SarPhat Author
တစ်ခါငိုရင် မျက်ရည်ဘယ်လောက်ကျသလဲ ။မျက်ရည်တစ်ခါကျရင် ဘယ်လောက်ကြာသလဲ ။ ကြာချိန်တွေသတ်မှတ်ပြီး ငိုနေဦးမလား။ ကျဆင်းသွားတဲ့ မျက်ရည်တွေဟာ အချစ်ကြောင့်ဖြစ်ချင်ဖြစ်မယ် စိတ်အဆင်မပြေလို့ဖြစ်ချင်ဖြစ်မယ် အတိတ်ထဲမှာပိတ်မိနေလို့ဖြစ်ချင်ဖြစ်မယ် ပျော်တာလည်းဖြစ်မယ် ကျဆုံးတာလည်းဖြစ်မယ် ။ ဘာကြောင့်ပဲငိိုငို တစ်ခါငိုရင် ကျလာတဲ့မျက်ရည်ကို ဘယ်အရာတွေနဲ့သုတ်မလဲ ။ တစ်ခါသုံး တစ်သျှူးတွေကို သတိတရရှိနေပေမယ့် ငါ့လက်ဖဝါးနုနုကိုတော့နင်မေ့နေလောက်ပါပြီး။
ပိုင်ဆိုင်ခြင်းက ငါတို့နဲ့မသက်ဆိုင်ဘူးလို့ ထင်လာတဲ့အခါ ဝေးကွာခြင်းတွေက ငါတို့နဲ့ အတူရှိနေမှာကို နင်သတိရပါ။ တစ်ခါတစ်လေ သိမြင်စေချင်ရုံ သက်သက်နဲ့ ချစ်ခွင့်ရချင်မိတာလေးပါ။ စိတ်လိုလက်ရ နမ််းရှိုက်ခွင့်မရှိတော့တဲ့ နင့်နဖူးကလေး အခုဆို တခြားသူများ နမ်းရှိုက်နေမလား။ စိတ်ပူတာ.....
အများကြီးမရှိဘူး။ အများကြီမနီးကပ်ခဲ့ကြဘူး။ အများကြီးထိတွေ့တာတွေမရှိခဲ့ဘူး။လူချင်းလည်းမတွေ့ခဲ့ဘူး။ နှလုံးသားရဲ့ ချစ်စိတ်တွေကြောင့် ငါတို့ စွဲလမ်းပြီးအရူးအမူးချစ်ခဲ့ကြတယ်။ အတိတ်ဆိုတာ လူတိုင်းအတွက် နောင်တတွေရှိမယ်။ မေ့မရတဲ့အမှတ်တရတွေရှိမယ်။ နားမလည်ခဲ့တဲ့နေ့ရက်တွေရှိမယ်။ ရပ်တန့်လိုက်ရတဲ့ဆက်ဆံရေးတွေရှိမယ်။ အတိတ်မှာမကောင်းခဲ့တာတွေက ယခုလက်ရှိမှာ အရာရာ ကောင်းဖို့ကြိုးစားသွားကြတာပါပဲ။ သေချာတာတစ်ခုကတော့ ငါတို့အတိတ်မှာ ချစ်ခဲ့ကြတယ်ဆိုတာ။
ကြိုးတစ်ချောင်းလို မပြတ်တောက်ခဲ့တော့
ငါတို့ဟာ ကြာမျှင်လိုပဲဖြစ်ခဲ့ကြတယ်။ ဝေးသွားတာလေးတစ်ခုပဲ သံယောဇဉ်အမျှင်ကလေးတွေ
အငွေ့အသက်တွေတော့ အခုထိ နင့်စီမှာရောငါ့စီမှာရော ကိုယ်စီရှိကြဦးမှာပါ။ မဆုံချင်လို့မှမဟုတ်တာ ထပ်ခါတစ်လဲလဲ နာကျင်မှုဒဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရတာလေ ထပ်နာကျင်ဖို့ကိုလည်းကြောက်တယ်။ထပ်ပြီးထားခဲ့ခံရမှာကိုလည်းကြောက်တယ်။နင်မရှိရင်နေသားတကျနဲ့ နေ့ရက်တွေမှာ အဆင်မပြေလည်း အဆင်ပြေဟန် နေခဲ့ရတယ်။ လမ်းခွဲတဲ့နေ့ကဆို မျက်ရည်တွေက ဘာကြောင့်ကျနေတာလည်းဆိုတာမသိဘူး။ မျက်ရည်ဆိုတာဘာလည်းလို့ ငါလိုက်မေးနေမိတယ်။မျက်ရည်ထဲက ကျလာလို့မျက်ရည်လ်ို့ခေါ်တာလား။ မချစ်လို့မှ မဟုတ်တာ။ နင်နဲ့ထပ်လွဲရမှာ ငါကြောက်တယ်။
-Joy (ဘုန်းမိုးသွန်း)
Keep Reading