Author's Profile Photo

အက္ခရာ - Haruki

11/07/2024

စာရေးဆရာကောင်း

1 min read
Education
General Knowledge
Art
စာရေးဆရာကောင်း's photo

လူတိုင်းစာမတတ်ကြတာကို ကျွန်တော်လက်ခံပါတယ်။

ဒါပေမယ့် အများစုကတော့ စာတတ်ကြတယ်။ စာတတ်တဲ့သူတိုင်းလည်း စာဖတ်တတ်ကြတယ်။ စာဖတ်သူတိုင်းကတော့ စာရေးဆရာတစ်ယောက်ဖြစ်မလာနိုင်တာကို သိထားစေချင်ပါတယ်။ ဒီလိုပါပဲ စာရေးဆရာဖြစ်တဲ့သူတိုင်း စာရေးဆရာကောင်းဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

စာရေးဆရာကောင်းဆိုတာ တန်ဖိုးရှိတဲ့စာရေးဆရာကိုဆိုလိုတာဖြစ်တယ်တဲ့။ ဒီလိုဆိုရင် စာရေးဆရာတစ်ဦးရဲ့တန်ဖိုးကို ဘယ်လိုတိုင်းတာမလဲ၊ ဆန်းစစ်ကြမလဲခင်ဗျာ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တချို့စာရေးဆရာတွေက စာအုပ်ပေါင်းများစွာရေးသားနိုင်ကြပါတယ်။ တချို့ကျပြန်တော့ ရောင်းအားကောင်းတဲ့ စာရေးဆရာတွေဖြစ်ကြပါတယ်။ ဒီလိုဆိုရင် ဘယ်လိုစာရေးဆရာက တန်ဖိုးရှိပါသလဲ။

စာအုပ်တွေအများကြီး တစ်အုပ်ပြီးတစ်အုပ် တရစပ်ရေးသားနိုင်တဲ့စာရေးဆရာဟာ စာရေးဆရာကောင်းလား၊ ဒါမှမဟုတ် ရောင်းအားကောင်းစာရေးဆရာက စာရေးဆရာကောင်းလား ဆိုတာ မေးစရာရှိပါလိမ့်မယ်။

စာအုပ်တွေအများကြီး ရေးသားထုတ်ဝေနိုင်တာဟာ အားကျစရာတစ်ခုပါပဲ။ ဒါပေမယ့် အနှစ်ရှိတဲ့ စာပေကောင်းတော့ ဖြစ်ဖို့လိုပါသေးတယ်။ ပြောရမယ်ဆို "အရေအတွက်ထက် အရည်အချင်းကအဓိကကျတယ်"ဆိုသလိုပါပဲ။

တချို့က စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပြီဆိုတာနဲ့ စံချိန်တင်ရောင်းအားကောင်းကြတယ်။ စာမူခတွေအများကြီးရကြတယ်။ (စာရေးဆရာအများစုကတော့ မရကြပါဘူး။) ဒီလို Best seller စာရေးဆရာဟာ "စာရေးဆရာကောင်းလား" လို့ထင်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။

ဆရာနောင်ရိုးပြောပြချက်အရဆိုရင်တော့ "လူသားတွေရဲ့ဘဝကို ဘယ်လောက်ထိ ခံစားနားလည်ထားသလဲ" ဆိုတဲ့အချက်ကပဲ စာရေးဆရာကောင်း ဟုတ်၊ မဟုတ်ကို တိုင်းတာတယ်တဲ့။

စာရေးကောင်းသူဟာ စာရေးကောင်းသူသက်သက်ပါပဲ။ စာရေးကောင်းရုံနဲ့ စာရေးဆရာကောင်းတစ်ဦးမဖြစ်နိုင်ပါဘူးခင်ဗျာ။

