ – ၁၉၄၇) ၂ ချက်
၃။ ဒီးဒုတ်ဦးဘချို (၁၈၉၃ – ၁၉၄၇) ၅ ချက်
၄။ ဦးရာဇတ် (၁၈၉၈ – ၁၉၄၇) ၆ ချက်
၅။ ဦးဘ၀င်း (၁၉၀၀ – ၁၉၄၇) ၈ ချက်
၆။ စဝ်စံထွန်း (၁၉၀၇ – ၁၉၄၇) ၂ ချက်
၇။ မန်းဘခိုင် (၁၉၀၃ – ၁၉၄၇) ၁၅ ချက်
၈။ ဦးအုန်းမောင် (၁၉၀၃ – ၁၉၄၇) ၅ ချက်
၉။ ရဲဘော်ကိုထွေး (၁၉၂၉ – ၁၉၄၇) ၄ ချက်

ထို့ကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် မည့်သည့်အကြောင်း၊မည်သည့်အချိန်မ‌ျိုးမဆို အာဇာနည်နေ့ကို မမေ့မလျော့ အမြဲသတိရလျက် ဆက်လက်ထိန်းသွားရမည်ဖြစ်ပါသည်။ပြည်ပသို့ရောက်နေ့ကျသော မြန်မာပြည်သူများနှင့်ပြည်တွင်းတွင်ရှိသော မြန်မာလူမျိုးတို့သည် မည့်သည့်အချိန်မျိုးမဆို အမြဲစည်းလုံးလျက် အရာအားလုံးကိုအတူတကွကျော်လွှား၍ အရင်က အေးချမ်းသော၊လွှတ်လပ်သောမြန်မာနိုင်ငံသို့ ရောက်ရှိအောင် လက်တွဲကြပါဆို့ဟု တိုက်တွင်းလျက် ဒီဆောင်းပါးလေးကို နိဂုန်းချုပ်အပ်ပါသည်။


စာရေးသူကလောင်အမည်
နှင်းရိပ်
19.7.2024

Keep Reading

အဖေကို ဘာကြောင့်မုန်းတာလဲပြည်ထောင်စုနှင့်စာပေဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲDelayed fear realizationဒီကဗျာလေး ဖတ်ကြည့်ပါညဆိုဇင်နစ်ဇင်၏ ညာဘက်လက် အတိတ်ဟောင်းပြည်သူ့နီတိပညာ သင်ကြားမှုအား လေ့လာဆန်းစစ်ခြင်း (၁) ----------------------------------------------------------အသက်တွေ ကြီးလာသည့်အခါ --------------------------------