SarPhat Author
လူတွေဟာ သိပ်သနားဖို့ ကောင်းတယ်။ လူတွေဟာ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ ကျွန်တော်တို့ တွေ့ဆုံခြင်းတိုင်းက ခွဲခွါခြင်းနဲ့ အဆုံးသတ်သွားရတယ်။ မပြီးဆုံးနိုင်တဲ့ စိတ်ခံစားမှု ပင်လယ်ကြီးမှာ ကျွန်တော်တို့ဟာ ရွက်လွင့်နေကြရတယ်။ ခဏတာ နေရချိန်အတွင်းမှာ ခေါင်းပေါ်ကို မလိုအပ်တဲ့ ပြဿနာတုယောင်တွေ ဘယ်လောက်များ တင်ပြီး စိတ်ဆင်းရဲနေကြမလဲ။ သနားမှု ရှေးရှုမလား၊ တကိုယ်ကောင်းမှု ရှေးရှုမလား ဘယ်သူရွေးမှာလဲ။ သေဆုံးခြင်းဟာ ကျွန်တော်တို့ရဲ့ အဆုံးသတ်ပဲလား။
-မောင်ကိုး
(၂၂.၀၆.၂၀၂၄)
Keep Reading