စာရေးဆရာကောင်းတစ်ဦးဆိုတာ ကိုယ်ရေးသားမယ့်အကြောင်းအရာကို ကိုယ်ကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိနေရမယ်။ ကိုယ်သုံးမယ့်ဘာသာစကားကိုလည်း အကျွမ်းတဝင်ရှိနေရမယ်။ လူသားတွေရဲ့ သဘော၊ သဘာဝကို ရှုထောင့်မျိုးစုံကနေ ခံစားနားလည်မြင်နိုင်စွမ်းရှိနေရမယ်။ ဇာတ်ကောင်အပေါ်မှာလည်း စိတ်ရင်းစေတနာမှန်ရပါတယ်။

ဒီလိုမှပဲ စာရေးဆရာကောင်းတစ်ဦးအနေနဲ့ ရှင်သန်ရပ်တည်နိုင်မှာပါ။ စာရေးဆရာဆိုတာ စာရေးတတ်ရမယ်တဲ့။ စာရေးချင်တဲ့အခါ စာရေးတာနဲပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာတွေကို လေ့လာထားရပါမယ်။ စာဖတ်တတ်ရန်ခက်တယ်။ စာရေးတတ်ဖို့က ပိုပြီးခက်တယ်။ စာရေးဆရာကောင်းဖြစ်ဖို့ဆိုရင် အခက်ဆုံးပါ။

စာရေးခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာတွေကို လေ့လာတဲ့အခါ သင်တန်းတက်တာ၊ စာအုပ်ဖတ်တာ၊ အတွေ့အကြုံတစ်ခုကို ဝေဖန်ဆန်းစစ်တာ၊ အဖြစ်အပျက်တစ်ခုကို ဝင်ပြီးခံစားကြည့်တာတွေပါပါတယ်။ ဒါပေမယ့် ဒီအရာတွေနဲ့တော့ မလုံလောက်သေးပါဘူး။

စာရေးဆရာဖြစ်ဖို့၊ တစ်နည်းအားဖြင့် စာရေးဆရာကောင်းဖြစ်ဖို့ကြိုးစားနေတဲ့သူတွေအနေနဲ့ မြင်ဆရာတစ်ဦးဦးတော့ရှိဖိုလိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လာလေ့လာကြည့်ရမယ်။ ကိုယ်ရေးသားလိုတဲ့ စာပေအမျိုးအစားကိုလည်း နားလည်ရမယ်။ ကိုယ်နှစ်သက်တဲ့ စာရေးဆရာတစ်ဦးဦးကို စံထားအတုယူရမယ်။

အဲ့ဒီစာရေးဆရာရဲ့ စာတွေကိုဖတ်ပြီး အရေးအသားတွေကို စနစ်တကျမှတ်သားလေ့လာရမယ်။ တချို့သော စကားစု၊ အတွဲအယှက်တွေကို ပြန်ပြီးဖြေကြည့်ရမယ်။ ဝါကျတည်ဆောက်ပုံတွေကို အတုယူရေးကြည့်ရပါမယ်။

စာရေးနည်း၊ စကားလုံးရွေးနည်း၊ ဝါကျတည်ဆောက်နည်း၊ ခေါင်းစဥ်ပေးနည်း၊ ငြိလုံးသွင်းနည်း၊ ထေ့လုံးသုံးနည်း၊ အားပြိုင်မှုထည့်နည်း စတာတွေကို လေ့လာသင်ယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် စာရေးဆရာကောင်းတစ်ဦးရဲ့တန်ဖိုးဖြစ်တဲ့ "လူသားတွေရဲ့ဘဝကို ဘယ်လောက်ထိ ခံစားနားလည်ထားသလဲ" ဆိုတဲ့အချက်ကိုတော့ သင်ယူဖို့ခက်ခဲပါတယ်။

နဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲသူများပြောတိုင်းမယုံနှင့်စာသင်ကျောင်းသည် မြင်းဇောင်းမဟုတ်ထင်ရာမြင်ရာ ဝင်ပါကြသောအခါတက်ညီလက်ညီ ပန်းတိုင်ဆီသို့My Life Notesပညာရှိတို့စကား မှတ်သားစရာကဲ ဘာလုပ်ကြမလဲ

Unlock to read this premium article with 10 points.